×

Warning

JUser: :_load: Unable to load user with ID: 540


နေပူပူမှာ ရင်ကိုအေးငြိမ်းစေတဲ့ မန်ကျည်းဖျော်ရည်

မိတ်ဆွေတို့ရေ ဂတ်စ်တွေနဲ့ သကြားဓာတ်အများအပြားပါဝင်တဲ့ အအေးတွေက သောက်လို့ကောင်းပေမယ့် ကျန်းမာရေးနဲ့တော့ လုံးဝဆန့်ကျင်ဖက်ပါပဲ။ ဒီအအေးတွေကို ရေရှည်သောက်သုံးရင် ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဆိုးကျိုးတွေဖြစ်လာမှာအသေချာပါပဲ။

 

ဒါကြောင့် မြန်မာ့ရိုးရာအစဉ်အလာရှိပြီး အမူးအမောပြေစေတဲ့ မန်ကျည်းဖျော်ရည်လေးအကြောင်းကို လေ့လာတဲ့အခါမှာ အရသာတင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တာကိုလေ့လာတွေ့ ရှိရပါတယ်။

 

မန်ကျည်းဖျော်ရည်မှာ Antioxidants နဲ့  Carotenes ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ကိုလက်စထရောတွေများတာကြောင့် သွေးလွှတ်ကြောတွေကျဉ်းလာတာတွေကို လျော့ချပေးနိုင်သလို နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

Read More >>>>> သက်သတ်လွတ် ရဲယိုရွက် ပဲပြားပေါင်းထုပ်

 

ထို့အပြင် Carotenes ဓာတ်၊ ဗီတာမင်စီနဲ့ အခြားသဘာဝဓာတ်အာဟာရတွေ ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေနဲ့ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

 

ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်တာကြောင့် သွေးတိုးကျစေလို့ သွေးတိုးရောဂါရှိသူတွေ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။

 

မန်ကျည်းဖျော်ရည်က ဝမ်းမှန်စေတာတော့ လူတိုင်းသိကြပါတယ်။

 

အစာခြေစနစ်ကိုကောင်းမွန်စေလို့ ဝမ်းချုပ်တတ်တဲ့လူတွေအတွက်တော့ မန်ကျည်းဖျော်ရည်ကမရှိမဖြစ်ပါပဲ။

 

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဝမ်းမှန်လို့ အသားအရေကြည်လင်စေတဲ့အပြင် နေလောင်ဒဏ်၊ အသားရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်တာတွေနဲ့ ဆံပင်ကျွတ်တာတွေကိုလည်း ကာကွယ်ပေးပါသေးတယ်။

 

ကဲ.....ဒါဆိုရင် မိတ်ဆွေတို့လည်း ဒီကနေ့ကနေစပြီး မန်ကျည်းဖျော်ရည်သောက်ဖို့ အဆင်သင့်ပြင်လိုက်ကြပါစို့။

Read times Last modified on Tuesday, 23 April 2019 13:14
Rate this item
(1 Vote)