တရုတ်နိုင်ငံသို့ အရည်အသွေးပြည့်မီတဲ့ အသီးများသာတင်ပို့သင့်
Unicode >>>>>
တရုတ်နိုင်ငံသို့ အရည်အသွေးပြည့်မီတဲ့ အသီးများသာတင်ပို့သင့်
ယခုနှစ် သရက်ရာသီစတင်ချိန်တွင် တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့ရာတွင် အရည်အသွေးပြည့်မီသည့် အသီးများကိုသာ တင်ပို့သင့်ကြောင်း မူဆယ် (၁၀၅) မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
Soft Drink & Juice အအေးနှင့်ဖျော်ရည်လုပ်ငန်းများ (၉၂၈) ခုကိုရှာရန်နှိပ်ပါ။
သရက်ရာသီစတင်ချိန်ဖြစ်တဲ့ ဧပြီ ၁၅ ရက်ဝန်းကျင်တွင် ခူးဆွတ်၍ စနစ်တကျ ထုပ်ပိုးပြီး မူဆယ်သို့ သရက်သီးစတင်တင်ပို့မည်ဖြစ်ရာ ခြံပိုင်ရှင်များအနေဖြင့် အရည်အသွေးပြည့်မီတဲ့ အသီးများကိုသာ တင်ပို့ရန် လိုအပ်ပါတယ်။
လတ်တလောတွင် ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံသို့ သွားရောက်အရောင်းအဝယ်ပြုလုပ်နေရပြီး COVID - 19 ရောဂါအခြေအနေထိန်းချုပ်နိုင်ပါက မြန်မာနိုင်ငံတွင် အရောင်းအဝယ်ပြုလုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိအနေအထားအရ တရုတ်နိုင်ငံတွင်ပင် ဆက်လက်အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
Read More >>>>> ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲတွေ့ကြုံ
ပြီးခဲ့တဲ့နှစ် သရက်ရာသီက တရုတ်နိုင်ငံသို့ မူဆယ်မှတစ်ဆင့် စိန်တစ်လုံးနှင့် ရွှေဟင်္သာသရက်သီးတန်ချိန်ငါးသောင်းကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။
#MFID
Zawgyi >>>>>
တ႐ုတ္ႏိုင္ငံသုိ႕ အရည္အေသြးျပည့္မီတဲ့ အသီးမ်ားသာတင္ပို႕သင့္
ယခုႏွစ္ သရက္ရာသီစတင္ခ်ိန္တြင္ တ႐ုတ္ႏိုင္ငံသုိ႕ သရက္သီးတင္ပို႕ရာတြင္ အရည္အေသြးျပည့္မီသည့္ အသီးမ်ားကိုသာ တင္ပို႕သင့္ေၾကာင္း မူဆယ္ (၁၀၅) မိုင္ သစ္သီးဝလံ ကုန္စည္ဒိုင္ ဒုတိယဥကၠ႒ ဦးေအာင္သက္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။
Soft Drink & Juice အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းမ်ား (၉၂၈) ခုကိုရွာရန္ႏွိပ္ပါ။
သရက္ရာသီစတင္ခ်ိန္ျဖစ္တဲ့ ဧၿပီ ၁၅ ရက္ဝန္းက်င္တြင္ ခူးဆြတ္၍ စနစ္တက် ထုပ္ပိုးၿပီး မူဆယ္သို႕ သရက္သီးစတင္တင္ပို႕မည္ျဖစ္ရာ ၿခံပိုင္ရွင္မ်ားအေနျဖင့္ အရည္အေသြးျပည့္မီတဲ့ အသီးမ်ားကိုသာ တင္ပို႕ရန္ လိုအပ္ပါတယ္။
လတ္တေလာတြင္ ဖရဲ၊ သခြားေမႊးမ်ားကို တ႐ုတ္ႏိုင္ငံသို႕ သြားေရာက္အေရာင္းအဝယ္ျပဳလုပ္ေနရၿပီး COVID - 19 ေရာဂါအေျခအေနထိန္းခ်ဳပ္ႏိုင္ပါက ျမန္မာႏိုင္ငံတြင္ အေရာင္းအဝယ္ျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း လက္ရွိအေနအထားအရ တ႐ုတ္ႏိုင္ငံတြင္ပင္ ဆက္လက္အေရာင္းအဝယ္ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။
Read More >>>>> ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူမ်ား အခက္အခဲေတြ႔ႀကံဳ
ၿပီးခဲ့တဲ့ႏွစ္ သရက္ရာသီက တ႐ုတ္ႏိုင္ငံသုိ႕ မူဆယ္မွတစ္ဆင့္ စိန္တစ္လံုးႏွင့္ ေရႊဟသၤာသရက္သီးတန္ခ်ိန္ငါးေသာင္းေက်ာ္ တင္ပို႕ခဲ့ေၾကာင္း သိရပါတယ္။
#MFID