×

Warning

JUser: :_load: Unable to load user with ID: 540


စပါးဈေးနှုန်း သတ်မှတ်ရေး ဈေးနှုန်းသုံးမျိုးဖြင့် အကြံပြု တင်ပြ

Unicode


စပါးဈေးနှုန်း သတ်မှတ်ရေး ဈေးနှုန်းသုံးမျိုးဖြင့် အကြံပြု တင်ပြ


နိုင်ငံတော်အစိုးရထံ    အခြေခံစပါးဈေးနှုန်း သုံးမျိုးကိုတွက်ချက်၍    အကြံပြု တင်ပြမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ပြောဆိုချက်အရ သိရသည်။

 

''အစိုးရကို   အခြေခံစပါးဈေးနှုန်းနဲ့ ပတ်သက်ပြီး  အကြံပြုတဲ့အခါ စပါးတင်း ၁ဝဝ ကို ငွေကျပ် ၄၈ဝဝဝဝ၊ ငွေကျပ် ငါးသိန်း၊  ငွေကျပ် ၅၂ဝဝဝဝ ဆိုပြီး ဈေးနှုန်းသုံးမျိုးနဲ့ တင်ပြဖို့ရှိပါတယ်။ ဒီတင်ပြချက်အပေါ်မှာ အစိုးရက အကောင်းဆုံး ရွေးချယ်မှုအတိုင်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်'' ဟု ဦးရဲမင်းအောင် ကပြောသည်။

 

Noodles/Thin Wheat Noodles/Vermicelli ဂ်ံဳေခါက္ဆြဲႏွင့္ ၾကာဇံလုပ္ငန္းေပါင္း ၁၈၀ ခုကိုရွာရန္ႏွိပ္ပါ။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် သတ်မှတ်စံချိန်စံညွှန်းနှင့်  ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁ဝဝ ကို ငွေကျပ် ငါးသိန်းနှုန်းဖြင့် အခြေခံ စပါးဈေးနှုန်းအဖြစ် ၂ဝ၁၈ ခုနှစ် မတ်လအတွင်းက သတ်မှတ် ထုတ်ပြန် ထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အခြေခံစပါးဈေးနှုန်း  ကြေညာခြင်းကို အစိုးရက  တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဦးဆောင်အဖွဲ့က ထုတ်ပြန်ကြေညာ မည် ဖြစ်ကြောင်း သိရသည်။

 

ထိုသို့   အခြေခံစပါး ဈေးနှုန်း အတည်ပြု ကြေညာပြီးပါက အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ဆန်စပါး ဝယ်ယူရေး အစီအစဉ်များကို အသင်းချုပ်၊  ပုဂ္ဂလိက ကုန်သည်၊ စက်ပိုင်၊ ကုမ္ပဏီများနှင့် ညီနောင်အသင်းများ အနေဖြင့် စနစ်တကျ ပေါင်းစပ် ညှိနှိုင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Read More >>>>>  ေျမပဲႏွင့္ ႏွမ္း ျပည္တြင္းျပည္ပ ဝယ္လိုအား မ်ားေနသျဖင့္ ေနၾကာ တိုးခ် ဲ႕စိုက္ပ်ဳိး

 

မကြာမီလပိုင်းအတွင်း  စပါးသစ်များ ထွက်ရှိလာတော့မည်ဖြစ်ပြီး  လက်ရှိတွင် ပြည်တွင်း၌ ဆန်လက်ကျန် များနေသဖြင့် စက်ပိုင်များနှင့် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် ဝယ်ယူပေးရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

 

Source: Myawady

 

 

စပါးေစ်းႏႈန္း သတ္မွတ္ေရး ေစ်းႏႈန္းသံုးမ်ဳိးျဖင့္ အႀကံျပဳ တင္ျပ

 

ႏိုင္ငံေတာ္အစိုးရထံ    အေျခခံစပါးေစ်းႏႈန္း သံုးမ်ဳိးကိုတြက္ခ်က္၍    အႀကံျပဳ တင္ျပမည္ျဖစ္ေၾကာင္း  ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္၏ ေျပာဆိုခ်က္အရ သိရသည္။

 

''အစိုးရကို   အေျခခံစပါးေစ်းႏႈန္းနဲ႔ ပတ္သက္ၿပီး  အႀကံျပဳတဲ့အခါ စပါးတင္း ၁ဝဝ ကို ေငြက်ပ္ ၄၈ဝဝဝဝ၊ ေငြက်ပ္ ငါးသိန္း၊  ေငြက်ပ္ ၅၂ဝဝဝဝ ဆိုၿပီး ေစ်းႏႈန္းသံုးမ်ဳိးနဲ႔ တင္ျပဖို႔ရွိပါတယ္။ ဒီတင္ျပခ်က္အေပၚမွာ အစိုးရက အေကာင္းဆံုး ေရြးခ်ယ္မႈအတိုင္း ပူးေပါင္းေဆာင္ရြက္မွာျဖစ္ပါတယ္'' ဟု ဦးရဲမင္းေအာင္ ကေျပာသည္။

 

Noodles/Thin Wheat Noodles/Vermicelli ဂ်ံဳေခါက္ဆြဲႏွင့္ ၾကာဇံလုပ္ငန္းေပါင္း ၁၈၀ ခုကိုရွာရန္ႏွိပ္ပါ။

 

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္သည္ သတ္မွတ္စံခ်ိန္စံၫႊန္းႏွင့္  ကိုက္ညီသည့္ ၄၆ ေပါင္ကုိက္ စပါးတင္း ၁ဝဝ ကို ေငြက်ပ္ ငါးသိန္းႏႈန္းျဖင့္ အေျခခံ စပါးေစ်းႏႈန္းအျဖစ္ ၂ဝ၁၈ ခုႏွစ္ မတ္လအတြင္းက သတ္မွတ္ ထုတ္ျပန္ ထားခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ အေျခခံစပါးေစ်းႏႈန္း  ေၾကညာျခင္းကို အစိုးရက  ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ဳိးစီးပြား ျမႇင့္တင္ေရး ဥပေဒႏွင့္အညီ ဖြဲ႕စည္းထားသည့္ ဦးေဆာင္အဖြဲ႕က ထုတ္ျပန္ေၾကညာ မည္ ျဖစ္ေၾကာင္း သိရသည္။

 

ထိုသို႔   အေျခခံစပါး ေစ်းႏႈန္း အတည္ျပဳ ေၾကညာၿပီးပါက ေအာက္တိုဘာ၊ ႏိုဝင္ဘာႏွင့္ ဒီဇင္ဘာလတို႔တြင္ ဆန္စပါး ဝယ္ယူေရး အစီအစဥ္မ်ားကို အသင္းခ်ဳပ္၊  ပုဂၢလိက ကုန္သည္၊ စက္ပိုင္၊ ကုမၸဏီမ်ားႏွင့္ ညီေနာင္အသင္းမ်ား အေနျဖင့္ စနစ္တက် ေပါင္းစပ္ ညႇိႏႈိင္း၍ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 

Read More >>>>>  ေျမပဲႏွင့္ ႏွမ္း ျပည္တြင္းျပည္ပ ဝယ္လိုအား မ်ားေနသျဖင့္ ေနၾကာ တိုးခ် ဲ႕စိုက္ပ်ဳိး

 

မၾကာမီလပိုင္းအတြင္း  စပါးသစ္မ်ား ထြက္ရွိလာေတာ့မည္ျဖစ္ၿပီး  လက္ရွိတြင္ ျပည္တြင္း၌ ဆန္လက္က်န္ မ်ားေနသျဖင့္ စက္ပိုင္မ်ားႏွင့္ ျပည္ပပို႔ကုန္ လုပ္ငန္းရွင္မ်ား အေနျဖင့္ ဝယ္ယူေပးရန္ အခက္အခဲ ျဖစ္ေနေၾကာင္း သိရသည္။

 

Source: Myawady

Read times Last modified on Friday, 21 February 2020 16:45
Rate this item
(0 votes)