×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံစားသောက်ကုန်များ ရောင်းချမည့်အစီအစဉ် ရက်ပြောင်းရွှေ့

Unicode >>>>>

အခြေခံစားသောက်ကုန်များ  ရောင်းချမည့်အစီအစဉ် ရက်ပြောင်းရွှေ့


မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများပူးပေါင်း၍ ဒဂုံ(ဆိပ်ကမ်း) စက်မှုဇုန်တွင် အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချပေးမည့်အစီအစဉ်ကို ရက်ရွှေ့ပြောင်းထားကြောင်း သိရပါတယ်။


Drinking Water သောက်ရေသန့်လုပ်ငန်းများ (၉၆၉) ခုကိုရှာရန်နှိပ်ပါ။


" လက်ခံရောင်းချပေးမယ့် ဒဂုံ (ဆိပ်ကမ်း) စက်မှုဇုန်က မြေပြင်မှာ စီစဉ်ရတာလေးတွေ နည်းနည်းရှိလို့ ရက်ရွှေ ့သွားတာပါ။ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက အဆင်ပြေမယ့်အချိန်မှ ပြန်လည်ရောင်းချပေးမှာ ဖြစ်ပါတယ် " ဟု UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်သိန်းက ပြောကြားခဲ့ပါတယ်။


အရင် ဧပြီလ (၂) ရက်နေ့တွင် ရောင်းချပေးမည်ဟု စီစဉ်ထားခဲ့ပြီးမှ ရက်ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။


သို့ရာတွင် ဧပြီ ၃ ရက်တွင် ရောင်းချပေးမယ့် လှိုင်သာယာစက်မှုဇုန် (၁)၊ (၂)၊ (၃)၊ (၄)၊ (၆)နှင့် (၇) တို့တွင် ကြေညာထားတဲ့ရက်အတိုင်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။


UMFCCI နှင့် ညီနောင်အသင်းများဖြစ်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းတို့နှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့ပူးပေါင်းပြီး  ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို စက်မှုဇုန်များတွင် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိပါတယ်။


Read More >>>>>  ပြည်တွင်းစားသုံးမှုအတွက် စားဖိုးဆောင်သီးနှံများ ပိုလျှံသည့်အခြေအနေတွင်ရှိ


အများပြည်သူ ဝယ်ယူစာသုံးနေတဲ့ အခြေခံစားသောက်ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိစေရေးနှင့်  ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရပါတယ်။


#MFID

 

Home Page Food

 

 

COVID 19

 

Zawgyi  >>>>> 

 


 


 


 


 


 


 


 


 


 

#MFID

Read times Last modified on Friday, 03 April 2020 13:05
Rate this item
(0 votes)