သင်္ဘောရွက်ကြိတ်ရေ သောက်သုံးခြင်းဖြင့် ရရှိတဲ့အကျိုးကျေးဇူးများ
"Unicode"
သင်္ဘောရွက်ကြိတ်ရေ သောက်သုံးခြင်းဖြင့် ရရှိတဲ့အကျိုးကျေးဇူးများ
နိုင်ငံတကာဆေးလောက ပညာရှင်တွေ အတည်ပြုခဲ့ရတဲ့ ဆေးစွမ်းထက်တဲ့ သင်္ဘောပင်အရွက်ရဲ့ အာနိသင်ဟာ တကယ်ကို ဆေးဝါးအဖြစ်သုံးနိုင်ပြီး အာနိသင် ထက်မြက်ကြောင်းသိရပါတယ်။
ခန္ဓာကိုယ်တွင်းမှာဖြစ်နေတဲ့ ရောဂါပိုးတွေ တိုက်ဖျက်ပေးပြီး ကိုယ်ခံအား ကောင်းမွန်စေပါတယ်။
သင်္ဘောသီးမှာ ဗီတာမင် အေ၊ စီ၊ အီးနဲ့ ဗီတာမင်ကေစတဲ့ ဗီတာမင်ဓါတ်များစွာ ပါဝင်ပြီး ကိုယ်ခန္ဓာအတွက် ကိုယ်ခံအားအောင်း ကောင်းမွန်တဲ့ ဓာတ်များဖြစ်တဲ့ magnesium, potassium, niacin, carotene, proteins, fibers နဲ့ papain enzyme များ ပါဝင်ပါတယ်။
ကင်ဆာရောဂါခံစားနေရတဲ့ ဝေဒနာရှင်များ အတွက် ကင်ဆာဆဲလ်တွေကို ရှင်းပစ်နိုင်ပါတယ်။ ခြင်ကိုက် ရာမှ ဖြစ်ပေါ်လာသော အဖျားရောဂါများ ငှက်ဖျား - malaria - တုတ်ကွေး - dengue fever အဖျားပျောက်ကင်းနိုင်ပါတယ်။
Treat marcel pain မိုးအေးလို့ ခြေဆစ်လက်ဆစ်တွေ ကိုက်ခဲနေကြတဲ့ သူများ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ Hight blood pressure သွေးပေါင်ချိန် တက်နေသူများ၊ အရေပြား ရောဂါ ဆိုင်ရာ လူနာများ (Skin disease) ဆီးချိုရောဂါသည်အတွက် ကောင်းပါတယ် ဆီးနည်း၊ ဆီးအောင့်ခြင်း ဖြစ်နေသူတွေအတွက် သောက်သင့်ပါတယ်။ ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း သင်္ဘောရွက်ကြိတ်ရည်ကို သောက်ပေးနိုင်ပါတယ်။
Read More >>>>> စီးပွားရေးအခွင့်အလမ်းနှင့် ဈေးရောင်းပွဲတော်
ဆေးဝါးအဖြစ်အသုံးပြုပုံ
သင်္ဘောရွက်အကြမ်းရွက်အရွတ်ကို ကျောက်ပြင်ပေါ်ကြိတ်(သို့) ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ရေနဲ့ရောပြီး ပိတ်ပါးပါးထုတ်၍ အရည်ညှစ်ပြီး တစ်န့သုံးကြိမ် သောက်နိုင်ပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလိုလည်း စားပေးလို့ရပါတယ်။ သင်္ဘောအရွက်ကို နေပူလှန်းပြီး အခြောက်ခံ အမှုန့်ဖြစ်အောင်လုပ်ပြီး ရေနွေးနဲ့ ရောပြီးသောက်နိုင်ပါတယ်။
အရသာ ခါးသက်သက်နဲ့ဘေးထွက်ဆိုးကျိုးမရှိပဲ နေ့စဉ်သောက်ပေးတဲ့သူတွေအတွက်ရော သင်္ဘောသီးအစိမ်း အမှည့်ကို စားသုံးနေသူတွေဟာ အရွယ် တင်ခြင်းနုပျိုခြင်းနဲ့အသားအရည် ဝင်းပ လာစေတဲ့အထိ အစွမ်းထက်တဲ့ သင်္ဘောပင်ပါ။
#Myanmar Food Industry Directory
Ref: မြန်မာ့ဆေးစွမ်းကောင်းများ
Read More >>>>> စီးပွားရေးအခွင့်အလမ်းနှင့် ဈေးရောင်းပွဲတော်