×

Warning

JUser: :_load: Unable to load user with ID: 540


ဂျာမနီနိုင်ငံမှ ကော်ဖီ Buyer Tour များနှင့် ချိတ်ဆက်

Unicode

 

ဂျာမနီနိုင်ငံမှ ကော်ဖီ Buyer Tour များနှင့် ချိတ်ဆက်

မြန်မာ့ကော်ဖီဈေးကွက် ပိုမိုခိုင်မာလာစေရေး ကမ္ဘာ့ကော်ဖီသောက်သုံးမှု အများဆုံး ဒုတိယနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံ၏   ဈေးကွက် ကျယ်ပြန့်စွာရရှိရန် ဂျာမနီနိုင်ငံမှ Buyer Tour များနှင့်   ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း  မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရပါတယ်။

 

ယခင်က မြန်မာ့ကော်ဖီကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ ပံ့ပိုးကူညီမှုအရ အမေရိကန်နှင့် ဥရောပ နိုင်ငံတချို့မှ  ဝယ်ယူခဲ့သော်လည်း ယခုအခါ  ယင်းစီမံကိန်း ပြီးစီးသွားပြီဖြစ်တဲ့အတွက်  ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ)  နှင့်ချိတ်ဆက်၍  ဂျာမနီနိုင်ငံမှ Buyer Tour များ ပိုမိုလာရောက်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရပါတယ်။

 

Read More >>>>>  Foodpanda မွ အစားအေသာက္မ်ားကို ရန္ကုန္ၿမိဳ႕ရိွ မွာယူသူမ်ားထံသို႔ ေန႔စဥ္ပို႔ေဆာင္ေပးလ်က္ရိွ

 

“ဈေးကွက်သစ်ဖြစ်တဲ့  ဂျာမနီနိုင်ငံက အရင်က ဝယ်ယူမှု နည်းနည်းပဲရှိတယ်။ ဒါကြောင့် များများ ဝယ်နိုင်အောင်နဲ့ ဈေးကွက် ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေတာပါ။ GIZ အကူအညီနဲ့  ဂျာမနီ Buyer Tour တွေ များများလာအောင် ဆောင်ရွက်နေတယ်” ဟု  မြန်မာနိုင်ငံ ကော်ဖီအသင်း ဒုတိယဥက္ကဋ္ဌ က ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်များက မြန်မာ့ကော်ဖီကို  အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊  နယ်သာလန်နှင့် စင်ကာပူ စတဲ့နိုင်ငံတို့များသို့ တင်ပို့မှုရှိခဲ့တဲ့အပြင်  ဂျာမနီနိုင်ငံသို့လည်း   အနည်းငယ် တင်ပို့ခဲ့ရသောကြောင့် ယခုနှစ်အတွင်း  ဈေးကွက်ပိုမို ကျယ်ပြန့်စေရန်  ချိတ်ဆက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ကော်ဖီရာသီချိန်တွင် ပြည်ပနိုင်ငံ အသီးသီးမှ Buyer Tourများ လာရောက် လေ့လာမှုရှိပြီး အဓိကအားဖြင့် ဇန်နဝါရီလကုန်မှ မတ်လအတွင်း လာရောက်လေ့ရှိကြောင်း၊ မြန်မာ့ကော်ဖီ ရာသီချိန်ဟာ ဒီဇင်ဘာလမှ မတ်လကုန်အထိဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံကော်ဖီ အသင်းက ကော်ဖီ ဈေးကွက်သစ်များ ရရှိစေရန် ဆောင်ရွက်ရာတွင်  ဥရောပ ဈေးကွက်သစ်များ အပါအဝင် ပြည်ပဈေးကွက်သစ်များ  ရရှိရန် ဂျာမနီနိုင်ငံ၌  ၂၀၁၉  ခုနှစ်  ဇွန်လက  ပြုလုပ်ခဲ့တဲ့  World of Coffee Berlin ပြပွဲတွင်   မြန်မာ့အထူးတန်းဝင် ကော်ဖီ ၁၃ မျိုးကို ပါဝင်မိတ်ဆက် ပြသခဲ့ကြောင်း သိရပါတယ်။

 

#MFID

 

 

ဂ်ာမနီႏိုင္ငံမွ ေကာ္ဖီ Buyer Tour မ်ားႏွင့္ ခ်ိတ္ဆက္

 

ျမန္မာ့ေကာ္ဖီေစ်းကြက္ ပိုမိုခိုင္မာလာေစေရး ကမၻာ့ေကာ္ဖီေသာက္သံုးမႈ အမ်ားဆံုး ဒုတိယႏိုင္ငံျဖစ္တဲ့ ဂ်ာမနီႏိုင္ငံ၏   ေစ်းကြက္ က်ယ္ျပန္႔စြာရရိွရန္ ဂ်ာမနီႏိုင္ငံမွ Buyer Tour မ်ားႏွင့္   ခ်ိတ္ဆက္ ေဆာင္ရြက္လ်က္ ရိွေၾကာင္း  ျမန္မာႏိုင္ငံ ေကာ္ဖီအသင္းမွ သိရပါတယ္။

 

ယခင္က ျမန္မာ့ေကာ္ဖီကို အေမရိကန္ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးေရးေအဂ်င္စီ (USAID) ၏ ပံ့ပိုးကူညီမႈအရ အေမရိကန္ႏွင့္ ဥေရာပ ႏိုင္ငံတခ်ဳိ႕မွ  ၀ယ္ယူခဲ့ေသာ္လည္း ယခုအခါ  ယင္းစီမံကိန္း ၿပီးစီးသြားၿပီျဖစ္တဲ့အတြက္  ဂ်ာမနီ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ (GIZ)  ႏွင့္ခ်ိတ္ဆက္၍  ဂ်ာမနီႏိုင္ငံမွ Buyer Tour မ်ား ပိုမိုလာေရာက္ရန္ လုပ္ေဆာင္လ်က္ ရိွေၾကာင္း သိရပါတယ္။

 

“ေစ်းကြက္သစ္ျဖစ္တဲ့  ဂ်ာမနီႏိုင္ငံက အရင္က ၀ယ္ယူမႈ နည္းနည္းပဲရွိတယ္။ ဒါေၾကာင့္ မ်ားမ်ား ၀ယ္ႏိုင္ေအာင္နဲ႔ ေစ်းကြက္ ထိုးေဖာက္ႏိုင္ေအာင္ ေဆာင္ရြက္ေနတာပါ။ GIZ အကူအညီနဲ႔  ဂ်ာမနီ Buyer Tour ေတြ မ်ားမ်ားလာေအာင္ ေဆာင္ရြက္ေနတယ္” ဟု  ျမန္မာႏိုင္ငံ ေကာ္ဖီအသင္း ဒုတိယဥကၠ႒ က ေျပာၾကားခဲ့ပါတယ္။

 

Read More >>>>>  Foodpanda မွ အစားအေသာက္မ်ားကို ရန္ကုန္ၿမိဳ႕ရိွ မွာယူသူမ်ားထံသို႔ ေန႔စဥ္ပို႔ေဆာင္ေပးလ်က္ရိွ

 

ၿပီးခဲ့တဲ့ ႏွစ္မ်ားက ျမန္မာ့ေကာ္ဖီကို  အေမရိကန္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊  နယ္သာလန္ႏွင့္ စင္ကာပူ စတဲ့ႏိုင္ငံတို႕မ်ားသို႔ တင္ပို႔မႈရွိခဲ့တဲ့အျပင္  ဂ်ာမနီႏိုင္ငံသို႔လည္း   အနည္းငယ္ တင္ပို႔ခဲ့ရေသာေၾကာင့္ ယခုႏွစ္အတြင္း  ေစ်းကြက္ပိုမုိ က်ယ္ျပန္႔ေစရန္  ခ်ိတ္ဆက္ ေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

ေကာ္ဖီရာသီခ်ိန္တြင္ ျပည္ပႏိုင္ငံ အသီးသီးမွ Buyer Tourမ်ား လာေရာက္ ေလ့လာမႈရိွၿပီး အဓိကအားျဖင့္ ဇန္န၀ါရီလကုန္မွ မတ္လအတြင္း လာေရာက္ေလ့ရိွေၾကာင္း၊ ျမန္မာ့ေကာ္ဖီ ရာသီခ်ိန္ဟာ ဒီဇင္ဘာလမွ မတ္လကုန္အထိျဖစ္ေၾကာင္း သိရပါတယ္။

 

ျမန္မာႏိုင္ငံေကာ္ဖီ အသင္းက ေကာ္ဖီ ေစ်းကြက္သစ္မ်ား ရရိွေစရန္ ေဆာင္ရြက္ရာတြင္  ဥေရာပ ေစ်းကြက္သစ္မ်ား အပါအဝင္ ျပည္ပေစ်းကြက္သစ္မ်ား  ရရိွရန္ ဂ်ာမနီႏိုင္ငံ၌  ၂၀၁၉  ခုႏွစ္  ဇြန္လက  ျပဳလုပ္ခဲ့တဲ့  World of Coffee Berlin ျပပြဲတြင္   ျမန္မာ့အထူးတန္းဝင္ ေကာ္ဖီ ၁၃ မ်ဳိးကို ပါဝင္မိတ္ဆက္ ျပသခဲ့ေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Wednesday, 29 January 2020 16:49
Rate this item
(0 votes)