×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း ငရုတ်ဈေးကွက်ကောင်းနိုင်

Unicode

 

ပြည်တွင်း ငရုတ်ဈေးကွက်ကောင်းနိုင်

တရုတ်နှစ်သစ်ကူး ပြီးချိန်နှင့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံဘက်မှ ငရုတ်ထွက်ရှိတဲ့ ရာသီကုန်ဆုံးချိန်တွင် ပြည်တွင်းမှ အဝယ်များလာပြီး ငရုတ်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေးအသင်းမှ သိရပါတယ်။

 

လက်ရှိတွင် ပြည်တွင်း ငရုတ်ဈေးနှုန်းနှင့် ထိုင်းနိုင်ငံမှ ငရုတ်ဈေးနှုန်းတူညီနေခြင်း၊ တရုတ်နှစ်သစ်ကူးကာလနီးလာခြင်းတို့ကြောင့် ပြည်တွင်းမှ ထွက်ရှိတဲ့ ငရုတ်များကို ပြည်ပသို့ တင်ပို့မှု ယခုရက်ပိုင်းအတွင်း နည်းပါးနေသေးပါတယ်။

 

Read More >>>>>  ၾကက္သားထုတ္လုပ္မႈႏွင့္ အစားအေသာက္ေဘးကင္းလုံၿခဳံေရးကိစၥရပ္မ်ားဆိုင္ရာ စာနယ္ဇင္းရွင္းပြဲ

 

လက်ရှိတွင် ထိုင်းငရုတ်နဲ့ဈေးတူနေတဲ့အတွက် အဝယ်နည်းပြီး ဖေဖော်ဝါရီလတွင် သူတို့ဆီမှာ ရာသီကုန်ဆုံးချိန်ဖြစ်တဲ့အတွက်ကြောင့် အဲဒီအချိန်ရင် ဒီဘက်ကထွက်မယ့် ငရုတ်ကို တင်ပို့နိုင်ပြီး ယခုတော့ အရင်ဆုံးထွက်တဲ့အသီးတွေ ပေါ်နေတော့ အရွယ်နည်းနည်းကြီးနေသေးတယ်။  ပထမတစ်သုပ်ခူးပြီး အခြောက်လှမ်း၊ နောက်တစ်သုပ်ခူးပြီး နောက်အသီးမှာ အနည်းငယ်သေးပြီး အဲဒီအချိန်ဆိုရင်တော့ တင်ပို့ဖို့ အဆင်ပြေတယ်ဟု အသင်းဥက္ကဋ္ဌမှ ပြောကြားခဲ့ပါတယ်။

 

ငရုတ်သီးကို ငါးရက်တစ်ကြိမ်၊ ၁၅ ရက်တစ်ကြိမ် ခူးဆွတ်လေ့ရှိပြီး စိုက်ခင်းအရောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၁၀၀ နှင့် သန့်စင်ပြီး ပွဲရုံအရောက် ဈေးနှုန်းမှာ တစ်ပိဿာ ၁၅၀၀ ကျပ်အထိရှိ ကြောင်း လတ်တလောတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း၊ ချောင်းကြီး၊ အိမ်မဲ၊ ပန်းတနော် အစရှိတဲ့ မြို့နယ်တို့မှ ငရုတ်များ ထွက်ရှိကြောင်း သိရပါတယ်။

 

#MFID

 

ျပည္တြင္း င႐ုတ္ေစ်းကြက္ေကာင္းႏိုင္

 

တ႐ုတ္ႏွစ္သစ္ကူး ၿပီးခ်ိန္ႏွင့္ ေဖေဖာ္ဝါရီလအတြင္း ထိုင္းႏိုင္ငံဘက္မွ င႐ုတ္ထြက္ရွိတဲ့ ရာသီကုန္ဆံုးခ်ိန္တြင္ ျပည္တြင္းမွ အဝယ္မ်ားလာၿပီး င႐ုတ္ေစ်းႏႈန္းျမင့္တက္လာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ င႐ုတ္သီးေစ်းကြက္ႏွင့္ နည္းပညာဖြံ႔ၿဖိဳးေရးအသင္းမွ သိရပါတယ္။

 

လက္ရွိတြင္ ျပည္တြင္း င႐ုတ္ေစ်းႏႈန္းႏွင့္ ထိုင္းႏိုင္ငံမွ င႐ုတ္ေစ်းႏႈန္းတူညီေနျခင္း၊ တ႐ုတ္ႏွစ္သစ္ကူးကာလနီးလာျခင္းတို႕ေၾကာင့္ ျပည္တြင္းမွ ထြက္ရွိတဲ့ င႐ုတ္မ်ားကို ျပည္ပသို႕ တင္ပို႕မႈ ယခုရက္ပိုင္းအတြင္း နည္းပါးေနေသးပါတယ္။

 

Read More >>>>>  ၾကက္သားထုတ္လုပ္မႈႏွင့္ အစားအေသာက္ေဘးကင္းလုံၿခဳံေရးကိစၥရပ္မ်ားဆိုင္ရာ စာနယ္ဇင္းရွင္းပြဲ

 

လက္ရွိတြင္ ထိုင္းင႐ုတ္နဲ႕ေစ်းတူေနတဲ့အတြက္ အဝယ္နည္းၿပီး ေဖေဖာ္ဝါရီလတြင္ သူတုိ႕ဆီမွာ ရာသီကုန္ဆံုးခ်ိန္ျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီအခ်ိန္ရင္ ဒီဘက္္ကထြက္မယ့္ င႐ုတ္ကို တင္ပုိ႕နိုင္ၿပီး ယခုေတာ့ အရင္ဆံုးထြက္တဲ့အသီးေတြ ေပၚေနေတာ့ အရြယ္နည္းနည္းႀကီးေနေသးတယ္။  ပထမတစ္သုပ္ခူးၿပီး အေျခာက္လွမ္း၊ ေနာက္တစ္သုပ္ခူးၿပီး ေနာက္အသီးမွာ အနည္းငယ္ေသးၿပီး အဲဒီအခ်ိိန္ဆိုရင္ေတာ့ တင္ပို႕ဖို႕ အဆင္ေျပတယ္ဟု အသင္းဥကၠ႒မွ ေျပာၾကားခဲ့ပါတယ္။

 

င႐ုတ္သီးကို ငါးရက္တစ္ႀကိမ္၊ ၁၅ ရက္တစ္ႀကိမ္ ခူးဆြတ္ေလ့ရွိၿပီး စိုက္ခင္းအေရာက္ေစ်းႏႈန္းမွာ တစ္ပိႆာလွ်င္ ၁၁၀၀ ႏွင့္ သန္႕စင္ၿပီး ပြဲ႐ံုအေရာက္ ေစ်းႏႈန္းမွာ တစ္ပိႆာ ၁၅၀၀ က်ပ္အထိရွိ ေၾကာင္း လတ္တေလာတြင္ ဧရာဝတီတိုင္းေဒသႀကီး ေညာင္တုန္း၊ ေခ်ာင္းႀကီး၊ အိမ္မဲ၊ ပန္းတေနာ္ အစရွိတဲ့ ၿမိဳ ႔နယ္တို႕မွ င႐ုတ္မ်ား ထြက္ရွိေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Wednesday, 29 January 2020 17:00
Rate this item
(0 votes)