×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီသီးကို ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိ

Unicode

ကော်ဖီသီးကို ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိ


တနင်္သာရီတိုင်းဒေသကြီး  မောတောင်မြို့တွင်   ယခုအခါကော်ဖီသီး အပင်များကို စိုက်ပျိုးပြီး သဘာဝအတိုင်း ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချလျက် ရှိကြောင်း သိရပါတယ်။


မောတောင်မြို့တွင် ကော်ဖီသီးအပင်များ စိုက်ပျိုးသူရှိလာပြီး ထွက်ရှိလာတဲ့ အသီး၊ အစေ့ကုန်ကြမ်းများကို အိမ်နီးချင်း ထိုင်းနိုင်ငံသို့   အများဆုံး တင်ပို့ကြသော်လည်း ကုန်ကြမ်းများမှာ ဈေးကောင်းမရရှိဘဲဖြစ်နေကြောင်း တောင်သူများထံမှ သိရပါတယ်။


မောတောင်ဒေသတွင် ရာသီဥတုမျှတခြင်းကြောင့် ကော်ဖီပျိုးပင် စိုက်ခင်းများမှာ ၉၅ ရာခိုင်နှုန်းအထိ စိုက်ပျိုးအောင်မြင်နေကြပြီး လက်ရှိတွင် မောတောင်မြို့ရှိ ကော်ဖီခြံတွင် အရည်အသွေးကောင်းသော ကော်ဖီသီး အပင်ရေ တစ်သောင်းကျော်ကို မြေဧက ၅၀ တွင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပါတယ်။


ကော်ဖီသီးအစေ့တွေကို အရင်ဆုံးထိုင်းကို ကုန်ကြမ်းအနေနဲ့ တင်ပို့ရောင်းချပါတယ်။ သို့ပေမယ့် ဟိုဘက်ကဈေးနှိမ်တော့  ကိုယ့်ဒေသမှာပဲ ဈေးကောင်းရအောင် ဘယ်လိုမျိုး ထုတ်လုပ်ရောင်းချရင် ကောင်းမလဲဆိုတာ စိတ်ကူးရင်း ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချဖြစ်ခဲ့တယ်။


ထိုင်းမှာ ကုန်ချောကော်ဖီ အမှုန့်သွားဝယ်ရင်  ၁ ကီလို ကို  ဘတ် ၄၀၀ ပေးရတယ်။ ကိုယ့်ဆီက ပေးလိုက်တဲ့ ကုန်ကြမ်းအသီးက ၁ ကီလို  ၁၅ ဘတ်မှ ၃၀ အထိပဲရတော့ အရမ်းနစ်နာတယ်လို့ ကော်ဖီခြံ ပိုင်ရှင်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

Read More >>>>>  ကြက်ဟင်းခါးသီးထောင်း


မောတောင်ကော်ဖီသီး စိုက်ခင်းကို ၂၀၁၃ ခုနှစ်ကစတင်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် အသီးများ စသီးခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံဘက်သို့ မူလက ကော်ဖီအစေ့များ ရောင်းချခဲ့သော်လည်း ဈေးနှိမ်ဝယ်ယူခြင်းကြောင့် ယခုအခါ ကုန်ကြမ်း အဖြစ်မှ တစ်ပိုင်တစ်နိုင် ကုန်ချောအဖြစ် ကော်ဖီအမှုန့်နှင့် အသင့်ဖျော်သောက်၍ ရသော  ထုတ်ကုန်နှစ်မျိုးကို ထုတ်လုပ်ရောင်းချနေကြောင်း ကော်ဖီခြံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။


လက်ရှိတွင် ကုန်ချောကော်ဖီအမှုန့်ကို ထုတ်လုပ်ရောင်းချနေတာ တစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ ဒေသထုတ် ကော်ဖီအမှုန့် တစ်ထုပ်လျှင်ငွေကျပ် ၄၀၀၀၊ ၆၅၀၀ မှ ၈၀၀၀ အထိ အရွယ်အစားအလိုက် ရောင်းချနေပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် အခြားမြို့ကြီးအချို့သို့ တင်သွင်းဖြန့်ချိလျက် ရှိကြောင်း သိရပါတယ်။


#MFID

 

 

 


 


 


 


 


 


 

Read More >>>>>  ကြက်ဟင်းခါးသီးထောင်း

 


 


 

#MFID

Read times Last modified on Wednesday, 29 January 2020 16:47
Rate this item
(0 votes)