×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ဒူးရင်းသီး တင်ပို့မှုက ထုတ်ကုန်ရဲ့ ၇၃ရာခိုင်းနှုန်းထိ မြင့်တက်

တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ဒူးရင်းသီး တင်ပို့မှုက ထုတ်ကုန်ရဲ့ ၇၃ရာခိုင်းနှုန်းထိ မြင့်တက် The Star

ယခုနှစ် ၂၀၂၀ခုနှစ်ရဲ့  ပထမခြောက်လအတွင်း တရုတ်ပြည်မသို့ ထိုင်းနိုင်ငံရဲ့ ဒူးရင်းသီး တင်ပို့မှု စုစုပေါင်းဟာ ထုတ်ကုန်ရဲ့ ၇၃ ရာခိုင်နှုန်းရှိကြောင်း သြဂုတ်လ ၁၁ ရက် အင်္ဂါနေ့က ပြောရေးဆိုခွင့်ရှိသူ အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ကုန်သွယ်ရေးညှိနှိုင်းမှုဌာန ညွှန်ကြားရေးမှူးချုပ် Oramon Sapthaveethamက တရုတ်ပြည်မကြီးသို့ တင်ပို့တဲ့ ထိုင်းဒူးရင်းသီးတွေက အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံခန့် ရောင်းအားရရှိခဲ့ပြီး ယခုနှစ် နှစ်ဝက်အတွင်း စုစုပေါင်းပို့ကုန်ပမာဏရဲ့ ၇၃ ရာခိုင်နှုန်းရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ အာဆီယံစျေးကွက်သို့ ဒူးရင်းသီး တင်ပို့မှုက စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၆၄ သန်းရရှိခဲ့ပါတယ်။

 

၎င်းတင်ပို့မှုက စုစုပေါင်း ပို့ကုန်ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းရှိကြောင်း Oramon Sapthaveethamက ပြောကြားခဲ့ပါတယ်။

 

The Star

AKJ_General_Trading_21.png

Read times Last modified on Thursday, 13 August 2020 02:02
Rate this item
(1 Vote)