×

Warning

JUser: :_load: Unable to load user with ID: 540


ဖရဲ သခွား ကားအစီးရေ ၃ဝဝ ကျော် ပိတ်မိ

Unicode >>>>>

ဖရဲ သခွား ကားအစီးရေ ၃ဝဝ ကျော် ပိတ်မိ


မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်၌ စစ်ဆေးရေး တင်းကျပ်မှုများကြောင့် ဖရဲ၊ သခွား တင်ပို့သည့် ယာဉ်အစီးရေ  ၃ဝဝ  ကျော် ပိတ်မိနေကြောင်း အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်း(မူဆယ်မြို့) ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်၏ ပြောဆိုချက်အရ သိရပါတယ်။


Bread & Cakes ပေါင်မုန့်နှင့်ကိတ်မုန့်လုပ်ငန်းများ (၃၈) ခုကိုရှာရန်နှိပ်ပါ


တရုတ်နိုင်ငံဟာ မတ် ၂၉ ရက်မှစ၍ မြန်မာနိုင်ငံဘက်သို့ တရုတ်ကုန်သည်များ အပါအဝင် မည်သူမှ သွားလာခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်ထားသည့်အတွက် မူဆယ်(၁ဝ၅)မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဖရဲ၊ သခွား ကုန်တင်ကားများ ကျင်စန်းကျော့ နယ်စပ်ဂိတ်မှတစ်ဆင့် ဝမ်တိန်အထိ သွားရောက် ရောင်းချနေရကြောင်း   သိရပါတယ်။


ထိုသို့ ဝမ်တိန်သို့ သွားရောက်ရောင်းချရာတွင် ကျင်စန်းကျော့နယ်စပ် ဖြတ်ကျော်ဂိတ်၌  တရုတ်နိုင်ငံမှ  စစ်ဆေးရေး တင်းကျပ်ထားခြင်းကြောင့် ဧပြီ ၄ ရက်တွင် ဖရဲ၊ သခွား ကုန်တင်ကားအစီးရေ ၃ဝဝ ကျော်  ပိတ်မိနေခြင်းဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>    အွန်လိုင်းစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်တော့မည်


အလားတူ ဖရဲ၊ သခွား ကုန်တင်ကားများကို ကျင်စန်းကျော့ဂိတ်၌ တရုတ်နိုင်ငံမှ စစ်ဆေးရေး တင်းကျပ်မှုကြောင့် ဝမ်တိန်သို့ အချိန်ကြာမြင့်မှ ရောက်ရှိခဲ့တဲ့အတွက် ဖရဲ၊ သခွားများ အရည်အသွေး ကျဆင်းပြီး  ဈေးကောင်းမရ ဖြစ်နေကြောင်း  သိရပါတယ်။

#MFID

 

 

Home Page Food

 

COVID 19

 

Zawgyi >>>>>

 




 


 


 


 


 


#MFID

Read times Last modified on Monday, 06 April 2020 08:47
Rate this item
(0 votes)