×

Warning

JUser: :_load: Unable to load user with ID: 540


အာရုံကြောအားကောင်းစေတဲ့ ပဲကောသီးပင် ( ခေါ်) နှစ် ၁ဝဝ သီး ၏ အကျိုးကျေးဇူးများ

အရသာရှိသော ပဲကောသီးကို Gingko biloba ဆိုသောအပင်ကရပါသည်။ Ginkgo အပင်တွေသည် long-living, deciduous tree အသက်ရှည်ပြီး ရာသီအလိုက် အရွက်ကြွေသော အပင်ကြီးမျိုးဖြစ်သည်။

 

ကမ္ဘာဦးအစကတည်းက ရှင်သန်ခွင့်ရခဲ့သော သက်တန်းရှည်လှသည့် အပင်ကြီးဖြစ်သည်။ Ginkgo trees တွေရဲ့ မူရင်းဒေသက East Asia ဖြစ်ပါသည်။ ဘယ်က အစပြုခဲ့သလဲ ဆိုလျှင် တရုတ်ပြည်ရှိ တောနက်ကြီးတွေက အစပြုခဲ့ပုံရသည်။

 

Ginkgo အပင်တွေ ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်ဖို့လည်း အထူး လိုအပ်လှပါသည်။ တစ်နေ့က post တခုတွင် Ginkgo ပင်တွေစိုက်ထားသော တရုပ်နိုင်ငံက ရွာလေးတရွာအကြောင်းဖတ်ရသည်၊ အစေ့ထုတ်ပုံကြည့်ဖို့ နိုင်ငံခြားသားတွေ တကူးတက လာကြည့်ကြရသည်၊ ရွာသူရွာသားတွေလည်း အလုပ်အကိုင် ဝင်ငွေလည်းရ သဘာဝပတ်ဝန်းကျင် လည်းထိမ်းသားဖြစ်သည့် Eco tourism. အစီစဉ်ကောင်းတခုဖြစ်သည်။

 

Ginkgo အပင်တွေကို အေးမြသောတောင်ပေါ်ဒေသများတွင်သာ စိုက်ပျိုးလို့ရမှာပါ၊ ဒီအပင်ကို လူ့သမိုင်း အစောဆုံး ကာလတွေကတည်းက အစား အသောက်အနေနဲ့သာမက တိုင်းရင်းဆေး အတွက်ပါရည်ရွယ်စိုက်ခဲ့ကြပါသည်။ Ginko ပင်ဟာအပင်ကြီးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ပေ တရာကျော်မြင့်ပါတယ်၊အပင်က နှင်းနဲ့ လေပြင်းတိုက်တာကို ခံနိုင်ရည်ရှိပါတယ်။ အပင်နုစဉ် ကိုင်းဖြာမှုနဲပြီး ရှည်မြောသောပုံဖြစ်ပေမဲ့ အသက်ကြီးလာသည်နှင့်အမျှ အပင်က ဘေးဖက်ကိုကားလာပြီး crown ပုံစံဖြစ်လို့လာပါသည်။ နွေဦးကာလမှာတော့ Ginkgo. အရွက်လေးတွေက တောက်ပသော အ၀ါရောင် ပြောင်းလို့ လာနေပါသည်။ ရောဂါဒါဏ် အင်းဆက်ပိုးမွှားဒါဏ်ခံနိုင်ရည်ရှိသောအပင်ဖြစ်ပြီး အချို့သော အပင်များမှာ ၂၅၀၀ နှစ်လောက်ရှင်သန် တယ်လို့ မှတ်တမ်းများအရသိရပါသည်။

 

Ginkgo ပင်၏ အရွက်များကတော့ အထူးခြားဆုံးပါပဲ ယပ်တောင်ပုံစံ လေးရှိပြီး ရွက်ကြော veins များက ထင်ရှားပါသည်။ ရွက်ကြောဖြာပုံက ၂ခွဖြာ ပုံစံ bifurcating ပုံစံပါ၊ ဒီ ရွက်ကြောဖြာပုံဟာ အလွန်ရှေးကျလွန်းသော premitive characters ဖြစ်ပါသည်။ အများစုက ၄လက်မလောက်ရှိပေမဲ့ တစ်ခါတစ်ရံ ၆လက်မထိရှိတတ်ပါသည်။


အထူးခြားဆုံးအချက်ကတော့ Ginkgo ပင်လေးတွေက အဖိုပင် သတ်သတ် အမပင်သတ်သတ် ရှိတာပါ၊ အဖိုပင်က pollen cone လေးတွေထုတ်ပေမဲ့ အမပင်ကတော့ cones မထုတ်ပါဘူး၊ Ginkgo အပင်တွေသည် ဘယ်သောအခါမှပန်းပွင့်ခြင်းမရှိသည့် Gymnosperms “အစေ့ဖော်ပင်” အနွယ်ဝင် အပင်တွေဖြစ်သည်၊ ထို့ကြောင့်လည်း ပဲကောအစေ့ကို အစေ့အိမ်နံရံဖြင့်ဝန်းရံမထားပါ၊ အမပင်ကသီးသောအရာသည် အကယ်စဉ်စစ် အသီး မဟုတ်ပါ၊ အစေ့သာဖြစ်သည်၊ ထိုအစေ့တွင် အခွံ ၂ ခုရှိသည်။ နူးညံ့ပြီးအရည်ရွှမ်းသောအပြင်ခွံ soft and fleshy section (the sarcotesta) နှင့် မာသော အတွင်းအခွံ hard section (the sclerotesta) တို့ဖြစ်သည်။ နူးညံ့သော အပြင်ခွံမှ နှစ်လိုဖွယ်ရာ မရှိသော ရနံ့ကိုထုတ်လေ့ရှိသည်။ ဝတ်မှုံကူးပြီးရင် အစေ့လောင်း ၂ ခုက ရိုးတံအခြေမှာ ရှိနေတာပါ။ အစေ့မှာပြင်ပ အလွှာ sarcotesta ပါပြီး light yellow brown အရောင်ပါ။ နူးညံ့ပြီး butyric acid ထုတ်ပေးသည်။ ရနံ့က ဆီချေးစော်နံသော ထောပတ်ရနံ့ဖြစ်ပြီး အနံ့ဆိုးလှသည်။

 

အမပင်တွေရှိနေလျှင် အသီးမှည့်တွေ၏ ဆိုးဝါးလှတဲ့အနံ့ နှင့် အစေ့အမှည့်က ထွက်သော အရေတွေက မြို့ပြကို ညစ်ပေစေသည်။ ဒါ့ကြောင့်လည်း အလှစိုက်သူတွေက အဖိုပင်ကိုမှ သီးသန့် ရွေးချယ်စိုက်ကြသည်။ ဥယျာဉ်စိုက်ပျိုးသူတွေက အစေ့တွေကိုသာ စိုက်ရင် အမပင်တွေပါလာမှာ စိုးလှသည်။ ထို့ကြောင့် male Ginkgo အပင်ကနေ ကိုင်းကူး ကိုင်းဆက်နည်းနဲ့ အဖိုပင်တွေချည်း ပေါက်ဖွားလာအောင်ကြံဆောင်ခဲ့ကြသည်။

 

Read More >>>>>  ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး

 

အမ ginkgo အပင်တွေအပေါ်မှာ ဘဲဥပုံ သို့မဟုတ် လုံးဝန်းသောပုံစံရှိသည့် အရည်ရွှမ်းသည့် အသီးပုံစံ အစေ့ တွေကို အကိုင်းတွေပေါ်မှာ အစုလိုက် သီးလေ့ရှိပါသည်။ အရွယ်ကတော့ small jujube (Chinese date) ဇီးသီး အရွယ်လောက်ဖြစ်ပါသည်။ အစေ့ပုံစံ အသီးရဲ့ အပြင်ခွံ exocarp က ရနံ့ပြင်းသော အနှစ် pulp ရနံ့ရှိပြီး ရုက္ခဗေဒလို assarcotesta လို့ခေါ်ပါသည်။ အခွံမာဖြင့်ဖုံးကာထားသော တစ်ခုတည်းသော အစေ့ထဲမှာ စားလို့ရ သည့် edible embryo (kernel) ကိုတွေ့ရမှာပါ။ အတွင်းက အဝါရောင် အစေ့ကိုဘဲ စားသုံးကြပါသည်။

 

တရုတ်ရိုးရာ ယဉ်ကျေးမှုမှာ ပဲကောစေ့တွေ စားရင် ကျမ်းမာရေးအတွက် အကျိုးရှိတယ်လို့ ယုံကြည်ထားကြသည်။ Ginkgo nuts တွေကို congee မှာသုံးကြသည်။ နောက်ပြီး တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် တွေမှာလည်း အမှတ်တရစားသုံးဖို့ ချက်ပြုတ်ကြပါသည်။  အချို့ ကလည်း သူ့မှာ aphrodisiac qualities ရှိတယ်လို့ သတ်မှတ်ထားကြပါသည်။ ဂျပန် အစားအသောက်တွေမှာ ginkgo seeds တွေထည့်ချက်ထားကြပြီး အစေ့ကို ginnanလို့ ခေါ်ကြသည်။

 

Ginkgo ပင်လေးတွေက လေထုညစ်ညမ်းမှု လျော့နည်းစေတယ် မြေဆီလွှာလည်း ခိုင်မြဲစေသည်။၊ Urasenke ကျောင်းရဲ့ Japanese tea seremony မှာ Ginkgo အရွက်လေးက symbol ဖြစ်နေပါသည်။ မြန်မာပြည်မှာ ပိတောက်က national flowers ဖြစ်သလို တရုပ်ပြည်မှာ Ginkgo က national tree ဖြစ်ပါသည်။ တရုတ်ပြည်မှာတော့ လွန်ခဲ့သော လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ကတည်းက temples တွေမှာ စိုက်ခဲ့ကြပါသည်။ Korea နဲ့ Japan မှာလည်းစိုက်ခဲ့ကြပါသည်။ Ginkgo leaves ရဲ့ extracts မှာ flavonoid, glycosides နဲ့ terpenoids တွေပါတယ်၊ အာရုံကြောနဲ့ဆိုင်သော ရောဂါတွေ ကုသရာမှာသက်ရောက်မှုရှိပါသည်။ အဓိကကတော့ memory and concentration ehancer, anti vertigo agent အနေနဲ့သုံးခဲ့ကြပါသည်။

 

အငြင်းပွားစရာ အချို့ သုတေသနတွေမှာ Ginkgo extract က လူသားတွေရဲ့ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းစေတယ်၊ oxidative cell damage တွေကို ကာကွယ်ပေးတယ် cardiovascular, renal, respiratory နဲ့ central nervous system တွေနဲ့ဆက်နွယ်သော platelet activating factors အပေါ်သက်ရောက်တယ်၊အခြားသော ဆေးဝင်မှုတွေကအများကြီးပါ၊ ရေးလို့မကုန်နိုင်အောင်ပါပဲ။

 

အများစုက Ginkgo အပင်နဲ့ ပဲကောသီးကို ဆက်စပ် တွေးမိကြပုံမရပါ၊ သီးသန့်သာ တွေးမိကြပါသည်။ ယခုအခါ မြန်မာပြည်မှာ Ginkgo အပင်အငယ်လေးတွေကို ဝယ်ယူလို့ ရနေပါပြီ။ အလှအပအနေနဲ့လည်း စိုက်ပျိုးနေကြပါပြီ၊၊ ကျွန်တော်တို့ ကျောင်းသားဘဝက Ginkgo ပင်ကိုတွေ့ချင်လျှင် မေမြို့ ရုက္ခဗေဒဥယျာဉ်ဆီ သွားရောက် လေ့လာရပါသည်။ တစ်ပင်ထဲသော Ginkgo ပင်ကိုကြည့်ရင်းအံ့သြခဲ့ဖူးသည်၊ သူက အပင်ထက် သက်ရှိရုပ်ကြွင်း Living fossile တပင်လို့သာ တင်စားမိသည်အထိဖြစ်ပါသည်။ ထိုစဉ်က ဆရာကြီးပြောပြလို့ မှတ်ဉာဏ် ကောင်းတယ်ဆိုပြီး အရွက်လေးတွေ ကောက်ခဲ့ဖူးသည်၊ အခုအခါတွင်မူ Fame မှ အာရုံကြောအားကောင်းဆေးအဖြစ်အရွက်မှ ဆေးထုတ်ယူကာရောင်းချနေပြီဖြစ်သည်။

 

Ginkgo အပင်အကြောင်းကို Ginkgo အပင်အောက်မှာ ရှင်းပြဖူးခဲ့သော ဆရာကြီး ဒေါက်တာတင်မြင့်၊ ဆရာကြီး ဦးခင်မောင်တင် တို့ကား မရှိတော့ဘီ၊ သို့သော်လည်း ကမ္ဘာ့ အသက်အရှည်ဆုံး Ginkgo အပင်ကြီးကား ရှင်သန်ဆဲ ရွက်နုတွေဝေနေဆဲ ဖြစ်ပါသည်။

 

Source : ကိုသက်နိုင်ဦး

Read times Last modified on Monday, 24 June 2019 10:19
Rate this item
(1 Vote)