×

Warning

JUser: :_load: Unable to load user with ID: 540


သင့်မီးဖိုချောင်ထဲကိုယင်မလာအောင်ဘယ်လိုလုပ်ရမလဲ

အခုလို မိုးက တစွတ်စွတ်ရွာတဲ့ အခါမှာ ယင်ကောင်တွေက ပြန်ထွက်လာပါတယ် ထို့အပြင် တွင်းအောင်းနေတဲ့ ပိုးကောင်တွေကလည်းထွက်လာပါတယ် ထိုသို့ထွက်လာချိန်မှာ သင့်မီးဖိုချောင်မှာ ယင်ကောင်တွေများနေရင် သင့် အစားအစာ တွေကို ယင်နားမယ် ထိုသို့ယင်နားစာတွေကိုစားမိပါက ဝမ်းပျက်ဝမ်းလျော နဲ့ အူရောင်ငန်းဖျား စတဲ့ ရောဂါတွေဝင်လာတတ်ပါတယ်။

 

ထိုသို့ ရောဂါတွေ မဝင်လာချင်ရင် အစထဲက ယင်တွေကို သင့်မီးဖိုချောင်အတွင်းမရှိအောင် လုပ်နည်းရှိပါတယ်။ပထမဦးစွာမီးဖိုခန်းကို သန့်ရှင်း ၊ ရှင်းလင်းစွာ ထားပါ တကယ့်နည်းလမ်း လာပါပြီ ဒီ ယင်မလာတဲ့ နည်းလမ်းလေးကို လုပ်ဖို့ သင့်အနေနဲ့ ကြိုး (အနေတော်) ၊ ကြွတ်ကြွပ် အိတ် အသေးစား အနေတော် တစ်လုံး ၊ ရေ ၂၀၀ မီလီ ၊ အကြွေစေ့ အသေး ၆ စေ့ လိုအပ်ပါတယ်။

 

ပြီးနောက် ထို အိတ်ထဲကို ရေ ၂ မီလီ ထည့်ပါ ပြီးလျှင် အကြွေစေ့တွေထည့်ပါ ကြိုးနဲ့ ချည်ပြီး မီးဖိုချောင်ရှိ ပြတင်းပေါက် တွင် တွဲလောင်းချထားပါ ဒါဆိုသေချာပါပြီ ယင်လုံးဝမလာစေရပါဘူး။ဘာလို့ယင်မလာတာလဲဆို ထိုရေ အိတ်ထဲရှိ အကြွေစေ့များက အလင်းပြန်ပါတယ်။ဒါကို ယင်ကောင်တွေက လုံး၀ မခံနိုင်ပါဘူး သည့်အပြင် ရေကို ထို အကြွေစေ့များရဲ့ အလင်းပြန်မှု့ ကြောင့် ယင်ကောင်ရဲ့ မျက်စိထဲမှာ ပိုများ စေပါတယ် တကယ်တန်းမှာ ယင်ကောင်တွေက ရေများရင် မကြိုက်ပါဘူး။

 

ထိုနည်းလမ်းကို ပင် ပျားရည် နှင့် ကိုကာ ကိုလာဖြင့်နကျယ်ကောင်တွေ တွေမလာနိုင်အောင်လုပ်လို့ရပါသေးတယ်။ရေနေရာ မှာ ပျားရည်နဲ့ ကိုလာ အစားထိုး အကြွေစေ့ထည့်တာမျိုးပေါ့။အခုပဲ အိမ်ရဲ့ မီးဖိုချောင်မှာ ယင်ကောင်များ နေရင် ရေအိတ်လုပ်ကြည့်ပါ ချက်ချင်းလက်၎င်း ကို ထူးခြားမှာပါ အချိန် ၉ နာရီလောက်ကြာပါက ယင်လုံး၀ သင့်မီးဖိုချောင်နား ကပ်တော့မည်မဟုတ်ပါ။

 

<<< Zawgyi >>>

 


------------------------------------------------------------------

 


 


 


 


 

Ref : Edinburgh live

Read times
Rate this item
(0 votes)