×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်

အဆာပြေလုပ်စားနိုင်ပြီး ကလေးရောလူကြီးပါ အကြိုက်တွေ့စေမယ့် ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်ဥ၊ ငါးဖယ်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ မုန်လာဥနီ၊ ဂျုံမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးဖယ်ခြစ်ထောင်းထားတဲ့အထဲကို ကြက်ဥနှစ်၊ ဆား၊ ကြက်သားမှုန့်၊ ဂျုံ အနည်းငယ်ထည့်ပြီး သမအောင် ရောမွှေပေးပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီအနည်းထည့် ဆီပူလာလျှင်ကြက်ဥနှစ်ကို ဆားထည့်၍ အပြားဖြစ်အောင် ကြော်ပေးထားပါ။  ပြီးနောက် ကြက်ဥကြော်ထားတဲ့အထဲသို့ ငါးဖယ်၊ မုန်လာဥနီ၊ နံနံပင်၊ ကြက်သွန်မြိတ်တို့ကို ထည့်လိပ်ပေးပါ။  

 

Read More >>>>>  Spicy Hot Pot ဆိုင်သစ်ဖွင့်လှစ်

 

ပြီးနောက် ဂျုံမှုန့်၊ ဆား၊ ရေအနည်းထည့်ပြီး ပျစ်ပျစ်ဖျော်၍ ကြက်ဥအလိပ်ပေါ်သို့ လောင်းချလိုက်ပါ။

 

ပြီးလျှင် ကြက်ဥအလိပ်ကို ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ဆီထဲသို့ထည့်၍ ကြော်ပေးထားပါ။

 

ပြီးနောက် ကြော်ပြီးသား ငါးဖယ်အစာသွပ်ကြက်ဥလိပ်ကြော်ကို အပိုင်းလေးများလှီးဖြတ်၍ အဆာပြေအဖြစ် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

# Myanmar Food Industry Directory (WWH)

Read times Last modified on Monday, 22 July 2019 15:37
Rate this item
(0 votes)