လက္ရွိဘ႑ာႏွစ္ တစ္လခန္႔တြင္ ဆန္ႏွင့္ ဆန္ကြဲတင္ပို႔မႈမွ ေဒၚလာ (၆၅) သန္းေက်ာ္ ရရွိထား

လက္ရွိဘ႑ာႏွစ္ တစ္လခန႔္တြင္ ဆန္ႏွင့္ ဆန္ကြဲတင္ပို႔မႈမွ ေဒၚလာ (၆၅) သန္းေက်ာ္ ရရွိထားၿပီး ယခင္ႏွစ္ကာလတူထက္ ေဒၚလာ (၂၁) သန္းေက်ာ္ ပိုမိုရရွိထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရပါတယ္။

 

၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာ (၁) ရက္မွ (၂၅) ရက္အထိ ျပည္ပသို႔ ဆန္ႏွင့္ ဆန္ကြဲ စုစုေပါင္းတန္ခ်ိန္ (၂၂၀၀၀၀) ေက်ာ္ တင္ပို႔ထားၿပီး ယခင္ႏွစ္ကာတူထက္ တန္ခ်ိန္ ကိုးေသာင္းေက်ာ္ ပိုမိုတင္ပို႔ထားႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

 

ယခင္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ကာလတူက တန္ခ်ိန္ (၂ ဒသမ ၉၅၄) သန္းအထိ တင္ပို႔ထားၿပီး ဝင္ေငြအားျဖင့္ အေမရိကန္ေဒၚလာ (၁၀၀၃ ဒသမ ၆၆၂) သန္းအထိ ရရွိထားျခင္းျဖစ္ပါတယ္။

 


Read More >>>>>    ထမင္းၿမိန္ေစမယ့္ ျပည္ႀကီးငါးခ်ဥ္စပ္ခ်က္နည္း

 


ျမန္မာႏိုင္ငံမွဆန္ကို ျပည္ပတင္ပို႔ရာတြင္ ပင္လယ္ေရေၾကာင္းကုန္သြယ္မႈမွ အီးယူေစ်းကြက္၊ အာဖရိကေစ်းကြက္သို႔ တင္ပို႔လ်က္ရွိၿပီး မူဆယ္နယ္စပ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ အဓိက တင္ပို႔ေနျခင္းျဖစ္ပါတယ္။

 

ၿပီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္အတြင္း ေစ်းကြက္သစ္မ်ား တိုးခ်ဲ႕တင္ပို႔ႏိုင္ျခင္းေၾကာင့္ ျပည္ပသို႔ ျမန္မာ့ဆန္တန္ခ်ိန္ (၃ ဒသမ ၆) သန္းနီးပါး တင္ပို႔ႏိုင္ခဲ့ၿပီး ႏွစ္ေပါင္း (၅၀) ေက်ာ္အတြင္း စံခ်ိန္တင္တင္ပို႔ႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

 

source: Daily Eleven

 

Unicode

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ (၆၅) သန်းကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ (၂၁) သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ (၁) ရက်မှ (၂၅) ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် (၂၂၀၀၀၀) ကျော် တင်ပို့ထားပြီး ယခင်နှစ်ကာတူထက် တန်ချိန် ကိုးသောင်းကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း သိရပါတယ်။

 

ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူက တန်ချိန် (၂ ဒသမ ၉၅၄) သန်းအထိ တင်ပို့ထားပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ (၁၀၀၃ ဒသမ ၆၆၂) သန်းအထိ ရရှိထားခြင်းဖြစ်ပါတယ်။

 

Read More >>>>>    ထမင်းမြိန်စေမယ့် ပြည်ကြီးငါးချဉ်စပ်ချက်နည်း

 

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူဈေးကွက်၊ အာဖရိကဈေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် (၃ ဒသမ ၆) သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း (၅၀) ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

 

source: Daily Eleven

Read times Last modified on Friday, 08 November 2019 17:29
Rate this item
(0 votes)