×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားမြိန်စေမယ့် ကင်ပွန်းချဉ်ရွက်ထောင်း

Unicode

 

ထမင်းစားမြိန်စေမယ့် ကင်ပွန်းချဉ်ရွက်ထောင်း   


ကင်ပွန်းချဉ်ရွက်ကို ပုံစံအမျိုးမျိုးနဲ့လုပ်စားကြတာများပါတယ်။ ယခုတော့ အစပ်ကြိုက်နှစ်သက်သူများအတွက် ကင်ပွန်းချဉ်ရွက်ထောင်းနည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကင်ပွန်းချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီတို့လိုအပ်ပါမယ်။


ပထမဦးဆုံး ကင်ပွန်းချဉ်ရွက်တွေကို ချွေလိုက်ပါ။ ပြီးလျှင် ရေဆေးရေသန့်စင်ပြီး စစ်ထားကာ ဆူနေတဲ့ရေနွေးမှာ သုံးမိနစ်ခန့်ပြုတ်ပြီး အချဉ်ရည်တွေကို စစ်ထုတ်လိုက်ပါ။


ပြီးနောက် ငရုတ်သီးအခြောက်တောင့်နှင့် ကြက်သွန်ဖြူကို ဦးစွာ ညက်အောင်ထောင်းပေးပါ။

 

Read More >>>>>  ၾကက္ဟင္းခါးသီးေထာင္း


ပြီးလျှင် ဆားနဲ့ ဟင်းခတ်မှုန့်ကိုလည်း ထည့်ပြီးထောင်းပေးပါ။


ပြီးနောက် ကြက်သွန်နီတွေကို ခပ်ကြမ်းကြမ်းလှီးထည့်ပြီး ငရုတ်ကျည်ပွေ့ဖြင့် ပွတ်ချေပေးပါ။


ပြီးရင်တော့ ပြုတ်ထားတဲ့ ကင်ပွန်းချဉ်ရွက်တွေကိုထည့်ပြီး သမသွားအောင် ထပ်မံပွတ်ချေပေးပါ။


အရသာလည်းအနေတော်လေးဖြစ်သွားပြီဆိုရင်တော့ ဆီအနည်းငယ်ထည့်ပြီးမွှေပေးပါ။  ပြီးနောက် ထမင်းပူပူ၊ ကုလားပဲဟင်းရည်လေးနဲ့ဆိုရင်တော့ ထမင်းစားလို့မြိန်စေမှာဖြစ်ပါတယ်။


#MFID

 

 

 


ထမင္းစားၿမိန္ေစမယ့္ ကင္ပြန္းခ်ဥ္႐ြက္ေထာင္း   

 

ကင္ပြန္းခ်ဥ္ရြက္ကို ပံုစံအမ်ဳိးမ်ဳိးနဲ႕လုပ္စားၾကတာမ်ားပါတယ္။ ယခုေတာ့ အစပ္ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ကင္ပြန္းခ်ဥ္ရြက္ေထာင္းနည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ကင္ပြန္းခ်ဥ္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ငရုတ္သီးအေျခာက္ေတာင့္၊ ဆား၊ ဟင္းခတ္မႈန္႕၊ ဆီတို႕လိုအပ္ပါမယ္။

 

ပထမဦးဆံုး ကင္ပြန္းခ်ဥ္႐ြက္ေတြကို ေခြ်လိုက္ပါ။ ၿပီးလွ်င္ ေရေဆးေရသန္႕စင္ၿပီး စစ္ထားကာ ဆူေနတဲ့ေရေႏြးမွာ သုံးမိနစ္ခန္႔ျပဳတ္ၿပီး အခ်ဥ္ရည္ေတြကို စစ္ထုတ္လိုက္ပါ။

 

ၿပီးေနာက္ င႐ုတ္သီးအေျခာက္ေတာင့္ႏွင့္ ၾကက္သြန္ျဖဴကို ဦးစြာ ညက္ေအာင္ေထာင္းေပးပါ။

 

ၿပီးလွ်င္ ဆားနဲ႔ ဟင္းခတ္မႈန္႔ကိုလည္း ထည့္ၿပီးေထာင္းေပးပါ။

 

Read More >>>>>  ၾကက္ဟင္းခါးသီးေထာင္း

 

ၿပီးေနာက္ ၾကက္သြန္နီေတြကို ခပ္ၾကမ္းၾကမ္းလွီးထည့္ၿပီး င႐ုတ္က်ည္ေပြ႕ျဖင့္ ပြတ္ေခ်ေပးပါ။

 

ၿပီးရင္ေတာ့ ျပဳတ္ထားတဲ့ ကင္ပြန္းခ်ဥ္႐ြက္ေတြကိုထည့္ၿပီး သမသြားေအာင္ ထပ္မံပြတ္ေခ်ေပးပါ။

 

အရသာလည္းအေနေတာ္ေလးျဖစ္သြားၿပီဆုိရင္ေတာ့ ဆီအနည္းငယ္ထည့္ၿပီးေမႊေပးပါ။  ၿပီးေနာက္ ထမင္းပူပူ၊ ကုလားပဲဟင္းရည္ေလးနဲ႕ဆိုရင္ေတာ့ ထမင္းစားလို႕ၿမိန္ေစမွာျဖစ္ပါတယ္။

 

#MFID

Read times Last modified on Wednesday, 29 January 2020 16:45
Rate this item
(0 votes)