×

Warning

JUser: :_load: Unable to load user with ID: 540


Sprite ပုလင်းများအား အစိမ်းရောင်အစား အကြည်ရောင်ဖြင့်ထုတ်မည်

Sprite ပုလင်းများအား အစိမ်းရောင်အစား အကြည်ရောင်ဖြင့်ထုတ်မည် Food Navigator

အာရှဈေးကွက်မှာ ကိုကာကိုလာ လုပ်ငန်းစု အနေနဲ့ Sprite ပုလင်းများကို ယခင် လူသိများတဲ့ အစိမ်းရောင် အစား အကြည်ရောင် PET ပုလင်းများ အဖြစ် အာရှနိုင်ငံ ၇ နိုင်ငံမှာ တိုးချဲ့ဖြန့်ချိရောင်းချမယ်လို့ စင်ကာပူနိုင်ငံမှ ကိုကာကိုလာ လုပ်ငန်းစုက ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်စလောက်က ဖိလစ်ပိုင်နိုင်ငံမှာ အကြည်ရောင် ပုလင်းများဖြင့် စတင် ရောင်းချခဲ့ပြီး ယခု ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ယိုးဒယား ၊ မလေးရှား ၊ ကိုရီးယား ၊ ဖီဂျီ ၊ ဟောင်ကောင် စတဲ့ နိုင်ငံတွေမှာပါ စတင်ရောင်းချခဲ့ပါတယ်။အခု စင်ကာပူမှာ 500 ml နဲ့ 1.5 ml အကြည်ရောင် Sprite ဘူးတွေဟာ နိုင်ငံရဲ့နေရာ အနှံအပြားမှာ ရောင်းချတယ်သိရပါတယ်။ထိုဘူးတွေဟာ ၁၀ ရာခိုင်နှုန်း ပြန်လည် အသုံးပြုလို့ရတဲ့ PET ဖြင့် ပြုလုပ်ထားပြီး ၁၀၀ ရာခိုင်နှုန်း နေရာတိုင်းမှာ ပြန်လည် အသုံးပြုလို့ရပါတယ်။

 

ကိုကာကိုလာရဲ့ တည်မြဲ ဆက်ဆံရေး အမှုဆောင်ချုပ် Sharon Tan မှ FoodNavigator- Asia ကို ပြောကြားချက်အရ '' ကျွန်ုပ်တို့ ကိုကာကိုလာ အဖွဲ့ရည်ရွယ်ချက်ကတော့ စင်ကာပူနိုင်ငံသားတိုင်း ကျွန်ုပ်တို့ရဲ့ ကြိုးစား အားထုတ်မှုဖြစ်တဲ့ ပြန်လည် အသုံးပြုခြင်း ( Recycle ) ကိစ္စ ကို သိရှိနားလည်ဖို့ပါ။ဒါကြောင့် ကိုကာကိုလာ လုပ်ငန်းစု အနေနဲ့ အစိမ်းရောင် Sprite ပုလင်းတွေကို အကြည်ရောင်အဖြစ်ပြောင်းလဲ ပြီး ကိုယ်တွေရဲ့ ထုတ်ပိုး မှုပုံစံတွေကိုလည်း ပြန်လည်အသုံးပြုနိုလို့ရအောင် ပြုလုပ်ထားပါတယ် '' လို့ပြောပါတယ်။

 

ထို့အပြင် စင်ကာပူနိုင်ငံရဲ့ ကိုကာကိုလာလုပ်ငန်းစု အနေနဲ့ ၂၀၂၅ ခုနှစ်မှာ စင်ကာပူနိုင်ငံ ဟာ စွန့်ပစ် ပလတ်စတစ် သုည ရာခိုင်းနှုန်း အထိ လျော့ချ နိုင်ဖို့ ရည်ရွယ်ချက်ရှိတယ်သိရပါတယ်။'' ကျွန်ုပ်တို့တွေအနေနဲ့ ပြန်လည် အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်း များကို ထုတ်ပိုးမှုပုံစံအသစ်နဲ့ ပစ္စည်း ထပ်မံ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်မယ် ဆိုရင် စားသုံးသူများအနေနဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကင်းတဲ့ နိုင်ငံမှာ ကျန်းမာရေးကောင်းစွာ နေနိုင်မယ် " ဆိုကာ ကိုကာ ကိုလာ ကပြောပါသေးတယ်။

 

အစိမ်းရောင် မရှိခြင်းက ပိုမို စိမ်းစိုနိုင်

----------------------------------------------

 

စားသုံးသူများ အတွက် ထုတ်ပိုးမှုပိုင်းဆိုင်ရာ အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက် အရ အရောင်ပါတဲ့ PET ပုလင်းတွေလည်းပဲ ပြန်လည် အသုံးပြုလို့ရပါတယ် သို့ပေမယ့် အရောင်ပါတာကနေ ထိုးဖောက်မြင်ရတဲ့ အကြည်ရဖို့ကို အတော်လေး အချိန်ယူ ရပါတယ်။ဒီတော့ ပြန်လည် အရောင်ချွတ်ဖို့မလိုတဲ့ အကြည်ဘူးတွေက အဟောင်း ဈေးကွက် မှာ အဝယ်ပိုများတယ်သိရပါတယ်။ ဒါကြောင့် ထပ်ခါထပ်ခါ ၎င်း ပလတ်စတစ်တွေကိုအသုံးပြုနိုင်ဖို့ အကြည်ရောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

 

အကယ်၍ ကွာလာလမ်ပူ မှာ PET ပုလင်းများ အကြည်ရောင်အဖြစ်ဖြင့်သာ ဝင်မယ်ဆိုပါစို့ တစ်နှစ်မှာ ပြန်သုံးလို့ရမည့် ပလတ်စတစ်က ၆၄၅ တန် ထွက်ပါလိမ့်မယ်။ထို့အပြင် ပြန်လည် အသုံးပြု လို့ရနိုင်မည့် PET ပုလင်း ၆ ရာခိုင်နှုန်း ကနေ ၂၉ ရာခိုင်နှုန်း လောက် တက်လာမယ်သိရပါတယ်။

 

ထို့အပြင် အမြဲတမ်းဆက်ဆံရေး အမှုဆောင်ချုပ် Sharon Tan ပြောကြားချက် အရ '' ထိုးဖောက်မြင် ရတဲ့ အကြည်ပုလင်းတွေပြောင်းတာက ကမ္ဘာကြီး အနေနဲ့ ဆုံးရှုံး မှုတွေ မဖြစ်လာစေဖို့ပါ , ထို့ အပြင် ပြန်လည် အသုံးပြုနိုင်စေရန် ၊ စာရင်းမရှိ အမှိုက် ဖြစ်သွားတဲ့ ကိစ္စ ရပ်တွေကို ထိန်းချုပ်နိုင်ရန် ပလတ်စတစ်အကြည်ကို အသုံးပြုခြင်းဖြစ်ပါတယ်။

 

ကိုကာ ကိုလာ ရဲ့ ကမ္ဘာမှ ဖြုန်းတီးမှု မရှိစေရရေးကို ကိုကာကိုလာ မှ ၂၀၁၈ ခုနှစ်ကနေမှ စတင်ပြီး အခုဆိုရင် ၂၀၃၀ မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းကင်းလွတ်ရေးကို ဦးတည်နေပါတယ်။အခုဆိုရင် ဖိလစ်ပိုင်မှာ ဆိုရင် စွန့်ပစ်ပစ္စည်း စုဆောင်းသူတွေအများကြီးရှိပြီး ဈေးတန်းတစ်ခုနဲ့ ကို အဟောင်းဈေးမရောက်ခင် ပေးဝယ်နေတယ်သိရပါတယ်။

 

အကြည်ရောင် Sprite ပုလင်းတွေဟာ ၂၀၁၉ ထဲက အနောက်ဥရောပဘက်မှာာ ရောင်းချ နေပြီ ဖြစ်ပြီး ဒီနှစ်အတွင်း အာရှတိုက်ကို တိုးချဲ့ ဖြန့်ချိမယ်လို့ သိရပါတယ်။ဟောင်ကောင်မှာဆိုရင် Sprite အပြင် အခြား ကိုကာကိုလာမှ နာမည်ကြီး ပုလင်းအနေနဲ့ Schweppes Sparkling Water မှ ပုလင်းကို ဒီနှစ်ကုန်မှာ အပြာမှ အကြည်ရောင်ပြောင်းမယ်သိရပါတယ်။

 

ပြီးခဲ့တဲ့ နှစ် သြစတေးလျ နိုင်ငံ မှာ ကိုကာကိုလာက ၁၀၀ ရာခိုင်နှုန်း ပြန်လည်အသုံးပြုနိုင်တဲ့ ပလပ်စတစ် ပုလင်းဖြင့်ဖြန့်ချိခဲ့ပြီး ၎င်းပုလင်းများကို ဖိလစ်ပိုင်မှ တစ်ဆင့် စတင်ပြန်လည်အသုံးပြုနိုင်ဖို့ ပြုလုပ်ခဲ့တယ်သိရပါတယ်။

 

Ref : Food Navigator 

 

Written by Freya Bo 

Read times
Rate this item
(0 votes)