×
Warning
JUser: :_load: Unable to load user with ID: 540
ထိုင်းစတိုင် ဝက်သားခြောက်ကြော်
Unicode
ထိုင်းစတိုင် ဝက်သားခြောက်ကြော်
ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်  နေလှန်းထားတဲ့ ဝက်သားခြောက်ကြော်လုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဝက်သား၊ တရုတ်နံနံပင်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ခရုဆီ၊ ငါးငံပြာရည်၊ ဆီ တို့လိုအပ်ပါမယ်။
Butter (76)ထောပတ်ထုတ်လုပ်ငန်းများ ၇၆ ခုကိုရှာရန်နှိပ်ပါ။
ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ပြီး အနေတော်အရွယ် အမြှောင်းလေးတွေဖြစ်အောင် လှီးထားပါ။
ပြီးလျှင် ကြက်သွန်ဖြူနှင့် တရုတ်နံနံပင် အမြစ်ကို လှီးပြီး အနှစ်ဖြစ်တဲ့အထိ ငရုတ်ဆုံဖြင့် ထောင်းပါ။
ပြီးနောက်  တရုတ်နံနံပင်၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ခရုဆီ၊ ငါးငံပြာရည် ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူ၊  တရုတ်နံနံအနှစ်ကို ရောထောင်းထားတဲ့ အနှစ်နဲ့ရောမွှေပါ။
ပြီးလျှင် ဝက်သားကိုထည့်ပြီး နယ်လိုက်ပါ။ နေလှန်းပြီး မစားချင်သူတွေအတွက် ဝက်သားကို ကြာကြာနှပ်ထားပါ။ နေလှန်းပြီးမှ စားချင်သူတွေအတွက် နှစ်နာရီမှ လေးနာရီခန့်လှမ်းထားပါ။ ဟိုဘက်ဒီဘက်လှန်ပေးပါ။
ပြီးရင် ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ဆီထည့်ပါ။ ဆီပူလာလျှင် နေလှန်းထားသော ဝက်သားခြောက်ကို ယူပြီး ဆီပူပူလေးနှင့်ကြော်လိုက်ပါ။
Read More >>>>>   သက်သတ်လွတ် တုန်ယမ်းဟင်းချို
ရွှေဝါရောင်သန်းလာပြီဆိုရင်တော့ ထိုင်းစတိုင်ဝက်သားများကို ပြန်ဆယ်ပြီး ကြိုက်နှစ်သက်ရာ အချဉ်ရည် နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
Read times Last modified on Saturday, 22 February 2020 11:44
Rate this item
(0 votes)