×

Warning

JUser: :_load: Unable to load user with ID: 540


 မလေးရှားမှာ စာအုန်းဆီ စိုက်ခင်းများ ပြန်လည်လုပ်ကိုင်ခွင့် တောင်းဆို

Unicode >>>>>

 

မလေးရှားမှာ စာအုန်းဆီ စိုက်ခင်းများ ပြန်လည်လုပ်ကိုင်ခွင့် တောင်းဆို


ကမ္ဘာမှာ သုံးစွဲမှု အများဆုံးဖြစ်တဲ့ စားအုန်းဆီ ထုတ်လုပ်ဖို့ ဆီအုန်း စိုက်ခင်းများ အများအပြားရှိရာ ဆာဘတ်သ်ပြည်နယ် မလေးရှားနိုင်ငံမှ ဆီအုန်းစိုက်ခင်း လုပ်ငန်းရှင်များက ပြည်နယ်အစိုးရကို ဆီအုန်းစိုက်ခင်းများ ပြန်လည်လုပ်ကိုင်ခွင့် ပေးရန် တောင်းဆိုထားပါတယ်။


Soft Drink & Juice အအေးနှင့်ဖျော်ရည်လုပ်ငန်းများ (၉၂၈) ခုကိုရှာရန်နှိပ်ပါ။


မလေးရှားနိုင်ငံ နေရာအနှံ့မှာ လော့ဒေါင်းချထားတာမို့ ဆီအုန်းစိုက်ခင်းများ အလုပ်ရပ်ဆိုင်းထားကြရပါတယ်။ ရက်ရှည်ကြာ ရပ်ဆိုင်းထားမယ်ဆိုရင် ဆိုးဝါးတဲ့ နောက်ဆက်တွဲတွေ ဆက်တိုက် ဖြစ်ပေါ်လာလိမ့်မယ်။ ကမ္ဘာ့အသုံးအများဆုံး စားအုန်းဆီ ထုတ်လုပ်ပေးသွင်းမှုကဏ္ဍ ပြိုလဲသွားနိုင်တယ်လို့ ဆိုပါတယ်။


ဆီအုန်းတွေ သီးနေတာကို ဆွတ်ခူးခွင့် မရရှိတာကြောင့် ဆီကြမ်း ထုတ်လုပ်မှု ရပ်ထားရတယ်။ ဆီကြမ်းမရရင် စားအုန်းဆီ သန့်စင် ထုတ်လုပ်မှုအပိုင်းမှာလည်း ရပ်ထားရလိမ့်မယ်။ ဈေးကွက်တွေထဲကို စားအုန်းဆီ စီးဝင်မှု ရပ်ဆိုင်းသွားလိမ့်မယ်။ အခြားစားသောက်ကုန်တွေ ထုတ်လုပ်မှုအပိုင်းမှာလည်း စာအုန်းဆီမှ ထုတ်လုပ်တဲ့ မုန့်ဖုတ်အဆီများ ပေးသွင်းနိုင်တော့မှာ မဟုတ်ဘူးလို့ Palm Oil Refiners Association of Malaysia ရဲ့ ဥက္ကဋ္ဌဖြစ်သူ Jamil Haron က သတိပေး ပြောကြားလိုက်ပါတယ်။


ဆီကြမ်း ပြတ်လပ်မှုကြောင့် ဆီချော သန့်စင်ချက်လုပ်တဲ့ စက်ရုံတွေ အလုပ်ရပ်ကုန်ရင် လုပ်သားတွေ အလုပ်ပြုတ်ကုန်ကြတဲ့အဖြစ်ဆီသို့ ရောက်သွားမယ့်အပြင် စားအုန်းဆီ ဈေးကွက်ထဲ စားအုန်းဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်ကုန်လိမ့်မယ်လို့ ၎င်းက ရှင်းပြပါတယ်။


Read More >>>>>    ဖရဲ သခွား ကားအစီးရေ ၃ဝဝ ကျော် ပိတ်မိ


ဆီအုန်း စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းများ ဖြစ်ကြတဲ့ Genting Plantations Bhd. နဲ့  FGV Holdings Bhd. တို့ကလည်း ကန့်ကွက်စကား ဆိုထားပါတယ်။ ဆာဘတ်သ်ပြည်နယ်အစိုးရ စိုက်ခင်းများနဲ့ ဆီကြမ်းထုတ်လုပ်တဲ့ စက်ရုံတွေကို ဧပြီလ ၁၄ ရက်အထိ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ လုပ်သားတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိပြီးတဲ့နောက်မှာ ယခုလို ပိတ်ပင်တဲ့အမိန့်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။


ဆာဘတ်သ်မှာ ဆီအုန်းစိုက်ခင်းဧရိယာ ၁.၅၄ သန်း ဟက်တာ ရှိပြီး နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စင်ကာပူနိုင်ငံ အကျယ်အဝန်းရဲ့ ၂၁ ဆ ရှိပါတယ်။


#MFID

 

Home Page Food

COVID 19

 

Zawgyi >>>>>

 

မေလးရွားမွာ စာအုန္းဆီ စိုက္ခင္းမ်ား ျပန္လည္လုပ္ကိုင္ခြင့္ ေတာင္းဆို

 

ကမာၻမွာ သုံးစြဲမႈ အမ်ားဆုံးျဖစ္တဲ့ စားအုန္းဆီ ထုတ္လုပ္ဖို႔ ဆီအုန္း စိုက္ခင္းမ်ား အမ်ားအျပားရွိရာ ဆာဘတ္သ္ျပည္နယ္ မေလးရွားႏိုင္ငံမွ ဆီအုန္းစိုက္ခင္း လုပ္ငန္းရွင္မ်ားက ျပည္နယ္အစိုးရကို ဆီအုန္းစိုက္ခင္းမ်ား ျပန္လည္လုပ္ကိုင္ခြင့္ ေပးရန္ ေတာင္းဆိုထားပါတယ္။

 

Soft Drink & Juice အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းမ်ား (၉၂၈) ခုကိုရွာရန္ႏွိပ္ပါ။


မေလးရွားႏိုင္ငံ ေနရာအႏွံ႔မွာ ေလာ့ေဒါင္းခ်ထားတာမို႔ ဆီအုန္းစိုက္ခင္းမ်ား အလုပ္ရပ္ဆိုင္းထားၾကရပါတယ္။ ရက္ရွည္ၾကာ ရပ္ဆိုင္းထားမယ္ဆိုရင္ ဆိုးဝါးတဲ့ ေနာက္ဆက္တြဲေတြ ဆက္တိုက္ ျဖစ္ေပၚလာလိမ့္မယ္။ ကမ႓ာ့အသုံးအမ်ားဆုံး စားအုန္းဆီ ထုတ္လုပ္ေပးသြင္းမႈက႑ ၿပိဳလဲသြားႏိုင္တယ္လို႔ ဆိုပါတယ္။

 

ဆီအုန္းေတြ သီးေနတာကို ဆြတ္ခူးခြင့္ မရရွိတာေၾကာင့္ ဆီၾကမ္း ထုတ္လုပ္မႈ ရပ္ထားရတယ္။ ဆီၾကမ္းမရရင္ စားအုန္းဆီ သန္႔စင္ ထုတ္လုပ္မႈအပိုင္းမွာလည္း ရပ္ထားရလိမ့္မယ္။ ေဈးကြက္ေတြထဲကို စားအုန္းဆီ စီး၀င္မႈ ရပ္ဆိုင္းသြားလိမ့္မယ္။ အျခားစားေသာက္ကုန္ေတြ ထုတ္လုပ္မႈအပိုင္းမွာလည္း စာအုန္းဆီမွ ထုတ္လုပ္တဲ့ မုန္႔ဖုတ္အဆီမ်ား ေပးသြင္းႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ Palm Oil Refiners Association of Malaysia ရဲ႕ ဥကၠ႒ျဖစ္သူ Jamil Haron က သတိေပး ေျပာၾကားလိုက္ပါတယ္။

 

ဆီၾကမ္း ျပတ္လပ္မႈေၾကာင့္ ဆီေခ်ာ သန္႔စင္ခ်က္လုပ္တဲ့ စက္႐ုံေတြ အလုပ္ရပ္ကုန္ရင္ လုပ္သားေတြ အလုပ္ျပဳတ္ကုန္ၾကတဲ့အျဖစ္ဆီသို႔ ေရာက္သြားမယ့္အျပင္ စားအုန္းဆီ ေဈးကြက္ထဲ စားအုန္းဆီ ျပတ္လပ္မႈမ်ား ျဖစ္ေပၚကုန္လိမ့္မယ္လို႔ ၎က ရွင္းျပပါတယ္။

 

Read More >>>>>    ဖရဲ သခြား ကားအစီးေရ ၃ဝဝ ေက်ာ္ ပိတ္မိ

 

ဆီအုန္း စိုက္ပ်ဳိးထုတ္လုပ္တဲ့ လုပ္ငန္းမ်ား ျဖစ္ၾကတဲ့ Genting Plantations Bhd. နဲ႔  FGV Holdings Bhd. တို႔ကလည္း ကန္႔ကြက္စကား ဆိုထားပါတယ္။ ဆာဘတ္သ္ျပည္နယ္အစိုးရ စိုက္ခင္းမ်ားနဲ႔ ဆီၾကမ္းထုတ္လုပ္တဲ့ စက္႐ုံေတြကို ဧၿပီလ ၁၄ ရက္အထိ ပိတ္ထားဖို႔ အမိန္႔ထုတ္ျပန္ထားပါတယ္။ လုပ္သားတခ်ဳိ႕ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိၿပီးတဲ့ေနာက္မွာ ယခုလို ပိတ္ပင္တဲ့အမိန္႔ကို ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။


ဆာဘတ္သ္မွာ ဆီအုန္းစိုက္ခင္းဧရိယာ ၁.၅၄ သန္း ဟက္တာ ရွိၿပီး ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ စင္ကာပူႏိုင္ငံ အက်ယ္အ၀န္းရဲ႕ ၂၁ ဆ ရွိပါတယ္။

 

#MFID

Read times Last modified on Monday, 06 April 2020 10:19
Rate this item
(0 votes)