×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ မြန်မာ့ဆန် တင်ပို့သူများအတွက် စည်မျဉ်းစည်းကမ်းများ သတ်မှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုရဲ့ အကျိုးဆက်အဖြစ် တရုတ်နိုင်ငံသို့ ကိုတာစနစ်(အခွန်သက်သာခွင့်) နဲ့ ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် တစ်သိန်း တင်ပို့ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့

တရုတ်နိုင်ငံအစိုးရအဖွဲ့ မှ တာဝန်ရှိသူတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

 

ဒါ့ကြောင့် တရုတ်နိုင်ငံကို ဆန်တင်ပို့သူများအနေနဲ့ မြန်မာနိုင်ငံဘက်က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်များနဲ့ တရုတ်နိုင်ငံဘက်က စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာကြဖို့ လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

တရုတ်နိုင်ငံကို ဆန်တင်ပို့မယ့် Exporter ကြီးများဟာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင်ဖြစ်ဖို့ လိုအပ်ပြီး ပြည်တွင်း၊ ပြည်ပ ဆန်စပါးဈေးကွက်မှာ အရောင်းအဝယ်အတွေ့အကြုံရှိသူ ဖြစ်ရပါမယ်။ ဒါ့ပြင် ကုမ္ပဏီပိုင်ဆန်စက် (သို့) သိုလှောင်ရုံ ရှိဖို့လည်း လိုအပ်ပြီး အကယ်၍ ကိုယ်ပိုင်ဆန်စက်၊ သိုလှောင်ရုံမရှိပါက အခြား ဆန်စက်၊ သိုလှောင်ရုံ ပိုင်ရှင်နဲ့ ပူးပေါင်းဆောင်ရွက်ရန် (MOU) ရေးထိုးထားပြီး ရှိဖို့လိုအပ်ပါတယ်။

 

ဆန်တင်ပို့ရန်အဆိုပြုထားတဲ့ ဆန်စက်သိုလှောင်ရုံဟာ လက်ရှိ ပုံမှန်လည်ပတ်နေပြီး Third Party ရဲ့ စစ်ဆေးမှုကို ခံယူနိုင်ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ချုပ်ဆိုထားတဲ့ SPS Protocol ပါသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်နိုင်တဲ့ ကုမ္ပဏီဖြစ်ရန် လိုအပ်ပါတယ်။ တရုတ်နိုင်ငံဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများလည်း ရှိပါတယ်။

 

တရုတ်နိုင်ငံသို့ တင်ပို့မယ့် ဆန်များဟာ ထိန်းချုပ်ပိုးမွှားများ ကင်းစင်ရမှာဖြစ်ပြီး စပါးခွံ၊ ဖွဲ၊ ပင်စည်၊ အရွက်၊ ပေါင်းစေ့များ၊ မြေကြီးများ၊ အခြား ပင်ကြွင်းပင်ကျန်များ ကင်းစင်ရန် လိုအပ်ပါတယ်။ ဆန်တင်ပို့ရာတွင် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများနဲ့လည်း ကိုက်ညီရမှာဖြစ်ပြီး ခွင့်ပြုနိုင်တဲ့ စိုက်ပျိုးရေးသုံး ဓာတုဆေးဓာတ်ကြွင်းများ၊ ဘေးအန္တရာယ်ဖြစ်စေတတ်တဲ့ ပစ္စည်းများနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေများကို လိုက်နာရမှာဖြစ်ပါတယ်။

 

Read More >>>>>    အော်ဂဲနစ် သီးနှံများကို စားသုံးသူများလာ


ဆန်များ ပြုပြင်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်း ဆောင်ရွက်မယ့် လုပ်ငန်းအဖွဲ့အစည်းများဟာ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီးသားဖြစ်ရပါမယ်။ သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုမရှိပါက နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန်အတွက် တင်ပို့မည့် ကုန်ပစ္စည်းအမည်၊ လိပ်စာနှင့် မှတ်ပုံတင်နံပါတ် (CODE) တို့ကို တိတိကျကျ ဖော်ပြပေးရပါမယ်။ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် ဧရိယာအတွင်းတွင် တရုတ်နိုင်ငံက သတ်မှတ်ထားသော ထိန်းချုပ်ပိုးမွှားများပေါက် ပွားမှု လျော့နည်းစေရန် ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းကို မဖြစ်မနေ အသုံးပြုရမှာဖြစ်ပြီး ဆောင်ရွက်ချက်အသေးစိတ်ကို တရုတ်နိုင်ငံသို့ ပေးပို့တင်ပြထားရပါမယ်။

 

ဆန်စက်များတွင် ဆန်ပိုးများဖြစ်သည့် ကာဖရာကျိုင်း (Trogoder -ma granarium Evest ) နဲ့ ကျိုင်းနီ (Cryptolestes pusillaides Stee et Howe) တို့ ကျရောက်မှု ရှိ၊မရှိကို ၁၀၀ စတုရန်းမီတာလျှင် ထောင်ခြောက်တစ်ခုနှုန်းထားရှိပြီး ဖမ်းမိအကောင်ကို ကင်းထောက်စနစ်ဖြင့် မှတ်တမ်းပြုစုထားရှိပြီး တရုတ်နိုင်ငံဘက်သို့ ပေးပို့တင်ပြရမှာပါ။ မြန်မာနိုင်ငံက ဆန်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်ရာတွင် မှိုတက်ခြင်း (သို့ ) မြေကြီး ၊ ပင်ကြွင်း ပင်ကျန်များ၊ ပေါင်းစေ့များ၊ စပါးစေ့များ၊ ဖုန်၊ ခဲ၊ သဲ၊ အမှိုက်နှင့် အခြားအစေ့များ ပါဝင်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။

 

တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ ထုပ်ပိုးသည့် နေရာများသည် သန့်ရှင်းပြီး ဘေးဖြစ်စေသော သက်ရှိဇီဝပိုးများ ကင်းစင်အောင် စီမံဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ တင်ပို့မည့်ဆန်များကို သီးသန့်သိုလှောင်ထားရပါမယ်။ အသုံးပြုမည့် ထုပ်ပိုးပစ္စည်းများသည် အသစ်ဖြစ်ရပြီး ဘေးဖြစ်စေသည့် သက်ရှိဇီဝ ပိုးမွှားများနှင့် အဆိပ်ဖြစ်စေသော ပစ္စည်းများ မပါဝင်စေရန် အထူးဂရုပြု စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်အိတ်များတွင် "တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့"ဟူသော အမှတ်အသားနှင့် ဆန်၏အုပ်စု ကြိတ်ခွဲသည့်စက်ရုံ၊ တင်ပို့သူအမည်၊ လုပ်ငန်းမှတ်ပုံတင်အမှတ်နှင့် ကုမ္ပဏီလိပ်စာတို့ကို တရုတ် - မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားရပါမယ်။


တရုတ်နိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ ပို့ကုန်၊ သွင်းကုန်များနှင့် ပတ်သက်ပြီး စားနပ်ရိက္ခာများ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ပြဋ္ဌာန်းသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရင်း အခုလိုတင်းကြပ်လာခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသော နိုင်ငံများမှာ မြန်မာနိုင်ငံအပါအ၀င် (၁၀) နိုင်ငံရှိပါတယ်။ အခြားနိုင်ငံများက တရုတ်နိုင်ငံမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြသဖြင့် နှစ်စဉ်ဆန်တင်ပို့ခွင့် ကိုတာခွဲတမ်း ပုံမှန်ရရှိနေကြပြီး အချို့ယုံကြည်မှုရရှိသွားကြသဖြင့် ကိုတာခွဲတမ်း ပိုမိုရရှိကြသည်လည်းရှိကြောင်း သိရပါတယ်။

 

Source: Ministry of Commerce

Myanmar Food Industry Directory

Read times
Rate this item
(0 votes)