×

Warning

JUser: :_load: Unable to load user with ID: 540


မတည်ငွေ ကျပ်သိန်း ၅,၀၀၀ နှင့် ဒေသခံမိသားစုပေါင်း ၁၉,၉၀၄ ကျော် ထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်တဲ့ ကမ္ဘောဇဘဏ်

COVID-19 စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ (တောင်ကြီး) မှာကမ္ဘောဇဘဏ်ကငွေကျပ် သိန်း ၅၀၀၀ မတည်ထားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဖေဖေ ဦးအောင်ကိုဝင်းတို့ ဦးဆောင်တဲ့စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအဖွဲ့ဝင်တွေဟာ အခြေခံပြည်သူများထံကိုယ်တိုင်သွားရောက်ပြီးထောက်ပံ့လှူဒါန်းမှုများ နေစဉ်ပြုလုပ်ခဲ့ပါတယ်။ 

 

Image may contain: 2 people, people standing and outdoor

 

မေလ ၂၁ ရက်နေ့မှစတင်ပြီးCOVID-19 စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ (တောင်ကြီး) ဟာတောင်ကြီးမြို့ပေါ်ရပ်ကွက်များ၊ ညောင်ရွှေ၊ အင်းလေးဒေသ၊ နောင်တရား၊ ဖယ်ခုံ၊ မိုးဗြဲ၊ ကျောက်တလုံးကြီး၊ ဟဲဟိုး၊ ဘော်ဆိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်စခန်းများနဲ့လားရှိုး စတဲ့ မြို့များမှ ကျေးရွာများအထိ သွားရောက်ကာ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ ကယန်း၊ အင်းသား၊ ဗမာ၊ ပလောင်တိုင်းရင်းသားတွေအတွက် ရိက္ခာထုပ်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။

 

Image may contain: one or more people

 

မေလ ၃၀ ရက်နေ့အထိ စာရင်းများအရ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနဲ့ ငွေကျပ် ၁၀၀၀၀ စီပါဝင်တဲ့ စားနပ်ရိက္ခာထုပ်များကိုဒေသခံတိုင်းရင်းသားမိသားစုပေါင်း (၁၉၉၀၄) စုဆီ အား ထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

 

Image may contain: 1 person, standing, tree, child, sky, outdoor and nature

 

COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကမ္ဘောဇဘဏ်လီမိတက်ရဲ့တစ်နိုင်ငံလုံးအတိုင်းအတာ လှူဒါန်းမှုများအတွက် ပါဝင်ကူညီခဲ့ကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိတ်ဆွေများ၊ ပရဟိတအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များနဲ့ ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

 

Image may contain: 1 person, sitting and outdoor

 

ဆက်လက်ပြီးလည်းကမ္ဘောဇဘဏ်ရဲ့စံတန်ဖိုးများဖြစ်တဲ့မေတ္တာ၊ သတ္တိ၊ ဝီရိယ တို့ကို အခြေခံကာ COVID -19 ကမ္ဘာ့ကပ်ရောဂါကာလကို အတူတကွ လက်တွဲကျော်ဖြတ်သွားမှာဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)