×

Warning

JUser: :_load: Unable to load user with ID: 540


အပူချိန်မြှင့်တက်မှုကြောင့် ဒူးရင်းသီးစားသုံးသူများအတွက် သတိပြုရန်သတိပေးထား

ဒူးရင်းသီးစားသုံးခြင်းသည် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေသဖြင့် ရာသီဥတုပူပြင်းချိန်တွင် စားသုံးပါကကျန်းမာရေးထိခိုက်နိုင်သဖြင့် သတိထားကြရန် ဆရာဝန်များက သတိပေးထားပါတယ်။

 

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထွက်ကုန်တစ်ခုဖြစ်တဲ့ ဒူးရင်းသီးစားသုံးခြင်းကို ရာသီဥတုပူပြင်းနေတဲ့အချိန်တွင် သတိပြုကြရန် ထိုင်းနိုင်ငံမှ တိုင်းရင်းဆေးစင်တာရဲ့ ဥက္ကဖြစ်သူ ဒေါက်တာဆာဖွန်ရိထရာဆ က သတိပေးပြောကြားခဲ့ပါတယ်။

 

ဒေသတွင်း အပူချိန်မြင့်တက်နေချိန်တွင် ကလိုရင်းပါဝင်မှုမြင့်တဲ့ ဒူးရင်းသီးကို များစွာစားသုံးခြင်းဖြင့် ဖျားနာခြင်း၊ သွေးတိုး၊ နှလုံးရောဂါရှိသူများ ပိုမိုဆိုးရွားစေခြင်းတို့ကို ဖြစ်စေနိုင်တယ်လို့သိရပါတယ်။

 

Read More >>>>>  သက်သတ်လွတ် ရဲယိုရွက် ပဲပြားပေါင်းထုပ်

 

အခုလို အပူချိန်မြင့်မားနေတဲ့ ရာသီဥတုမှာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးစေနိုင်တဲ့ ရေဓါတ်ပါဝင်မှု့များတဲ့ အခြားသစ်သီးဝလံများကို ပိုမိုစားသုံးသင့်တယ်လို့ ဆရာဝန်များက အကြံပြုပြောကြားထားခဲ့ပါတယ်။

 

Source: ytvmm

Read times Last modified on Tuesday, 23 April 2019 11:08
Rate this item
(1 Vote)