×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ကြက်သားထုတ်လုပ်မှုနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးကိစ္စရပ်များဆိုင်ရာ စာနယ်ဇင်းရှင်းပွဲ

မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ကြက်သားထုတ်လုပ်မှုနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးကိစ္စရပ်များဆိုင်ရာ စာနယ်ဇင်းရှင်းပွဲ

 

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့၏ ကြက်သားထုတ်လုပ်မှုနှင့် အစားအသောက်ဘေးကင်းလုံခြုံရေး ကိစ္စရပ်များဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ နံနက် (၁၀) နာရီက မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲသို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မွေးမြူရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ မွေးမြူရေးသမားများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါတယ်။

 

ယခုလို စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ "ရန်ကုန်မြို့ရှိ မြို့နယ် (၃) မြို့နယ်တွင် စစ်တမ်းကောက်ယူခဲ့သော ကြက်သားအစိမ်းများထဲတွင် ဆယ်မိုနဲလားပိုးများ တွေ့ရပြီး ထိုပိုးများမှာ ပဋိဇီဝပိုးသတ်ဆေးများ ယဉ်ပါးနေ" ခေါင်းစဉ်ပါ သတင်းနှင့် ယင်းသတင်းအပေါ် အခြေခံကာ ထပ်မံထွက်ပေါ်လာတဲ့ သတင်းအမှားများ၊ သတင်းအတုများ၊ အချက်အလက်မှားများဖြင့် ကြက်သားမစားသုံးရန် လှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ မှန်ကန်တဲ့ သိပ္ပံနည်းကျ သတင်းအချက်အလက်များအား မွေးမြူရေးပညာရှင်များက သတင်းမီဒီယာများထံ ဝေမျှပေးနိုင်ရန်နှင့် သတင်းမီဒီယာများမှတဆင့် ပြည်သူလူထုအား အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာများ ထပ်ဆင့် ဝေမျှသွားနိုင်ရန် ဖြစ်ပါတယ်။

 

စာနယ်ဇင်းရှင်းလင်းပွဲတွင် လတ်ဖြစ်ပေါ်နေတဲ့ ကြက်သားထုတ်လုပ်ရေးနှင့် အစားအသောက်ဘေးကင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆဲလ်မိုနဲလားဗက်တီးရီးယားပိုးမွှား၏ သဘာဝနှင့် လူထုကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အစားအသောက်ဘေးကင်းလုံခြုံရေး၊ ပဋိဇီဝဆေးယဉ်ပါးမှုထိန်းချုပ်ရေးဆိုင်ရာ များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

 

စာနယ်ဇင်းရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့အနေဖြင့် အောက်ပါအချက်များအား သတင်းမီဒီယာများမှ တဆင့် ပြည်သူလုထုထံ အကြံပြုတင်ပြခဲ့ပါတယ်။

 

ဆဲလ်မိုနဲလားက လူနှင့် တိရစ္ဆာန်များ၏ အူလမ်းကြောင်းအတွင်း သဘာဝအရ နေထိုင်နေတဲ့ ဗက်တီးရီးယားပိုး ဖြစ်ပါတယ်။ အချို့သော ဆဲလ်မိုနဲလားပိုးမွှားများမှာ လူကို ဥပါဒ်ဖြစ်စေသော်လည်း အချို့မှာမူ လူကို ဥပါဒ်ပေးခြင်းမရှိပါ။ သို့ဖြစ်၍ ကြက်သားတါင် ဆဲလ်မိုနဲလားပိုးမွှား ပါဝင်သည်ဆိုသည့်တိုင် မည်သည့်ဆဲမိုနဲလား ပိုးမွှားဟု မဖော်ထုတ်နိုင်ပါ လူကိုဥပါဒ်ဖြစ်စေမည်ဟု တစ်ထစ်ချ ပြောဆို၍ မရပါ။

 

Read More >>>>>  လသာၿမိဳ႕နယ္တြင္ အစဥ္အလာမပ်က္ က်င္းပမယ္႔ တရုတ္ႏွစ္သစ္ကူးပြဲေတာ္

 

ကြက်သားတွင် ဆဲလ်မိုနဲလား ပိုးမွှားတွေ့ရှိရခြင်းမှာ အကြောင်းရင်းများစွာရှိနိုင်ပါတယ်။ ကြက်သားထုတ်လုပ်ရာတွင် သန့်ရှင်းစွာ မဆောင်ရွက်ခြင်း၊ သန့်ရှင်းတဲ့ရေကို အသုံးမပြုခြင်း၊ အသားအတွင်းသို့ မသန့်ရှင်းသည့်ရေများထိုးသွင်းခြင်း၊ ကြက်သားများအားကိုင်တွယ်ရာတွင်လည်းကောင်း၊ သယ်ဆောင်ရာတွင်လည်းကောင်း၊ သိုလှောင်သိမ်းဆည်းရာတွင်လည်းကောင်း၊ တည်ခင်းရောင်းချရာတွင် လည်းကောင်း သန့်ရှင်းမှုမရှိခြင်း စသည်ဖြင့် အကြောင်းအချက်မျးစွာ ရှိနိုင်သည်ဖြစ်ရာ သန့်ရှင်းပြီး အစားအသောက်ဘေးကင်းလုံခြုံမှုမရှိသော ကြက်သားထုတ်လုပ်ရေးစနစ်များ၊ လုပ်ငန်းများ၊ ပေါ်ပေါက်လာရန် အရေးတကြီး လိုအပ်လျက်ရှိပါတယ်။

 

ဆဲလ်မိုနဲလားအပါအဝင် အစားအသောက်များတွင် ပါဝင်လေ့ရှိတဲ့ ပိုးမွှားများအားလုံးတို့သည် အပူချိန် ၆၀ ဒီဂရီ၏ အထက်တွင် သေဆုံးကြသဖြင့် ယင်းအပူချိန် အထက်တွင် ကျက်အောင်ချက်ပြုတ်ထားတဲ့ ကြက်ဥ၊ ကြက်သားများသည်လည်း ဆဲလ်မိုနဲလားအပါအဝင် အခြားပိုးမွှားများပါ ကင်းစင်နေမှာဖြစ်ပါတယ်။  သို့ဖြစ်၍ ကြက်သားအပါအဝင်၊ အစားအသောက်များအားလုံးကို ကောင်းစွာကျက်အောင် ချက်ပြုတ်ထားပါက စိတ်ချစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။

 

ပဋိဇီဝဆေးယဉ်ပါးမှုကလည်း သတိပြုရမည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ပဋိဇီဝဆေးယဉ်ပါးမှုက မွေးမြူရေးလုပ်ငန်းများ၏ ပဋိဇီဝဆေးဝါးသုံးစွဲမှုကြောင့် သတ်သတ်ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ အခြားအချက်အလက်များစွာ (ဥပမာအားဖြင့် လူများတွင် နာမကျန်းဖြစ်ပါက ပဋိဇီဝဆေးဝါးများအား ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲခြင်း၊ ဆေးအရည်အသွေးမပြည့်မီခြင်း) ရှိသေးသည်ကို သတိပြုသင့်ပါတယ်။

 

မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝဆေးဝါးသုံးစွဲခြင်းဟာ ကုန်ကျစရိတ် မြင့်မားသဖြင့် မွေးမြူသူများအနေဖြင့် ပဋိဇီဝဆေးဝါးမသုံးစွဲရလေ တွက်ချေကိုက်လေဖြစ်ပါတယ်။ ထို့ကြောင့် မွေးမြူရေးသမားများ၏ ပကတိအခြေအနေအရပင် ပဋိဇီဝဆေးဝါးများအား လျော့ချသုံးစွဲရန် ကြိုးစားနေကြပါတယ်။ မွေးမြူရေးတွင် လုံးဝအသုံးမပြုသော ပဋိဇီဝဆေးဝါးများအား ယဉ်ပါးနေသည်ဆိုတဲ့ အချက်အား အထူးသတိပြုသင့်ပါတယ်။

 

မည်သို့ပင်ဆိုစေကာမူ ပဋိဇီဝဆေးယဉ်ပါးမှုဟူသည်မှာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ဖြင့် ဆောင်ရွက်၍ မရဘဲ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍ၊ ပတ်ဝန်းကျင်ရေးရာကဏ္ဍ စသည်ဖြင့် ကဏ္ဍပေါင်းစုံနှင့် သက်ဆိုင်တဲ့ကိစ္စရပ်ဖြစ်ရာ၊ မွေးမြူရေးကဏ္ဍအနေဖြင့်လည်း ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အခြားကဏ္ဍများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်အတူ တက်တက်ကြွကြွဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ယခုအခါ တိုးတက်မြန်ဆန်လာတဲ့ အင်တာနက်ဆက်သွယ်ရေး၏ ဘေးထွက်ဆိုးကျိုးအဖြစ် သတင်းအမှားများ၊ သတင်းအတုများ လွယ်ကူစွာ ပြန့်ပွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ တစ်ခါတရံတွင် သတင်းအချက်အလက်အမှန်အား ပုံစံဖျက်၍ ထုတ်လွှင့်ခြင်းများလည်း ရှိနေသည်ကို တွေ့ရှိရပါတယ်။  ပြည်သူလူထုအနေဖြင့် သတင်းအချက်အလက်များအား မှန်ကန်ခြင်း ရှိ၊ မရှိ ပြန်လည်စိစစ်ပြီးမှ လက်ခံကြပါရန်နှင့် မွေးမြူရေးနှင့် သက်ဆိုင်တဲ့ သတင်းအချက်အလက်များနှင့် ပတ်သက်၍ စိစစ်ရန် လိုအပ်ပါက မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


#Myanmar Food Industry Directory

 

 

 

ျမန္မာႏိုင္ငံ ၾကက္၊ ဘဲ ေမြးျမဴထုတ္လုပ္ေရာင္းခ်သူမ်ားအသင္း၊ ၾကက္သားထုတ္လုပ္မႈႏွင့္ အစားအေသာက္ေဘးကင္းလုံၿခဳံေရးကိစၥရပ္မ်ားဆိုင္ရာ စာနယ္ဇင္းရွင္းပြဲ

 

ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံ ၾကက္၊ ဘဲ ေမြးျမဴထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းတို႔၏ ၾကက္သားထုတ္လုပ္မႈႏွင့္ အစားအေသာက္ေဘးကင္းလုံၿခဳံေရး ကိစၥရပ္မ်ားဆိုင္ရာ စာနယ္ဇင္းရွင္းလင္းပြဲကို ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ (၂၁) ရက္၊ နံနက္ (၁၀) နာရီက ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ သင္တန္းခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ပါတယ္။

 

အဆိုပါ စာနယ္ဇင္းရွင္းလင္းပြဲသို႔ ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ေမြးျမဴေရးဆိုင္ရာ အသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ား၊ သတင္းမီဒီယာမ်ား၊ ေမြးျမဴေရးသမားမ်ားႏွင့္ အျခားဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ပါတယ္။

 

ယခုလို စာနယ္ဇင္းရွင္းလင္းပြဲျပဳလုပ္ရျခင္း၏ ရည္႐ြယ္ခ်က္မွာ လတ္တေလာျဖစ္ေပၚေနတဲ့ "ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္ (၃) ၿမိဳ႕နယ္တြင္ စစ္တမ္းေကာက္ယူခဲ့ေသာ ၾကက္သားအစိမ္းမ်ားထဲတြင္ ဆယ္မိုနဲလားပိုးမ်ား ေတြ႕ရၿပီး ထိုပိုးမ်ားမွာ ပဋိဇီဝပိုးသတ္ေဆးမ်ား ယဥ္ပါးေန" ေခါင္းစဥ္ပါ သတင္းႏွင့္ ယင္းသတင္းအေပၚ အေျခခံကာ ထပ္မံထြက္ေပၚလာတဲ့ သတင္းအမွားမ်ား၊ သတင္းအတုမ်ား၊ အခ်က္အလက္မွားမ်ားျဖင့္ ၾကက္သားမစားသုံးရန္ လႈံ႕ေဆာ္ေနမႈမ်ားႏွင့္ ပတ္သက္၍ မွန္ကန္တဲ့ သိပၸံနည္းက် သတင္းအခ်က္အလက္မ်ားအား ေမြးျမဴေရးပညာရွင္မ်ားက သတင္းမီဒီယာမ်ားထံ ေဝမွ်ေပးႏိုင္ရန္ႏွင့္ သတင္းမီဒီယာမ်ားမွတဆင့္ ျပည္သူလူထုအား အစားအေသာက္ေဘးကင္းလုံၿခဳံေရး အသိပညာမ်ား ထပ္ဆင့္ ေဝမွ်သြားႏိုင္ရန္ ျဖစ္ပါတယ္။

 

စာနယ္ဇင္းရွင္းလင္းပြဲတြင္ လတ္ျဖစ္ေပၚေနတဲ့ ၾကက္သားထုတ္လုပ္ေရးႏွင့္ အစားအေသာက္ေဘးကင္း လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ဆဲလ္မိုနဲလားဗက္တီးရီးယားပိုးမႊား၏ သဘာဝႏွင့္ လူထုက်န္းမာေရးဆိုင္ရာ အခ်က္အလက္မ်ားႏွင့္ အစားအေသာက္ေဘးကင္းလုံၿခဳံေရး၊ ပဋိဇီဝေဆးယဥ္ပါးမႈထိန္းခ်ဳပ္ေရးဆိုင္ရာ မ်ားအား သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ရွင္းလင္းေျပာၾကားခဲ့ၿပီး သတင္းမီဒီယာမ်ား၏ ေမးျမန္းခ်က္မ်ားကိုလည္း ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၾကပါတယ္။

 

စာနယ္ဇင္းရွင္းလင္းပြဲအတြင္း ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံ ၾကက္၊ ဘဲ ေမြးျမဴထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းတို႔အေနျဖင့္ ေအာက္ပါအခ်က္မ်ားအား သတင္းမီဒီယာမ်ားမွ တဆင့္ ျပည္သူလုထုထံ အႀကံျပဳတင္ျပခဲ့ပါတယ္။

 

Read More >>>>>  လသာၿမိဳ႕နယ္တြင္ အစဥ္အလာမပ်က္ က်င္းပမယ္႔ တရုတ္ႏွစ္သစ္ကူးပြဲေတာ္

 

ဆဲလ္မိုနဲလားက လူႏွင့္ တိရစာၦန္မ်ား၏ အူလမ္းေၾကာင္းအတြင္း သဘာဝအရ ေနထိုင္ေနတဲ့ ဗက္တီးရီးယားပိုး ျဖစ္ပါတယ္။ အခ်ိဳ႕ေသာ ဆဲလ္မိုနဲလားပိုးမႊားမ်ားမွာ လူကို ဥပါဒ္ျဖစ္ေစေသာ္လည္း အခ်ိဳ႕မွာမူ လူကို ဥပါဒ္ေပးျခင္းမရွိပါ။ သို႔ျဖစ္၍ ၾကက္သားတါင္ ဆဲလ္မိုနဲလားပိုးမႊား ပါဝင္သည္ဆိုသည့္တိုင္ မည္သည့္ဆဲမိုနဲလား ပိုးမႊားဟု မေဖာ္ထုတ္ႏိုင္ပါ လူကိုဥပါဒ္ျဖစ္ေစမည္ဟု တစ္ထစ္ခ် ေျပာဆို၍ မရပါ။

 

ၾကက္သားတြင္ ဆဲလ္မိုနဲလား ပိုးမႊားေတြ႕ရွိရျခင္းမွာ အေၾကာင္းရင္းမ်ားစြာရွိႏိုင္ပါတယ္။ ၾကက္သားထုတ္လုပ္ရာတြင္ သန႔္ရွင္းစြာ မေဆာင္႐ြက္ျခင္း၊ သန႔္ရွင္းတဲ့ေရကို အသုံးမျပဳျခင္း၊ အသားအတြင္းသို႔ မသန႔္ရွင္းသည့္ေရမ်ားထိုးသြင္းျခင္း၊ ၾကက္သားမ်ားအားကိုင္တြယ္ရာတြင္လည္းေကာင္း၊ သယ္ေဆာင္ရာတြင္လည္းေကာင္း၊ သိုေလွာင္သိမ္းဆည္းရာတြင္လည္းေကာင္း၊ တည္ခင္းေရာင္းခ်ရာတြင္ လည္းေကာင္း သန႔္ရွင္းမႈမရွိျခင္း စသည္ျဖင့္ အေၾကာင္းအခ်က္မ်းစြာ ရွိႏိုင္သည္ျဖစ္ရာ သန႔္ရွင္းၿပီး အစားအေသာက္ေဘးကင္းလုံၿခဳံမႈမရွိေသာ ၾကက္သားထုတ္လုပ္ေရးစနစ္မ်ား၊ လုပ္ငန္းမ်ား၊ ေပၚေပါက္လာရန္ အေရးတႀကီး လိုအပ္လ်က္ရွိပါတယ္။

 

ဆဲလ္မိုနဲလားအပါအဝင္ အစားအေသာက္မ်ားတြင္ ပါဝင္ေလ့ရွိတဲ့ ပိုးမႊားမ်ားအားလုံးတို႔သည္ အပူခ်ိန္ ၆၀ ဒီဂရီ၏ အထက္တြင္ ေသဆုံးၾကသျဖင့္ ယင္းအပူခ်ိန္ အထက္တြင္ က်က္ေအာင္ခ်က္ျပဳတ္ထားတဲ့ ၾကက္ဥ၊ ၾကက္သားမ်ားသည္လည္း ဆဲလ္မိုနဲလားအပါအဝင္ အျခားပိုးမႊားမ်ားပါ ကင္းစင္ေနမွာျဖစ္ပါတယ္။  သို႔ျဖစ္၍ ၾကက္သားအပါအဝင္၊ အစားအေသာက္မ်ားအားလုံးကို ေကာင္းစြာက်က္ေအာင္ ခ်က္ျပဳတ္ထားပါက စိတ္ခ်စြာ စားသုံးႏိုင္မွာျဖစ္ပါတယ္။

 

ပဋိဇီဝေဆးယဥ္ပါးမႈကလည္း သတိျပဳရမည့္ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ပဋိဇီဝေဆးယဥ္ပါးမႈက ေမြးျမဴေရးလုပ္ငန္းမ်ား၏ ပဋိဇီဝေဆးဝါးသုံးစြဲမႈေၾကာင့္ သတ္သတ္ျဖစ္ေပၚျခင္းမဟုတ္ဘဲ အျခားအခ်က္အလက္မ်ားစြာ (ဥပမာအားျဖင့္ လူမ်ားတြင္ နာမက်န္းျဖစ္ပါက ပဋိဇီဝေဆးဝါးမ်ားအား ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း သုံးစြဲျခင္း၊ ေဆးအရည္အေသြးမျပည့္မီျခင္း) ရွိေသးသည္ကို သတိျပဳသင့္ပါတယ္။

 

ေမြးျမဴေရးလုပ္ငန္းမ်ားတြင္ ပဋိဇီဝေဆးဝါးသုံးစြဲျခင္းဟာ ကုန္က်စရိတ္ ျမင့္မားသျဖင့္ ေမြးျမဴသူမ်ားအေနျဖင့္ ပဋိဇီဝေဆးဝါးမသုံးစြဲရေလ တြက္ေခ်ကိုက္ေလျဖစ္ပါတယ္။ ထို႔ေၾကာင့္ ေမြးျမဴေရးသမားမ်ား၏ ပကတိအေျခအေနအရပင္ ပဋိဇီဝေဆးဝါးမ်ားအား ေလ်ာ့ခ်သုံးစြဲရန္ ႀကိဳးစားေနၾကပါတယ္။ ေမြးျမဴေရးတြင္ လုံးဝအသုံးမျပဳေသာ ပဋိဇီဝေဆးဝါးမ်ားအား ယဥ္ပါးေနသည္ဆိုတဲ့ အခ်က္အား အထူးသတိျပဳသင့္ပါတယ္။

 

မည္သို႔ပင္ဆိုေစကာမူ ပဋိဇီဝေဆးယဥ္ပါးမႈဟူသည္မွာ တစ္ဦးတစ္ေယာက္၊ တစ္စုတစ္ဖြဲ႕ျဖင့္ ေဆာင္႐ြက္၍ မရဘဲ ျပည္သူ႔က်န္းမာေရးက႑၊ ေမြးျမဴေရးက႑၊ တိရစာၦန္က်န္းမာေရးက႑၊ ပတ္ဝန္းက်င္ေရးရာက႑ စသည္ျဖင့္ က႑ေပါင္းစုံႏွင့္ သက္ဆိုင္တဲ့ကိစၥရပ္ျဖစ္ရာ၊ ေမြးျမဴေရးက႑အေနျဖင့္လည္း ပဋိဇီဝေဆးယဥ္ပါးမႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အျခားက႑မ်ား၊ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိဳလ္မ်ားႏွင့္အတူ တက္တက္ၾကြၾကြေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

 

ယခုအခါ တိုးတက္ျမန္ဆန္လာတဲ့ အင္တာနက္ဆက္သြယ္ေရး၏ ေဘးထြက္ဆိုးက်ဳိးအျဖစ္ သတင္းအမွားမ်ား၊ သတင္းအတုမ်ား လြယ္ကူစြာ ျပန္႕ပြားႏိုင္တဲ့ အေျခအေနျဖစ္ပါတယ္။ တစ္ခါတရံတြင္ သတင္းအခ်က္အလက္အမွန္အား ပံုစံဖ်က္၍ ထုတ္လႊင့္ျခင္းမ်ားလည္း ရွိေနသည္ကို ေတြ႔ရွိရပါတယ္။  ျပည္သူလူထုအေနျဖင့္ သတင္းအခ်က္အလက္မ်ားအား မွန္ကန္ျခင္း ရွိ၊ မရွိ ျပန္လည္စိစစ္ၿပီးမွ လက္ခံၾကပါရန္ႏွင့္ ေမြးျမဴေရးႏွင့္ သက္ဆိုင္တဲ့ သတင္းအခ်က္အလက္မ်ားႏွင့္ ပတ္သက္၍ စိစစ္ရန္ လိုအပ္ပါက ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႔ခ်ဳပ္သို႕ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။


#Myanmar Food Industry Directory

Read times Last modified on Wednesday, 29 January 2020 17:01
Rate this item
(0 votes)