×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ် ကန်စွန်းဥဟင်းခတ်မှုန့်ပြုလုပ်ရအောင်

Unicode


သက်သတ်လွတ် ကန်စွန်းဥဟင်းခတ်မှုန့်ပြုလုပ်ရအောင်


ကျန်းမာရေးနဲ့မညီညွတ်လို့ အချိုမှုန့်ရော ကြက်သားမှုန့်ရော မစားချင်ပါဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ကျန်းမာရေးနဲ့လဲ ညီညွတ်မယ်၊ လုပ်ရတာလဲ လွယ်ကူတဲ့ဟင်းခတ်မှုန့်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်တဲ့ပစ္စည်းတွေကတော့ ကန်စွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ ထန်းလျက်ခဲ၊ ငရုတ်ကောင်းတို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကန်စွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ခြစ်နှင့်ပါးပါးခြစ်ပြီး နေပူပူတွင်ခြောက်အောင်လှန်းပါ။

 

Noodles (Instant) (47)အသင့်စားခေါက်ဆွဲလုပ်ငန်းများ (၄၇) ခုကို ရှာရန်နှိပ်ပါ။

 

 

ပြီးနောက် ခြောက်သွားပြီဆိုရင်တော့ မီးအေးအေးလေးနဲ့ မွှေးပြီး ကြွပ်ရွနေအောင်လှော်ပါ။

 

ြီပီးလျှင် ကန်စွန်းဥ၊ ကြက်သွန်မွှေးနံ့လေးထွက်လာပြီဆိုရင် ဆား၊ သကြား၊ ငရုတ်ကောင်းထည့် ခဏမွှေပြီး အအေးခံထားပါ။

 

ပြီးရင်တော့  ကြိတ်စက်ထဲကို ထုချေထားတဲ့ ထန်းလျက်ခဲ၊ လှော်ပြီးအအေးခံထားတဲ့ ကန်စွန်းဥ တွေကို ထည့်ပြီး ကြိတ်ပါ။

 

ပြီးနောက် ကြိတ်ပြီးရင်တော့ အအေးခံပြီး လေလုံဗူးထဲ ထည့်သိမ်းလို့ရပါပြီ။

 

Read More >>>>>  ထမင်းမြိန်စေမယ့် ငါးခေါင်းချဉ်စပ်လေးလုပ်စားရအောင်

 

ယခုဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ်တိုင်လုပ်တဲ့ သက်သက်လွတ် ကန်စွန်းဥဟင်းခတ်မှုန့်လေးကို ရပါပြီ။

 

Myanmar Food Industrial Directory

 

 

 

 


 




 


 

Noodles (Instant) (47)အသင့်စားခေါက်ဆွဲလုပ်ငန်းများ (၄၇) ခုကို ရှာရန်နှိပ်ပါ။

 


 


 


 


 

Read More >>>>>  ထမင်းမြိန်စေမယ့် ငါးခေါင်းချဉ်စပ်လေးလုပ်စားရအောင်

 


 


Read times Last modified on Saturday, 22 February 2020 13:57
Rate this item
(1 Vote)