×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက်ဝန်ဆောင်မှုကဏ္ဍကို မြှင့်တင်ရန် foodpanda နှင့် ONE Championship အောင်လအန်ဆန်းတို့ ပူးပေါင်း

ထိပ်တန်း အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည့် foodpanda သည် မြန်မာ့စပါးအုံး အောင်လအန်ဆန်းနှင့် မိတ်ဖက်ပူးပေါင်းပြီး မြန်မာ့အစားအသောက်ဝန်ဆောင်မှုကဏ္ဍကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

 

ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းလိုက်ခြင်းဖြင့် foodpanda တွင် မှာယူနိုင်သော အစားအသောက်များနှင့် မြန်မာ့အစားအသောက်ဝန်ဆောင်မှုကဏ္ဍ၏ အရေးပါပုံကို မီးမောင်းထိုးပြမည်ဖြစ်သည်။

 

အောင်လအန်ဆန်း၏ facebook ပေ့ချ်တွင် ထုတ်ပြန်ထားသော ဗီဒီယိုအရ ‌အောင်လမှ အစားသောက်ပို့ဆောင်ရေး ဝန်ထမ်းများအပါအဝင် ရှေ့တန်းမှ လုပ်ငန်းခွင်ဝင်နေသူများကို ကျေးဇူးတင်ကြောင်း ပြောကြားထားပြီး Covid-19 ကို ဆက်လက် တိုက်ထုတ်နိုင်ရန်အတွက် ပြည်သူများအားလုံး တတ်နိုင်တလောက်နေအိမ်၌ပင်နေပေးကြပါရန်လည်း ကျန်းမာရေး အသိပေးထားသည်။

 

လာမည့် ရက်သတ္တပတ်များတွင် foodpanda နှင့် ONE Championship ကြယ်ပွင့်တို့မှ ပြည်သူများကို ဖိတ်ကြားပြီး အောင်လနှင့် အထူးသီးသန့် လေ့ကျင့်မှုပြုလုပ်ခြင်း၊ ကျန်းမာကြံ့ခိုင်စွာ နေထိုင်စားသောက်ခြင်း လမ်းညွှန်ပေးမှုများနှင့် အခြား စိတ်လှုပ်ရှားဖွယ် အစီအစဉ်များစွာကို ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။

 

“အခုကာလမှာ foodpanda နဲ့လက်တွဲခွင့်ရလို့အရမ်းပဲဝမ်းသာမိပါတယ်။ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုက ပြည်သူတွေ နှစ်သက်တဲ့ အစားအသောက်တွေကို ကလစ်နှိပ်လိုက်ရုံနဲ့ အဆင်ပြေပြေ အိမ်တိုင်ရာရောက် မှာယူစားသောက်နိုင်အောင် ဆောင်ရွက်ပေးနေတာဖြစ်ပြီး အထူးသဖြင့် ဒီလိုခက်ခဲနေတဲ့အချိန်မှာဆိုရင် အစားအသောက်တွေက ပိုပြီးအရေးပါလာပါတယ်။

 

အစားအသောက်တွေထဲမှာဆိုရင်တော့ မြန်မာ့အစားအစာတွေက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။ အဲ့ဒီအစားအစာတွေက ဘယ်ရောက်နေနေ၊ ဘာလုပ်နေနေ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သူငယ်ချင်း မိသားစုတွေနဲ့ အမြဲတမ်း ဆက်နွယ်နေပါတယ်။ ဒါကြောင့်လည်း foodpanda နဲ့ လက်တွဲပြီး အစားအသောက်ချစ်သူတွေအတွက်ရှေ့လျှောက်စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေရှိပြုလုပ်သွားဖို့ ပါတယ်။” ဟု မိတ်ဖက်ပူးပေါင်းမှုနှင့် ပတ်သက်ပြီး အောင်လအန်ဆန်းမှ ပြောကြားသွားခဲ့ပါသည်။

 

“အောင်လကို ကျွန်တော်တို့ brand ambassador အဖြစ်ကြိုဆိုခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းမှုကနေတစ်ဆင့် foodpanda က ကတိပြုထားတဲ့အတိုင်း မြန်မာ့ဒေသခံစားသောက်ဆိုင်တွေကို အားလုံးကချစ်ကြတဲ့ နိုင်ငံကျော်ချန်ပီယံကြီးနဲ့ အတူလက်တွဲပြီး မြှင့်တင်ပေးသွားမှာပါ။ စားသုံးသူတွေအတွက်နှစ်သက်ရာ အစားအသောက်တွေကို အချိန်တိုအတွင်း ပို့ဆောင်ခ အခမဲ့နဲ့ ပို့ဆောင်ပေးနေတဲ့ foodpannda အနေနဲ့ နည်းပညာမြင့်ပလက်ဖောင်းကတစ်ဆင့် ဒေသတွင်းက စားသောက်ဆိုင်တွေနဲ့ စားသုံးသူတွေ ကိုချိတ်ဆက်ပေါင်းစည်းပေးနေတာပဲဖြစ်ပါတယ်။

 

မြန်မာနိုင်ငံက စားသုံးသူတွေအတွက် စိတ်ဝင်စားစရာ အစီအစဉ်တွေကို အောင်လနဲ့ပူးပေါင်းပြီး ယူဆောင်လာပေးဦးမှာပါ” ဟု foodpanda Myanmar ရဲ့ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဦးဇေယျာမင်းမှ ပြောကြားသွားခဲ့ပါသည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ဝန်ဆောင်မှုစတင်ချိန်မှစပြီး foodpanda သည် စားသောက်ဆိုင်များ၊ မိတ်ဖက်များ၊ ပို့ဆောင်ပေးသူများနှင့် စားသုံးသူများ၏ ပံ့ပိုးမှုဖြင့် ၎င်း၏ ဝန်ဆောင်မှုကို အရှိန်အဟုန်ဖြင့် တိုးမြှင့်နိုင်ခဲ့ကြပါသည်။ နိုင်ငံတစ်ဝှမ်းရှိ စားသုံးသူများထံသို့ အစားအသောက်ကောင်းများ ပို့ဆောင်‌ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးမြို့နှင့် မတ်လတွင် ပုဂံမြို့ တို့၌ စဉ်ဆက်မပြတ် မိတ်ဆက်ဝင်ရောက်ခဲ့ပါသည်။

 

ယခုဆိုလျှင် ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့တို့ရှိ စားသုံးသူများသည် စားသောက်ဆိုင်အမျိုးမျိုးတို့မှ အစားအသောက်ကောင်းများကို လွယ်ကူသက်သာစွာဖြင့် အချိန်မရွေး၊ နေရာမရွေး အိမ်တိုင်ရာရောက် မှာယူနိုင်ပြီ ဖြစ်ပါသည်။

 

ဒေသခံဆိုင်ပေါင်း ၃၀၀၀ ကျော်နှင့် လက်တွဲထားပြီး foodpanda သည် အစားအသောက်ကောင်းများကို နိုင်ငံတစ်ဝှမ်းရှိ စားသုံးသူများထံသို့ ပို့ဆောင်ပေးနိုင်ရန်အတွက်အလျင်အမြန် ဆက်လက်တိုးချဲ့သွားမည် ဖြစ်ပါသည်။ စားသုံးသူများ အဆင်ပြေစေရန်အတွက် foodpanda မှ ရွေးချယ်စရာဆိုင်ပေါင်းများစွာမှ အစားအသောက်များကို အနည်းဆုံးအော်ဒါတန်ဖိုး သတ်မှတ်ထားခြင်းမရှိဘဲ ပို့ဆောင်ခအခမဲ့ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သောကြောင့် စားသုံးသူများအနေဖြင့် သုံးဆောင်လိုသောအချိန်တွင် မိမိမှာယူလိုသလောက်ကိုသာ အချိန်တိုအတွင်း မှာယူသုံးဆောင်နိုင်မည် ဖြစ်ပါသည်။

 

foodpanda မှ အစားအသောက်များ မှာယူလိုပါက foodpanda application ကို App Store နှင့် Google Play Store တို့တွင် ဒေါင်းလုတ်ရယူနိုင်သလို www.foodpanda.com.mm တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Read times
Rate this item
(0 votes)