ချဉ်ငံစပ်အရသာလေးနဲ့ အပ်မှိုအစပ်သုပ်
Unicode
ချဉ်ငံစပ်အရသာလေးနဲ့ အပ်မှိုအစပ်သုပ်
ခံတွင်းမတွေ့သူများအတွက် ချဉ်ငံစပ် အပ်မှိုအစပ်သုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ အပ်မှို၊ သံပရာသီး၊ သကြား၊ ငရုတ်သီးစိမ်း၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ ငံပြာရည်တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး အပ်မှိုကို ရေစင်စင်ဆေးကြောပြီး ရေနွေးပူပူထဲသို့ ကိုယ်လိုအပ်တဲ့အခြေအနေ ထိရောက်အောင် ပြုတ်ပေးထားပါ။
Read More >>>>> အချိုရည်လုပ်ငန်းများ၊ လက်ဖက်ခြောက်လုပ်ငန်းများ၊ ရေသန့်လုပ်ငန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ် အပြည့်အစုံ သိရှိလိုပါက .....
ပြီးနောက် ရပြီဆိုရင်တော့ ဆယ်ပြီး အအေးခံထားပါ။
ပြီးလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သကြားတို့ကို ကြိတ်စက်ထဲထည့်ပြီး ထည့်ပေးပါ။
ပြီးနောက် အပ်မှိုအေးတာလေးကို ပန်းကန်ထဲထည့်ပြီး ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သကြားတို့ကိုထည့်၊ သံပရာသီး၊ ကြက်သားမှုန့်နှင့် ငံပြာရည် တို့ကိုလည်း ထည့်၍ ရောနယ်ပေးပါ။
ပြီးလျှင် အပေါ့အငန်မြည်းကြည့်ပါ။ အရသာအနေတော်ဖြစ်ပြီဆိုရင်တော့ ချဉ်ငံစပ် အရသာလေးနဲ့ အပ်မှိုအစပ်သုပ်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
ခ်ဥ္ငံစပ္အရသာေလးနဲ႕ အပ္မိႈအစပ္သုပ္
ခံတြင္းမေတြ႔သူမ်ားအတြက္ ခ်ဥ္ငံစပ္ အပ္မႈိအစပ္သုပ္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။
ပါဝင္ပစၥည္းမ်ားကေတာ့ အပ္မႈိ၊ သံပရာသီး၊ သၾကား၊ င႐ုတ္သီးစိမ္း၊ ၾကက္သားမႈန္႕၊ ၾကက္သြန္ျဖဴ၊ ငံျပာရည္တို႕ လိုအပ္ပါမယ္။
ပထမဦးဆံုး အပ္မႈိကို ေရစင္စင္ေဆးေၾကာၿပီး ေရေႏြးပူပူထဲသို႕ ကိုယ္လိုအပ္တဲ့အေျခအေန ထိေရာက္ေအာင္ ျပဳတ္ေပးထားပါ။
Read More >>>>> အခ်ဳိရည္လုပ္ငန္းမ်ား၊ လက္ဖက္ေျခာက္လုပ္ငန္းမ်ား၊ ေရသန္႕လုပ္ငန္းမ်ား၏ လိပ္စာႏွင့္ ဖုန္းနံပါတ္ အျပည့္အစံု သိရွိလိုပါက .....
ၿပီးေနာက္ ရၿပီဆုိရင္ေတာ့ ဆယ္ၿပီး အေအးခံထားပါ။
ၿပီးလွ်င္ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း၊ သၾကားတို႕ကို ႀကိတ္စက္ထဲထည့္ၿပီး ထည့္ေပးပါ။
ၿပီးေနာက္ အပ္မႈိေအးတာေလးကို ပန္းကန္ထဲထည့္ၿပီး ႀကိတ္ထားတဲ့ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း၊ သၾကားတို႕ကိုထည့္၊ သံပရာသီး၊ ၾကက္သားမႈန္႕ႏွင့္ ငံျပာရည္ တို႕ကိုလည္း ထည့္၍ ေရာနယ္ေပးပါ။
ၿပီးလွ်င္ အေပါ့အငန္ျမည္းၾကည့္ပါ။ အရသာအေနေတာ္ျဖစ္ၿပီဆုိရင္ေတာ့ ခ်ဥ္ငံစပ္ အရသာေလးနဲ႕ အပ္မႈိအစပ္သုပ္ေလးကို ထမင္းပူပူေလးနဲ႕ ၿမိန္ယွက္စြာ သံုးေဆာင္ႏုိင္ပါတယ္။
Myanmar Food Industry Directory