×

Warning

JUser: :_load: Unable to load user with ID: 540


သံပရာရည်အစွမ်း အံ့မခန်း

မနက်တိုင်း သံပရာရည်သောက်ခြင်းက သင့်ကိုနုပျိုစေပါတယ်။

သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ၀က်ခြံတွေ၊ ချွေးပေါက်ကျယ်နေတာတွေကို သက်သာဖို့အတွက် သင်မနက်တိုင်း ဘာသောက်လေ့ရှိသလဲ စဉ်းစားကြည့်ပါ။

 

လက်ဖက်ရည်ပူပူ၊ ကော်ဖီ၊ ဒါမှမဟုတ်လည်း ရေတစ်ခွက်သောက်တဲ့လူ ရှိနိုင်ပါတယ်။ ဒါပေမယ့် သံပရာရည်သောက်ဖို့တော့ စဉ်းစားသင့်ပါတယ်။

 

ဖန်ခွက်ထဲမှာ ရေနွေးပူပူလေးနဲ့ သံပုရာသီးတစ်ခြမ်း ထည့်သောက်မယ်ဆိုရင် ကောင်းကျိုးက နှစ်ဆတောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် မနက်တိုင်း သံပရာရည်သောက်ပြီး အသစ်ပြန်လည်မွေးဖွါးလိုက်ပါ။


သံပရာရည်က သင့်ကျန်းမာရေး၊ အထူးသဖြင့် သင့်အရေပြားကို လှပစေပါတယ်။ ဈေးလည်းမကြီးဘဲနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။

 

အခြားသော မယုံနိုင်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ တင်းတိပ်နဲ့ ၀က်ခြံတွေကို သက်သာစေတာမို့ အရေပြားဆရာဝန်တွေကလည်း ညွှန်းတတ်ကြပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအများစုမှာ သံပရာပါနေတာပါ။ ယင်းအပြင် သံပရာသီးမှာပါတဲ့ ဗီတာမင်စီက ရောဂါပိုးတွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။ မီးအပူလောင်မိရင်လည်း သံပရာသီးနဲ့ ပျားရည်ကိုရောပြီး လိမ်းပေးရင်သက်သာပါတယ်။

 

သံပရာသီးဟာ ဗီတာမင်စီ ရစေနိုင်ပါတယ်။ အဲဒါက အရေးအကြောင်းတွေကို လျော့ပါးစေသလို ပျက်စီးသွားတဲ့ အရေပြားကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ အရေပြားရဲ့ ကျုံ့ကျယ်နိုင်စွမ်းဟာ အသက်(၄၀)ရောက်ရင် ရပ်တန့်သွားပါတယ်။ ဒါကြောင့်မို့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်အရေပြားကို ဂရုစိုက်ဖို့လိုပြီး မနက်တိုင်း သံပရာရည်သောက်တဲ့ အလေ့အကျင့်ကောင်းကို မွေးထားသင့်ပါတယ်။

 

နောက်ပြီး သံပရာမှာ အဆိပ်အတောက်တွေကို ပြေစေတဲ့ ဓါတ်တွေပါဝင်တာမို့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ သင့်အရေပြားကို ၁၀နှစ်လောက် နုပျိုစေမယ့်အပြင် အစာချေစနစ်၊ ဆံပင်ကို အကျိုးပြုပေးသလို၊ ဆီးချို၊ အဖျား၊ သွေးတိုးနဲ့ တခြားကျန်းမာရေးပြဿနာ တော်တော်များများကိုလည်း ကာကွယ်ပေးပါတယ်။

 

သံပရာမှာ ပါဝင်တဲ့ ဗီတာမင်စီက သင့်ရဲ့ ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ အယ်ကာလီဓါတ်နဲ့ ပိုတက်ဆီယမ်ကလည်း သင့်ကို စွမ်းအင်တွေ ရစေပါလိမ့်မယ်။

 

သင့်အစာအိမ်ထဲ ဘာမှမရှိသေးခင်မှာ သံပရာရည်သောက်ခြင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးပါတယ်။ ဆီးခဏခဏသွားခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့နည်းစေပါတယ်။ အစာအိမ်အောင့်တာ၊ နာတာတွေကိုလည်း သက်သာစေပါတယ်။

 

Read More >>>>>  စိတ်ပျော်ရွှင်မှုရရှိဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများ စားသုံးသင့်

 

သင်က အ၀လွန်နေမယ်၊ ၀ိတ်လျှော့ချင်နေမယ်ဆိုလည်း ဒါက နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သံပရာသီးမှာပါတဲ့ စီထရစ်အက်ဆစ်က ကဆီဓါတ်စုပ်ယူမှုကို နှေးစေပြီး အဆီချေဖျက်မှုကို မြန်ဆန်စေပါတယ်။ ပိုပြီး ထိရောက်မှုရှိဖို့အတွက် ရေအေးအစား ရေနွေးနဲ့သောက်တာကတော့ ပိုကောင်းပါတယ်။

 

နောက်ပြီး သင့်ဆံပင်တွေကိုလည်း သန်စွမ်းစေတာမို့ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်းတို့ကို သက်သာစေသလို သင့်ဆံပင်ကိုလည်း လှပစေပါတယ်။


သံပရာသီးမှာ သဘာဝအာနိသင်တွေ မြောက်များစွာ ရှိတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် နေ့စဉ် သံပရာရည်ကို သောက်ခြင်းဖြင့် များပြားလှတဲ့ အကျိုးကျေးဇူးတွေနဲ့အတူ မယုံကြည်လောက်အောင် ပြောင်းလဲသွားတာကို သတိထားမိပါလိမ့်မယ်။

 

Source:hellosayarwon

Read times Last modified on Monday, 19 August 2019 17:34
Rate this item
(0 votes)