×

Warning

JUser: :_load: Unable to load user with ID: 540


ဗီတာမင်စီဓာတ်ပါဝင်တဲ့ နာနတ်သီးဟင်းချို

Unicode

ဗီတာမင်စီဓာတ်ပါဝင်တဲ့ နာနတ်သီးဟင်းချို


ကလေးများနှင့် လူကြီးများအတွက် အလွန်သင့်လျော်တဲ့ ဗီတာမင်စီဓာတ်ပါဝင်တဲ့ နာနတ်သီးဟင်းချိုပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ နာနတ်သီး၊ သံပရာသီး၊ ပူစီနံရွက်၊ သကြား၊ ပျားရည်၊ အုန်းနို့၊ ရေ တို့ လိုအပ်ပါမယ်။


Distributor/Suppliers အစားအသောက်ဖြန့်ချိရေးဆိုင်များ ၁၁၈ ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး နာနတ်သီးအခွံနွှာပြီး အစိတ်လေးတွေဖြစ်အောင် လှီးဖြတ်ပေးပါ။


ပြီးလျှင် သံပရာသီးကို အစိတ်လေးတွေဖြစ်အောင်လှီးပေးပါ။


ပြီးနောက် ပူစီနံရွက်ကိုချွေပေးထားပါ။


ပြီးရင်တော့ ပန်းကန်လုံးထဲသို့ နာနတ်သီးစိတ်ထားတာထည့်၊ ပူစီနံရွက်ချွေထားတာထည့်၊ သကြားထည့်၊ ပျားရည်ထည့်လိုက်ပါ။ သံပရာသီးကိုညှစ်ထည့်လိုက်ပါ။ အားလုံးကို သမအောင်ရောမွှေပေးထားပါ။


ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထည့်ထားလိုက်ပါ။


ပြီးလျှင် ကြိတ်စက်ထဲထည့်ပြီး ကျေညက်သည်အထိ ကြိတ်ပေးထားပါ။


ပြီးနောက် ရေအနည်းငယ်ထည့်လိုက်ပါ။ အားလုံးညက်ပြီဆိုရင်တော့ ဇကာဖြင့် အဖတ်များကို စစ်ထုတ်လိုက်ပါ။ စစ်ပြီးလျှင် အရသာကိုမြည်းကြည့်ပါ။ အနံ့က မွှေးပြီး ပူစီနံ့လေးသင်းနေပါမယ်။


ပြီးနောက် ပန်းကန်လုံးထဲထည့်လိုက်ပါ။  အုန်းနို့ရည်ကို အပေါ်မှဖြူးလိုက်ပါ။


Read More >>>>>  အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်မယ့် အော်ဂဲနစ်ဈေးတန်း


ပြီးရင်တော့ အနံ့အရသာနှင့်ပြည့်စုံတဲ့ နာနတ်သီးဟင်းချိုလေးကို သုံးဆောင်နိုင်ပါပြီ။


#Myanmar Food Industry Directory

 

 

 

 

ဗီတာမင္စီဓာတ္ပါဝင္တဲ့ နာနတ္သီးဟင္းခ်ဳိ

 

ကေလးမ်ားႏွင့္ လူႀကီးမ်ားအတြက္ အလြန္သင့္ေလ်ာ္တဲ့ ဗီတာမင္စီဓာတ္ပါဝင္တဲ့ နာနတ္သီးဟင္းခ်ဳိျပဳလုပ္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ နာနတ္သီး၊ သံပရာသီး၊ ပူစီနံရြက္၊ သၾကား၊ ပ်ားရည္၊ အုန္းႏို႕၊ ေရ တို႕ လိုအပ္ပါမယ္။

 

Distributor/Suppliers အစားအေသာက္ျဖန္႔ခ်ိေရးဆိုုင္မ်ား ၁၁၈ ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆံုး နာနတ္သီးအခြံႏႊာၿပီး အစိတ္ေလးေတြျဖစ္ေအာင္ လွီးျဖတ္ေပးပါ။

 

ၿပီးလွ်င္ သံပရာသီးကို အစိတ္ေလးေတြျဖစ္ေအာင္လွီးေပးပါ။

 

ၿပီးေနာက္ ပူစီနံရြက္ကိုေခြ်ေပးထားပါ။

 

ၿပီးရင္ေတာ့ ပန္းကန္လံုးထဲသို႕ နာနတ္သီးစိတ္ထားတာထည့္၊ ပူစီနံရြက္ေခ်ြထားတာထည့္၊ သၾကားထည့္၊ ပ်ားရည္ထည့္လိုက္ပါ။ သံပရာသီးကိုညွစ္ထည့္လိုက္ပါ။ အားလံုးကို သမေအာင္ေရာေမႊေပးထားပါ။

 

ၿပီးရင္ေတာ့ ေရခဲေသတၱာထဲမွာ နာရီဝက္ခန္႕ထည့္ထားလိုက္ပါ။

 

ၿပီးလွ်င္ ႀကိတ္စက္ထဲထည့္ၿပီး ေက်ညက္သည္အထိ ႀကိတ္ေပးထားပါ။

 

ၿပီးေနာက္ ေရအနည္းငယ္ထည့္လိုက္ပါ။ အားလံုးညက္ၿပီဆိုရင္ေတာ့ ဇကာျဖင့္ အဖတ္မ်ားကို စစ္ထုတ္လိုက္ပါ။ စစ္ၿပီးလွ်င္ အရသာကိုျမည္းၾကည့္ပါ။ အနံ႕က ေမႊးၿပီး ပူစီနံ႕ေလးသင္းေနပါမယ္။

 

ၿပီးေနာက္ ပန္းကန္လံုးထဲထည့္လုိက္ပါ။  အုန္းႏို႕ရည္ကို အေပၚမွျဖဴးလိုက္ပါ။

 

Read More >>>>>  အပတ္စဥ္ တနဂၤေႏြေန႕တိုင္းဖြင့္လွစ္မယ့္ ေအာ္ဂဲနစ္ေစ်းတန္း

 

ၿပီးရင္ေတာ့ အနံ႕အရသာႏွင့္ျပည့္စံုတဲ့ နာနတ္သီးဟင္းခ်ဳိေလးကို သံုးေဆာင္ႏိုင္ပါၿပီ။

 

#Myanmar Food Industry Directory

Read times Last modified on Monday, 24 February 2020 15:26
Rate this item
(0 votes)