×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေး၊ လယ်ယာသုံးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများဆိုင်ရာ ပြပွဲကြီးကျင်းပမည်

Unicode

စိုက်ပျိုးရေး၊ လယ်ယာသုံးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများဆိုင်ရာ ပြပွဲကြီးကျင်းပမည်

စိုက်ပျိုးရေးသုံးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ပစ္စည်းများဆိုင်ရာ ပြပွဲကြီး (Myanmar Agritech And Construction Machinery Expo 2019) ကို နိုဝင်ဘာလ ၂၂/၂၃/၂၄ ရက်၊ မနက် (၉) နာရီမှ ညနေ (၆) နာရီထိ၊ ဦးဝိစာရလမ်းပေါ်က တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

 

ပြပွဲကို အရည်အသွေးကောင်းမွန်သော စိုက်ပျိုးရေးသုံးပစ္စည်းများအသုံးပြုပြီး လယ်ယာစိုက်ပျိုးရေးတွင် အကျိုးများစွာ ဖြစ်ထွန်းလာနိုင်စေရန်နဲ့ ကမ္ဘာ့အဆင့်အတန်းမှီသော တရုတ်နိုင်ငံထုတ် စိုက်ပျိုးရေးသုံးပစ္စည်းများဖြင့် မြန်မာပြည်၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် အဓိကရည်ရွှယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။

 

ပြပွဲကြီးတွင် တရုတ်နိုင်ငံမှ ရောင်းအားအကောင်းဆုံးနဲ့ ISO လက်မှတ်များစွာ ရရှိထားတဲ့ ကုမ္ပဏီ (၅၀) ကျော်မှ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေးဖြန်းစက်အပြင် ဆေးဖြန်း Drone များနဲ့ ပါကင်ထုတ်စက်များ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။\

 

Read More >>>>> ကင်ချီအရသာ ကြက်ဥပြုတ်လေး လုပ်စားရအောင်

 

စက်ပစ္စည်းကိရိယာထုတ်လုပ်သူများ

 

ဒါ့အပြင် ကျောက်ပွင့်မြေသြဇာ၊ ဓာတ်မြေသြဇာနဲ့ အခြားဖြည့်စွက်ပစ္စည်းများ၊ သဘာဝအော်ဂဲနစ် ဓါတ်မြေသြဇာနဲ့ ရွက်ဖြန်းမြေသြဇာ၊ အပင်ကြီးထွားအောင် ထိန်းချုပ်သောကိရိယာ၊ အခြောက်ခံစက်၊ အမှုန့်ကြိတ်စက်နဲ့ လယ်ယာသုံးစက်ပစ္စည်းများကိုလည်း ပြသသွားမှာဖြစ်ပါတယ်။

 

ပြပွဲတက်ရောက်လာတဲ့သူတွေထဲက တစ်နေ့ကို ကံထူးရှင် (၁) ဦး၊ စုစုပေါင်း (၃) ဦးစီကို ထော်လာဂျီ (၃) စီး ကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ အခုပြပွဲကြီးကို စိတ်ပါဝင်စားတဲ့ ပြည်တွင်းကုမ္ပဏီများမှလည်း ပူးပေါင်းပါဝင်ပြသနိုင်ကြောင်း သိရပါတယ်။

 

ပြပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ပွဲတာဝန်ခံ ဖုန်း ၀၉-4500 45003 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် Facebook စာမျက်နှာမှလည်း မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။

 

Myanmar Food Industry Directory

 

 

 


 


 


 


 


 


 


 


 


 


 

 

Read times Last modified on Thursday, 06 February 2020 17:19
Rate this item
(0 votes)