×

Warning

JUser: :_load: Unable to load user with ID: 540


ငရုတ်သီးတောထုပ်များ ထိုင်းနိုင်ငံသို့ စမ်းသပ်တင်ပို့

Unicode


ငရုတ်သီးတောထုပ်များ ထိုင်းနိုင်ငံသို့ စမ်းသပ်တင်ပို့


ပြည်တွင်းရှိ စနစ်တကျမရွေးချယ်ရသေးတဲ့ ခူးဆွတ်ပြီး ငရုတ်သီးတောထုပ်များကို ထိုင်းနိုင်ငံသို့ စမ်းသပ် တင်ပို့နေတဲ့အပြင် တရုတ်နိုင်ငံသို့လည်း အနည်းငယ် တင်ပို့နေရကြောင်း မြန်မာနိုင်ငံ ငရုတ်သီး ဈေးကွက်နှင့်  နည်းပညာဖွံ့ဖြိုးရေး အသင်းမှ သိရပါတယ်။


Sauces (Chilli) (42)ငရုတ်ဆော့စ်လုပ်ငန်းများ (၄၂) ခုကိုရှာရန်နှိပ်ပါ။


ထိုသို့တင်ပို့ရာတွင် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ငရုတ်သီးများကို တင်ပို့နေခြင်းဖြစ်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၈၅၀ အထိသာ ဈေးနှုန်းရရှိကာ တရုတ်နိုင်ငံရှိ ဝယ်လက်များ၏ပြောကြားမှုအရ မတ်လအတွင်း ပိုမိုဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။


လက်ရှိတွင် ရွှေလီမြို့နှင့် အနီးတစ်ဝိုက်သို့ စားသုံးရန်သာ အနည်းငယ်တင်ပို့နေရပြီး မတ်လ အတွင်းမှသာ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကာ ထိုင်းနိုင်ငံသို့လည်း ဈေးကွက်ပြိုင်ဆိုင် တင်ပို့နေရသည့်အတွက် လတ်တလော ဈေးကောင်းမရရှိသေးကြောင်း သိရပါတယ်။


Read More >>>>>  တရုတ်နိုင်ငံသို့ သခွားမွှေးများသာ တင်ပို့


ငရုတ်ကို ပြည်တွင်းတွင် ဧရာဝတီတိုင်း ဒေသကြီး အပါအဝင် ကျောက်ဆည်၊ မြစ်သား၊ ဟန်မြင့်မိုရ် စတဲ့ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတို့တွင်လည်း  စိုက်ပျိုးကြောင်း သိရပါတယ်။


#MFID

 

 

 

 

င႐ုတ္သီးေတာထုပ္မ်ား ထိုင္းႏိုင္ငံသို႔ စမ္းသပ္တင္ပို႔

 

ျပည္တြင္းရွိ စနစ္တက်မေရြးခ်ယ္ရေသးတဲ့ ခူးဆြတ္ၿပီး င႐ုတ္သီးေတာထုပ္မ်ားကို ထိုင္းႏိုင္ငံသို႔ စမ္းသပ္ တင္ပို႔ေနတဲ့အျပင္ တ႐ုတ္ႏိုင္ငံသို႔လည္း အနည္းငယ္ တင္ပို႔ေနရေၾကာင္း ျမန္မာႏိုင္ငံ င႐ုတ္သီး ေစ်းကြက္ႏွင့္  နည္းပညာဖြံ႕ၿဖိဳးေရး အသင္းမွ သိရပါတယ္။

 

Sauces (Chilli) (42)ငရုတ္ေဆာ့စ္လုပ္ငန္းမ်ား (၄၂) ခုကိုရွာရန္ႏွိပ္ပါ။

 

ထိုသို႔တင္ပို႔ရာတြင္ ဧရာ၀တီတိုင္းေဒသႀကီးမွ ထြက္ရွိေသာ င႐ုတ္သီးမ်ားကို တင္ပို႔ေနျခင္းျဖစ္ၿပီး တစ္ပိႆာလွ်င္ ေငြက်ပ္ ၈၅၀ အထိသာ ေစ်းႏႈန္းရရွိကာ တ႐ုတ္ႏိုင္ငံရွိ ၀ယ္လက္မ်ား၏ေျပာၾကားမႈအရ မတ္လအတြင္း ပိုမို၀ယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

 

လက္ရွိတြင္ ေရႊလီၿမိဳ႕ႏွင့္ အနီးတစ္၀ိုက္သို႔ စားသုံးရန္သာ အနည္းငယ္တင္ပို႔ေနရၿပီး မတ္လ အတြင္းမွသာ ပိုမိုတင္ပို႔ႏိုင္မည္ျဖစ္ကာ ထိုင္းႏိုင္ငံသုိ႔လည္း ေစ်းကြက္ၿပိဳင္ဆိုင္ တင္ပို႔ေနရသည့္အတြက္ လတ္တေလာ ေစ်းေကာင္းမရရွိေသးေၾကာင္း သိရပါတယ္။

 

Read More >>>>>  တ႐ုတ္ႏိုင္ငံသို႕ သခြားေမႊးမ်ားသာ တင္ပို႕

 

င႐ုတ္ကို ျပည္တြင္းတြင္ ဧရာ၀တီတိုင္း ေဒသႀကီး အပါအ၀င္ ေက်ာက္ဆည္၊ ျမစ္သား၊ ဟန္ျမင့္မိုရ္ စတဲ့ ျမန္မာႏိုင္ငံ အထက္ပိုင္း ေဒသတို႔တြင္လည္း  စိုက္ပ်ဳိးေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Monday, 24 February 2020 08:28
Rate this item
(0 votes)