×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အစိုးရ လက်တုံ့ပြန်ချက်ကြောင့် ဩဇီ အမဲသားနှင့် ဘာလီ တင်ပို့မှု အခက်ကြုံ

 

သြစတြေးလျနိုင်ငံသည် coronavirus ကူးစက်မှုဖြစ်ပွားမှု၏ မူလအစအား

နိုင်ငံတကာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုပြီးနောက် မကြာမီမှာပင် တရုတ်အစိုးရ၏ လက်တုံ့ပြန်ချက်ကို ရင်ဆိုင်ရသည်။

ဧပြီလနှောင်းပိုင်း တနင်္ဂနွေနေ့နံနက်ပိုင်း ရုပ်မြင်သံကြားအစီအစဉ် တစ်ခုမှာ သြစတြေးလျနိုင်ငံခြားရေး ၀ န်ကြီး Marise Payne က coronavirus ကူးစက်မှုဖြစ်ပွားမှု၏ မူလအစအား နိုင်ငံတကာစုံစမ်းစစ်ဆေးမှုကိုထောက်ခံကြောင်းပြောကြားခဲ့သည်။
ရက်အနည်းငယ်အကြာတွင် သြစတြေးလျရှိ တရုတ်သံအမတ်ကြီး Chen Jingye က တရုတ်နိုင်ငံသားများကိုသပိတ်မှောက်ခြင်းဖြင့် လက်တုံ့ပြန်ကြလိမ့်မည်ဟု ပြောကြားသည်။ “ သာမန် (တရုတ်) လူထုက 'ငါတို့ ဘာကြောင့် သြဇီဝိုင်ကို သောက်ရမလဲ ၊ ဘာလို့ ဩဇီ အမဲသားကို စားရမှာမှာလဲ' လို့ ပြောလာကြလိမ့်မယ်" ဟု Australian Financial Review ကို ပြောကြားခဲ့သည်။

တစ်လမပြည့်ခင်မှာပင် သြစတြေးလျကို တန်ပြန်အပြစ်ပေးရန် စည်းရုံးလှုံ့ဆော်မှုသည် အရှိန်အဟုန်မြင့်တက်နေသည်။

မေလ ၁၂ ရက်တွင် တရုတ်နိုင်ငံသည် သြစတြေးလျနိုင်ငံမှ လုပ်ငန်းကြီး လေးခုမှ တင်ပို့နေသော အမဲသားများကို လက်ခံရန် ရပ်ဆိုင်းခဲ့ပြီး ကျန်းမာရေးဆိုင်ရာပြဿနာများကြောင့်ဟု အကြောင်းပြသည်။
ငါးရက်အကြာတွင် တရုတ်သည် ဩစတြေးလျမှ ဘာလီ(မုယောစပါး)တင်သွင်းမှု အပေါ် အကောက်ခွန်နှုန်း ၈၀% ကျော် စည်းကြပ်သည်။

တရုတ်သည် သြစတြေးလျ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း နှစ်နိုင်ငံအကြားကုန်သွယ်မှု ဒေါ်လာ ၂၁၄ ဘီလီယံကျော် ရှိသည်။ သြစတြေးလျသည် coronavirus နှင့်ဆက်နွယ်သောစီးပွားရေးကျဆင်းမှု အလားအလာ နှင့်ရင်ဆိုင်နေရ သည်နှင့်အမျှ စီးပွားရေးဆက်ဆံမှုသည် ယခင်ကထက် ပို၍ အရေးကြီးနေသည်။

နှစ်နိုင်ငံ ၀ န်ကြီးဌာနများအကြား ဆက်ဆံရေးများ ပြတ်တောက်သွားခြင်းနှင့် တရုတ်နိုင်ငံပိုင်မီဒီယာများတွင်သြစတြေးလျဆန့်ကျင်ရေး အပြောအဆိုများ မြင့်တက်လာခြင်းနှင့်အတူ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင်နက်ရှိုင်းသော အက်ကွဲကြောင်းများ တွေ့ရှိရသည်။

သြစတြေးလျမှ တင်သွင်းနေသော ပင်လယ်စာ၊ oatmeal နှင့် သစ်သီးများ အပါအ ၀ င် သွင်းကုန်များအပေါ်တွင်လည်း အလားတူး အရေးယူဆောင်ရွက်ချက်များ ပြဌာန်းရန် ကုန်စည်အမျိုးအမည် စာရင်းကို တရုတ်အရာရှိများက ရေးဆွဲထားကြောင်း Bloomberg သတင်းဌာနမှ သတင်းတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံမှ ဘီယာ ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် ဩစတေးလျဘာလီသည် ဘီယာအတွက် အကောင်းဆုံး အရည်အသွေးကို ပေးသဖြင့် မရမဖြစ် လိုအပ်သည်။
ယခု သွင်းကုန်ခွန် တိုးမြှင့်သတ်မှတ်လိုက်ချိန်တွင် ဩစတေးလျမှ တင်ပို့လက်စ ဘာလီများ သင်္ဘောလေးစီး ရှိနေသည်။ တစ်စီးမှ တရုတ်နိုင်ငံ ဒါလျန်မြို့တွင် ကုန်ချရင်း တန်းလန်းဖြစ်ပြီး ကျန် ၃ စီးမှာ တရုတ်ပြည်သို့ လာနေရသည့် လမ်းခရီးတွင် ရှိသည်။
တရုတ်ပြည်ရှိ ဘီယာလုပ်ငန်းများသည် ပြည်ပမှ တင်သွင်းသည့် ဘာလီကို အားကိုးကြရသည်။ နှစ်စဉ် ဘာလီတန်ချိန် ၂ သန်းမှ ၃ သန်းအထိ တင်သွင်းကြရသည်။ ပြည်တွင်းထွက် ဘာလီများမှာ ဘီယာချက်ရန် အရည်အသွေး အဆင့် မမီကြချေ။ တိရစ္ဆာန်အစာအဖြစ်သာ သုံး၍ရသည့် အဆင့်အတန်း ဖြစ်သည်။ သို့ဖြစ်ရာ တိရစ္ဆာန်အစာ ထုတ်လုပ်သည့် စက်ရုံများက ဝယ်ယူကြသည်။

ပြည်ပမှ တင်သွင်းသည့် ဘာလီများတွင် ဩစတေးလျမှ ဘာလီများသည် ဘီယာချက်ရန်အတွက် အရည်အသွေး အကောင်းဆုံး ဖြစ်သည်။ သို့ဖြစ်ရာ သွင်းကုန် အခွန် မြင့်မားလျှင်လည်း မဖြစ် မနေ တင်သွင်းကြမည် ဖြစ်ပြီး အခွန်ကြောင့် ကုန်ကျစရိတ် ပိုကြီးမားသွားသည်ကို ကာမိစေရန် ဘီယာရောင်းဈေးကို မြှင့်တင်ကြရလိမ့်မည် ဖြစ်သည်။ နောက်ဆုံး၌ စားသုံးသူများက တက်ဈေး ပေးပြီး ဝယ်သောက်ကြရမည် ဖြစ်သည်။

 

တ႐ုတ္အစိုးရ လက္တုံ႔ျပန္ခ်က္ေၾကာင့္ ဩဇီ အမဲသားႏွင့္ ဘာလီ တင္ပို႔မႈ အခက္ႀကဳံ


ၾသစေၾတးလ်ႏိုင္ငံသည္ coronavirus ကူးစက္မႈျဖစ္ပြားမႈ၏ မူလအစအား ႏိုင္ငံတကာစုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ ေတာင္းဆိုၿပီးေနာက္ မၾကာမီမွာပင္ တ႐ုတ္အစိုးရ၏ လက္တုံ႔ျပန္ခ်က္ကို ရင္ဆိုင္ရသည္။

ဧၿပီလေႏွာင္းပိုင္း တနဂၤေႏြေန႔နံနက္ပိုင္း ႐ုပ္ျမင္သံၾကားအစီအစဥ္ တစ္ခုမွာ ၾသစေၾတးလ်ႏိုင္ငံျခားေရး ၀ န္ႀကီး Marise Payne က coronavirus ကူးစက္မႈျဖစ္ပြားမႈ၏ မူလအစအား ႏိုင္ငံတကာစုံစမ္းစစ္ေဆးမႈကိုေထာက္ခံေၾကာင္းေျပာၾကားခဲ့သည္။
ရက္အနည္းငယ္အၾကာတြင္ ၾသစေၾတးလ်ရွိ တ႐ုတ္သံအမတ္ႀကီး Chen Jingye က တ႐ုတ္ႏိုင္ငံသားမ်ားကိုသပိတ္ေမွာက္ျခင္းျဖင့္ လက္တုံ႔ျပန္ၾကလိမ့္မည္ဟု ေျပာၾကားသည္။ “ သာမန္ (တ႐ုတ္) လူထုက 'ငါတို႔ ဘာေၾကာင့္ ၾသဇီဝိုင္ကို ေသာက္ရမလဲ ၊ ဘာလို႔ ဩဇီ အမဲသားကို စားရမွာမွာလဲ' လို႔ ေျပာလာၾကလိမ့္မယ္" ဟု Australian Financial Review ကို ေျပာၾကားခဲ့သည္။

တစ္လမျပည့္ခင္မွာပင္ ၾသစေၾတးလ်ကို တန္ျပန္အျပစ္ေပးရန္ စည္း႐ုံးလႈံ႕ေဆာ္မႈသည္ အရွိန္အဟုန္ျမင့္တက္ေနသည္။

ေမလ ၁၂ ရက္တြင္ တ႐ုတ္ႏိုင္ငံသည္ ၾသစေၾတးလ်ႏိုင္ငံမွ လုပ္ငန္းႀကီး ေလးခုမွ တင္ပို႔ေနေသာ အမဲသားမ်ားကို လက္ခံရန္ ရပ္ဆိုင္းခဲ့ၿပီး က်န္းမာေရးဆိုင္ရာျပႆနာမ်ားေၾကာင့္ဟု အေၾကာင္းျပသည္။
ငါးရက္အၾကာတြင္ တ႐ုတ္သည္ ဩစေၾတးလ်မွ ဘာလီ(မုေယာစပါး)တင္သြင္းမႈ အေပၚ အေကာက္ခြန္ႏႈန္း ၈၀% ေက်ာ္ စည္းၾကပ္သည္။

တ႐ုတ္သည္ ၾသစေၾတးလ်၏ အႀကီးမားဆုံး ကုန္သြယ္ဖက္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္အတြင္း ႏွစ္ႏိုင္ငံအၾကားကုန္သြယ္မႈ ေဒၚလာ ၂၁၄ ဘီလီယံေက်ာ္ ရွိသည္။ ၾသစေၾတးလ်သည္ coronavirus ႏွင့္ဆက္ႏြယ္ေသာစီးပြားေရးက်ဆင္းမႈ အလားအလာ ႏွင့္ရင္ဆိုင္ေနရ သည္ႏွင့္အမွ် စီးပြားေရးဆက္ဆံမႈသည္ ယခင္ကထက္ ပို၍ အေရးႀကီးေနသည္။

ႏွစ္ႏိုင္ငံ ၀ န္ႀကီးဌာနမ်ားအၾကား ဆက္ဆံေရးမ်ား ျပတ္ေတာက္သြားျခင္းႏွင့္ တ႐ုတ္ႏိုင္ငံပိုင္မီဒီယာမ်ားတြင္ၾသစေၾတးလ်ဆန႔္က်င္ေရး အေျပာအဆိုမ်ား ျမင့္တက္လာျခင္းႏွင့္အတူ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးတြင္နက္ရႈိင္းေသာ အက္ကြဲေၾကာင္းမ်ား ေတြ႕ရွိရသည္။

ၾသစေၾတးလ်မွ တင္သြင္းေနေသာ ပင္လယ္စာ၊ oatmeal ႏွင့္ သစ္သီးမ်ား အပါအ ၀ င္ သြင္းကုန္မ်ားအေပၚတြင္လည္း အလားတူး အေရးယူေဆာင္႐ြက္ခ်က္မ်ား ျပဌာန္းရန္ ကုန္စည္အမ်ိဳးအမည္ စာရင္းကို တ႐ုတ္အရာရွိမ်ားက ေရးဆြဲထားေၾကာင္း Bloomberg သတင္းဌာနမွ သတင္းတြင္ ေဖာ္ျပခဲ့သည္။
တ႐ုတ္ႏိုင္ငံမွ ဘီယာ ထုတ္လုပ္သည့္ လုပ္ငန္းမ်ားအေနျဖင့္ ဩစေတးလ်ဘာလီသည္ ဘီယာအတြက္ အေကာင္းဆုံး အရည္အေသြးကို ေပးသျဖင့္ မရမျဖစ္ လိုအပ္သည္။
ယခု သြင္းကုန္ခြန္ တိုးျမႇင့္သတ္မွတ္လိုက္ခ်ိန္တြင္ ဩစေတးလ်မွ တင္ပို႔လက္စ ဘာလီမ်ား သေဘၤာေလးစီး ရွိေနသည္။ တစ္စီးမွ တ႐ုတ္ႏိုင္ငံ ဒါလ်န္ၿမိဳ႕တြင္ ကုန္ခ်ရင္း တန္းလန္းျဖစ္ၿပီး က်န္ ၃ စီးမွာ တ႐ုတ္ျပည္သို႔ လာေနရသည့္ လမ္းခရီးတြင္ ရွိသည္။
တ႐ုတ္ျပည္ရွိ ဘီယာလုပ္ငန္းမ်ားသည္ ျပည္ပမွ တင္သြင္းသည့္ ဘာလီကို အားကိုးၾကရသည္။ ႏွစ္စဥ္ ဘာလီတန္ခ်ိန္ ၂ သန္းမွ ၃ သန္းအထိ တင္သြင္းၾကရသည္။ ျပည္တြင္းထြက္ ဘာလီမ်ားမွာ ဘီယာခ်က္ရန္ အရည္အေသြး အဆင့္ မမီၾကေခ်။ တိရစာၦန္အစာအျဖစ္သာ သုံး၍ရသည့္ အဆင့္အတန္း ျဖစ္သည္။ သို႔ျဖစ္ရာ တိရစာၦန္အစာ ထုတ္လုပ္သည့္ စက္႐ုံမ်ားက ဝယ္ယူၾကသည္။

ျပည္ပမွ တင္သြင္းသည့္ ဘာလီမ်ားတြင္ ဩစေတးလ်မွ ဘာလီမ်ားသည္ ဘီယာခ်က္ရန္အတြက္ အရည္အေသြး အေကာင္းဆုံး ျဖစ္သည္။ သို႔ျဖစ္ရာ သြင္းကုန္ အခြန္ ျမင့္မားလွ်င္လည္း မျဖစ္ မေန တင္သြင္းၾကမည္ ျဖစ္ၿပီး အခြန္ေၾကာင့္ ကုန္က်စရိတ္ ပိုႀကီးမားသြားသည္ကို ကာမိေစရန္ ဘီယာေရာင္းေဈးကို ျမႇင့္တင္ၾကရလိမ့္မည္ ျဖစ္သည္။ ေနာက္ဆုံး၌ စားသုံးသူမ်ားက တက္ေဈး ေပးၿပီး ဝယ္ေသာက္ၾကရမည္ ျဖစ္သည္။

Read times
Rate this item
(0 votes)