×

Warning

JUser: :_load: Unable to load user with ID: 540


ဩရိသတွင် အရက် အိမ်အရောက်ပို့ ဝန်ဆောင်မှုလုပ်ငန်း စတင်

အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်တွင် ကိုဗစ်ကူးစက်မှု ကာကွယ်ရေး တားမြစ်ချက်မျာ ဖြေလျှော့လိုက်သောအခါ

အရက်ဆိုင်များတွင် အရက်လာဝယ်ကြသူ များပြားသဖြင့် လူစုလူဝေးမှတစ်ဆင့် ကူးစက်မှု ဖြစ်ပွားနိုင်သဖြင့် Food delivery လုပ်ငန်းများ ဖြစ်ကြသည့် Swiggy နှင့် Zomato တို့ကို အိမ်တိုင်ရာရောက် အရက်ပေးပို့သည့် ဝန်ဆောင်မှု လုပ်ကိုင်ရန် အာဏာပိုင်တို့က ခွင့်ပြုခဲ့သည်။

Zomato သည် ဝန်ဆောင်မှုစတင်သည့် ပထမနေ့တွင် မှာကြားမှု ၈၄၀၀ ကျော် ရရှိခဲ့သည်။ Zomato သည် ကုန်စုံဆိုင်မှ ပစ္စည်းများ ပေးပို့ခြင်းနှင့် စားသောက်ဆိုင်မှ စားစရာ ပေးပို့ခြင်းတို့ကို လုပ်ကိုင်လျက် ရှိသော လုပ်ငန်းဖြစ်ပြီး ယခုအခါ အရက်ကိုပါ တိုးချဲ့ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ အရက်ပေးပို့သည့် ဝန်ဆောင်မှုကို ၎င်း၏ ဝဘ်ဆိုက်တွင် Zomato Wine Shop ဟု အမည်ပေးထားသည်။
Swiggy နှင့် Zomato တို့သည် အရက်ပို့ပေးခြင်း ဝန်ဆောင်မှုကို နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိသာ လုပ်ကိုင်ခွင့် ပေးထားသည်။ တရားဝင်လိုင်စင်ရ အရက်ဆိုင်များမှ အရက်ကိုသာ ပေးပို့ခွင့် ရှိသည်။ မှာကြားသူ၏ အိမ်ပေါက်ဝသို့ အရောက်ပေးပို့ရမည်ဖြစ်ပြီး အခြားနေရာသို့ ပေးပို့ခွင့် မရှိချေ။ အွန်လိုင်းတွင် မှာယူသူက မိမိ၏ နိုင်ငံသားကတ်ကို ပုံပြသရန် လိုပြီး အရက်သောက်ရန် အသက်ပြည့်မီသူဖြစ်ကောင်း ကတ်မှ မွေးသက္ကရာဇ်အရ အလိုအလျောက် စစ်ဆေးပေးမည်ဖြစ်သည်။

 

ဩရိသတြင္ အရက္ အိမ္အေရာက္ပို႔ ဝန္ေဆာင္မႈလုပ္ငန္း စတင္

အိႏၵိယႏိုင္ငံ ဩရိသျပည္နယ္တြင္ ကိုဗစ္ကူးစက္မႈ ကာကြယ္ေရး တားျမစ္ခ်က္မ်ာ ေျဖေလွ်ာ့လိုက္ေသာအခါ အရက္ဆိုင္မ်ားတြင္ အရက္လာဝယ္ၾကသူ မ်ားျပားသျဖင့္ လူစုလူေဝးမွတစ္ဆင့္ ကူးစက္မႈ ျဖစ္ပြားႏိုင္သျဖင့္ Food delivery လုပ္ငန္းမ်ား ျဖစ္ၾကသည့္ Swiggy ႏွင့္ Zomato တို႔ကို အိမ္တိုင္ရာေရာက္ အရက္ေပးပို႔သည့္ ဝန္ေဆာင္မႈ လုပ္ကိုင္ရန္ အာဏာပိုင္တို႔က ခြင့္ျပဳခဲ့သည္။
Zomato သည္ ဝန္ေဆာင္မႈစတင္သည့္ ပထမေန႔တြင္ မွာၾကားမႈ ၈၄၀၀ ေက်ာ္ ရရွိခဲ့သည္။ Zomato သည္ ကုန္စုံဆိုင္မွ ပစၥည္းမ်ား ေပးပို႔ျခင္းႏွင့္ စားေသာက္ဆိုင္မွ စားစရာ ေပးပို႔ျခင္းတို႔ကို လုပ္ကိုင္လ်က္ ရွိေသာ လုပ္ငန္းျဖစ္ၿပီး ယခုအခါ အရက္ကိုပါ တိုးခ်ဲ႕ လုပ္ကိုင္ခဲ့ျခင္း ျဖစ္သည္။ အရက္ေပးပို႔သည့္ ဝန္ေဆာင္မႈကို ၎၏ ဝဘ္ဆိုက္တြင္ Zomato Wine Shop ဟု အမည္ေပးထားသည္။
Swiggy ႏွင့္ Zomato တို႔သည္ အရက္ပို႔ေပးျခင္း ဝန္ေဆာင္မႈကို နံနက္ ၉ နာရီမွ ညေန ၆ နာရီအထိသာ လုပ္ကိုင္ခြင့္ ေပးထားသည္။ တရားဝင္လိုင္စင္ရ အရက္ဆိုင္မ်ားမွ အရက္ကိုသာ ေပးပို႔ခြင့္ ရွိသည္။ မွာၾကားသူ၏ အိမ္ေပါက္ဝသို႔ အေရာက္ေပးပို႔ရမည္ျဖစ္ၿပီး အျခားေနရာသို႔ ေပးပို႔ခြင့္ မရွိေခ်။
အြန္လိုင္းတြင္ မွာယူသူက မိမိ၏ ႏိုင္ငံသားကတ္ကို ပုံျပသရန္ လိုၿပီး အရက္ေသာက္ရန္ အသက္ျပည့္မီသူျဖစ္ေကာင္း ကတ္မွ ေမြးသကၠရာဇ္အရ အလိုအေလ်ာက္ စစ္ေဆးေပးမည္ျဖစ္သည္။

 

 

Read times
Rate this item
(2 votes)