×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style အမဲသားကြော်

Unicode ဖြင့်ဖတ်ရန်

Chinese Style အမဲသားကြော်

အမဲသားကို အိန္ဒိယစတိုင်ပုံစံနဲ့ပဲ စားနေရတာ ရိုးအီနေသူတွေအတွက် ယခု တရုတ်စတိုင် အမဲသားကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ အမဲသားစဉ်းကော၊ ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ နှမ်းဆီ၊ တရုတ်ဟင်းချက်ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ပဲအစိမ်း၊ ဆီတို့ လိုအပ်ပါမယ်။

 

Boiler & Steam System ရေနွေးအိုးနှင့် ရေနွေးငွေ့စနစ်ဆိုင်ရာလုပ်ငန်း ၁ ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး အမဲသား နုတ်နုတ်စဉ်းထားတာကို ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည် အနောက်၊ ခရုဆီ၊ နှမ်းဆီ၊ တရုတ်ဟင်းချက်ဝိုင်၊ ငရုတ်ကောင်းမှုန်၊ ပြောင်းမှုန် ့တို့ကို ထည့်ပြီး နယ်ပေးပါ။

 

 အမဲသားကိုနှပ်ထားတဲ့အချိန်မှာ ကြက်သွန်နီ နဲ ့ကြက်သွန်မြိတ်ကို လှီးပြီး ဆီပူနဲ့ကြော်ပေးလိုက်ပါ။

 

နည်းနည်းလေးအရောင်ပြောင်းလာပြီ ဆိုရင်တော့ ခုနက နှပ်ထားတဲ့ အမဲသားတွေကို ထည့်ကြော်လိုက်ပါ။


ကြော်နေရင်းနဲ့မှ ဆား၊ တရုတ်ဟင်းချက်ဝိုင် တို့ကို တစ်ခါတည်းထည့်ပေးပြီး အရသာဖြည့်စွက်လိုက်ပါ။  

 

ပြီးတော့မှ အမဲသားလေးတွေ ကျက်ခါနီး ရေအနည်းငယ်ထည့်ပေးပြီး နှပ်ထားပေးလိုက်မယ်ဆိုရင်တော့ တရုတ်စတိုင်လ် အမဲသား ဟင်းလျာ တစ်ပွဲကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  ဝက္သား ဟမ္ဘာဂါ

 

နောက်ဆုံးမှ  ကြက်သွန်မြိတ်လေးတွေကို အပေါ်က ဖြူးပေးလိုက်ရင်တော့ အရသာအလွန်ရှိပြီး စားလို့အရမ်းကောင်းတဲ့ Chinese Style အမဲသားကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory (WWH)

 

 

 


 


 


 

Boiler & Steam System ရေနွေးအိုးနှင့် ရေနွေးငွေ့စနစ်ဆိုင်ရာလုပ်ငန်း ၁ ခုကိုရှာရန်နှိပ်ပါ။

 



 

 


 

 


 



 


 

Read More >>>>>  ဝက်သား ဟမ်ဘာဂါ

 


 


 

 

Read times Last modified on Friday, 14 February 2020 15:32
Rate this item
(1 Vote)