×

Warning

JUser: :_load: Unable to load user with ID: 540


ဗိုက်ပြည့်လျှင် စားသုံးပေးသင့်သော အစားအစာများ

Unicode

ဗိုက်ပြည့်လျှင် စားသုံးပေးသင့်သော အစားအစာများ  

 


အစားအစာအများကြီးစားလို့ ဗိုက်တင်း၊ ဗိုက်ပြည့်ရင် စားသုံးပေးသင့်တဲ့အစား အစာများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 
နာနတ်သီး

နာနတ်သီးထဲမှာ ဘရိုမီလင်အင်ဇိုင်းက အစာအိမ်ချေဖျက်ပေးတဲ့ အက်စစ်ကို ပုံမှန်ဖြစ်စေပြီး ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကို သက်သာစေတဲ့အတွက် ရင်ပြည့်ရင်ကယ်သူများအနေဖြင့် နာနတ်သီးဖျော်ရည်ကို သောက်သုံးပေးသင့်ပါတယ်။


Packing & Wrapping Equipment (163)ထုတ်ပိုးခြင်းအတွက်လိုအပ်သောပစ္စည်းများကိုဝယ်ယူနိုင်သည့်ဆိုင်များ (၁၆၃) ခုကိုရှာရန်နှိပ်ပါ။


ငှက်ပျောသီး

ငှက်ပျောသီးက ကျန်းမာရေးအတွက် စားသုံးရန်အလွန်ကောင်းမွန်တဲ့ အသီးတစ်မျိုးဖြစ်တဲ့အပြင် ဝမ်းနဲ့ အစာချေစနစ်အတွက်လည်း ကောင်းမွန်စေတဲ့အတွက် ဗိုက်တင်း၊ ဗိုက်ပြည့်သူများ အနေဖြင့်အစာစားပြီး တစ်နေ့တစ်လုံး စားသုံးနိုင်ပါတယ်။


လက်ဖက်ရည်ကြမ်း

ရေနွေးပူပူတစ်ခွက်ထဲတွင် မိမိတို့ကြိုက်နှစ်သက်သော လက်ဖက်ခြောက်အနည်းငယ်ထည့်ပြီး မိနစ် အနည်းငယ်ထား၍ သောက်သုံးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး အဖန်ဓာတ်များပါဝင်ခြင်းကြောင့် မအီမသာဖြစ်ခြင်းကို သက်သာစေရုံသာမက ခံတွင်းနံ့ကိုပါ ကောင်းမွန်စေပါတယ်။


သံပရာဖျော်ရည်

သံပရာသီးနှစ်လုံးကို အရည်ညစ်ပြီး လီတာဝက်ခန့်ရေခွက်ထဲတွင် ဆားအနည်းငယ်၊ သကြား နဲ့ ရေသန့်ရောပြီး မွှေကာသောက်သုံးခြင်းဖြင့် အစာကြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် သံပရာသီးတွင် အက်ဓာတ်တစ်မျိုးပါရှိသောကြောင့် အူလမ်းကြောင်းကို သန့်စင်စေပါတယ်။


Read More >>>>>   ဆုရကော်ဖီများကို ပြည်ပနိုင်ငံများရှိ ကော်ဖီပြပွဲများတွင် ပါဝင်ပြသမည်


ဒိန်ချဉ်

ဒိန်ချဉ်ကို ပျာရည်းအနည်းငယ်ရောပြီး သောက်သုံးပေးခြင်းဖြင့် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် ဒိန်ချဉ်က ခန္ဓာကိုယ်အတွက်လိုအပ်သော ဘက်တီးရီးယားများပါရှိတဲ့အတွက် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကိုသက်သာစေနိုင်ပါတယ်။


Myanmar Food Industry Directory

 

 

 


 


 
နာနတ်သီး


 


 

ငှက်ပျောသီး



လက်ဖက်ရည်ကြမ်း


 

သံပရာဖျော်ရည်


 


 

ဒိန်ချဉ်


 


Read times Last modified on Saturday, 22 February 2020 13:16
Rate this item
(0 votes)