အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်မယ့် အော်ဂဲနစ်ဈေးတန်း

Unicode

 

အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်မယ့် အော်ဂဲနစ်ဈေးတန်း


အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်မယ့် အော်ဂဲနစ်ဈေးတန်းကို ဒဂုံ (မြောက်ပိုင်း) မြို့နယ် (၃၅) ရပ်ကွက် ၄၀ ဈေးအနီး တပင်ရွှေထီးလမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက်က ဖွင့်လှစ်ခဲ့ကြောင်း အော်ဂဲနစ်ဈေးတန်းဖြစ်မြောက်ရေးတာဝန်ခံတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။


Fruit & Vegetables (Producers/Wholesalers) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်ရောင်းသည့်ဆိုင်များ ၄၁၂ ကိုရှာရန်နှိပ်ပါ။


ဒီဈေးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရဲ့ ထောက်ပံ့မှုနဲ့ ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒီမှာ ရောင်းချမယ့် ပစ္စည်းတွေက ဓာတုဆိုးဆေးကင်းလွတ်တဲ့ အသီးအနှံတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေဖြစ်ပါတယ်။  အချိုမှုန့်ဆိုရင်လည်း အချိုမှုန့်အစားထိုး ပဲပိစပ်ဟင်းခတ်မှုန့်၊ အသုံးအဆောင်ပစ္စည်းဆိုရင်လည်း အသီးအနှံကထုတ်တဲ့ ပစ္စည်းတွေရောင်းချတာပါဟု  အော်ဂဲနစ်ဈေးတန်းဖြစ်မြောက်ရေးတာဝန်ခံတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။


Read More >>>>> ဆုရကော်ဖီများကို ပြည်ပနိုင်ငံများရှိ ကော်ဖီပြပွဲများတွင် ပါဝင်ပြသမည်


ယင်းအော်ဂဲနစ်ဈေးတန်းကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ် ရောင်းချမည်ဖြစ်ပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များမှာလည်း အော်ဂဲနစ်လက်မှတ်ရရှိထားပြီး အလှကုန်နှင့်ထုတ်ကုန်များမှာလည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း၏ ထောက်ခံချက်ဖြင့် ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။


#MFID

 

 

 

အပတ္စဥ္ တနဂၤေႏြေန႕တိုင္းဖြင့္လွစ္မယ့္ ေအာ္ဂဲနစ္ေစ်းတန္း

 

အပတ္စဥ္ တနဂၤေႏြေန႕တိုင္းဖြင့္လွစ္မယ့္ ေအာ္ဂဲနစ္ေစ်းတန္းကို ဒဂံု (ေျမာက္ပိုင္း) ၿမိဳ ႔နယ္ (၃၅) ရပ္ကြက္ ၄၀ ေစ်းအနီး တပင္ေရႊထီးလမ္းတြင္ ေဖေဖာ္ဝါရီ ၂၃ ရက္က ဖြင့္လွစ္ခဲ့ေၾကာင္း ေအာ္ဂဲနစ္ေစ်းတန္းျဖစ္ေျမာက္ေရးတာဝန္ခံတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

Fruit & Vegetables (Producers/Wholesalers) သစ္သီးဝလံႏွင့္ ဟင္းသီးဟင္းရြက္ ထုတ္လုပ္ေရာင္းသည့္ဆိုင္မ်ား ၄၁၂ ကိုရွာရန္ႏွိပ္ပါ။

 

ဒီေစ်းက ျမန္မာႏိုင္ငံစားသံုးသူကာကြယ္ေရးအသင္းရဲ ႔ ေထာက္ပံ့မႈနဲ႕ ဖြင့္လွစ္ျခင္းျဖစ္ၿပီး ဒီမွာ ေရာင္းခ်မယ့္ ပစၥည္းေတြက ဓာတုဆိုးေဆးကင္းလြတ္တဲ့ အသီးအႏွံေတြနဲ႕ စားေသာက္ကုန္ပစၥည္းေတြျဖစ္ပါတယ္။  အခ်ဳိမႈန္႕ဆိုရင္လည္း အခ်ုိမႈန္႕အစားထိုး ပဲပိစပ္ဟင္းခတ္မႈန္႕၊ အသံုးအေဆာင္ပစၥည္းဆိုရင္လည္း အသီးအႏွံကထုတ္တဲ့ ပစၥည္းေတြေရာင္းခ်တာပါဟု  ေအာ္ဂဲနစ္ေစ်းတန္းျဖစ္ေျမာက္ေရးတာဝန္ခံတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

Read More >>>>> ဆုရေကာ္ဖီမ်ားကို ျပည္ပႏိုင္ငံမ်ားရွိ ေကာ္ဖီျပပြဲမ်ားတြင္ ပါဝင္ျပသမည္

 

ယင္းေအာ္ဂဲနစ္ေစ်းတန္းကို ျမန္မာႏိုင္ငံ စားသံုးသူကာကြယ္ေရးအသင္း၏ လမ္းညႊန္မႈျဖင့္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး အပတ္စဥ္ တနဂၤေႏြေန႕တိုင္းဖြင့္လွစ္ ေရာင္းခ်မည္ျဖစ္္ၿပီး အသီးအႏွံႏွင့္ ဟင္းသီးဟင္းရြက္မ်ားမွာလည္း ေအာ္ဂဲနစ္လက္မွတ္ရရွိထားၿပီး အလွကုန္ႏွင့္ထုတ္ကုန္မ်ားမွာလည္း ျမန္မာႏိုင္ငံစားသံုးသူကာကြယ္ေရးအသင္း၏ ေထာက္ခံခ်က္ျဖင့္ ထုတ္လုပ္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

#MFID

Read times
Rate this item
(0 votes)