×

Warning

JUser: :_load: Unable to load user with ID: 540


ဘရာဇီးမှ တင်ပို့သည့် ကြက်သားတွင် Covid-19ဗိုင်းရပ်စ်ပိုးတွေ့ရှိ

ဘရာဇီးမှ တင်ပို့သည့် ကြက်သားတွင် Covid-19ဗိုင်းရပ်စ်ပိုးတွေ့ရှိ NDTV

ဘရာဇီးလ်မှ တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန်ကျန်းသို့ တင်သွင်းသော ကြက်များကို coronavirusစမ်းသပ် စစ်ဆေးခဲ့ရာ Positiveအဖြစ် ရောဂါပိုးတွေ့ရှိခဲ့တယ် လို့ မြို့တော်အစိုးရက ဩဂုတ်လ ၈ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

 

အစားအစာ သန့်စင်မှုမှတ်ချက်ပေးရန် တောင်းဆိုချက်ကို ပေကျင်းရှိဘရာဇီးသံရုံးက ချက်ချင်း တုံ့ပြန်မှု မရှိပါဘူး။

 

ဘေဂျင်းမှာ ရောဂါထပ်မံဖြစ်ပွားမှုအသစ်က မြို့တော် Xinfadiရဲ့ ပင်လယ်စာစျေးနှင့် ပတ်သက်ခဲ့တာကြောင့် ဒေသတွင်း ရောဂါထိန်းချုပ်ရေး စင်တာတွေက အသားနှင့် ပင်လယ်ထွက်ပစ္စည်းများတင်သွင်းမှုမှ ရောဂါရှိ မရှိကို ဇွန်လကတည်းက ပုံမှန်စစ်ဆေးလျက်ရှိပါတယ်။

 

ရှန်ကျန်းရဲ့ ကျန်းမာရေးအာဏာပိုင်တွေက အစားအစာများ သန့်စင်မှုရှိ မရှိ အားလုံးကိုစစ်ဆေးပြီး ရောဂါပိုးမွှားများမရှိစေရန် အနီးပတ်ဝန်းကျင်က သိုလှောင်ရုံမှ သိုလှောင်ထားသောအစားအစာများကိုလည်း စမ်းသပ်ခဲ့ကြပါတယ်။ လေ့လာစမ်းသပ်မှု စာရင်းအရ ရလဒ်အားလုံးက Negativeထွက်ကြောင်းသိရပါတယ်။

 

ရှန်ကျန်း ကပ်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဌာနချုပ်က ပြောကြားချက်အရ ပြည်ပမှတင်သွင်းသော အသားနှင့်ပင်လယ်စာတွေကို လူထုအနေနဲ့ သတိထားရန် လိုအပ်ပြီး ကူးစက်မှု အန္တရာယ်တွေကို လျှော့ချဖို့ အတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်လို့ ပြောကြားခဲ့သည်။

 

အီကွေဒေါနိုင်ငံမှ တင်သွင်းသော ပုစွန်ထုပ်ပိုးမှုမှာ coronavirus ကိုတွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံက ဩဂုတ်လ ၇ရက်နေ့က အစီရင်ခံခဲ့ပြီး၊ အခြားမြို့ကြီးတွေမှာ ပင်လယ်ရေညစ်ညမ်းမှုတွေကို အစီရင်ခံတင်ပြခဲ့သည်။

 

မကြာသေးမီ လတွေက တရုတ်နိုင်ငံရဲ့ အဓိကဆိပ်ကမ်းများသို့ တင်ပို့၀င်ရောက်လာတဲ့အသားနှင့်ပင်လယ်စာ ကွန်တိန်နာအားလုံးကို စစ်ဆေးခြင်း အပြင် ဘရာဇီးအပါအ၀င် အမျိုးမျိုးသော အသားတင်သွင်းမှုကို ဇွန်လ အလယ်ကတည်းက တရုတ်နိုင်ငံက ဆိုင်းငံ့ခဲ့ကြသည်။

 

COVID-19 ဖြစ်ပွားမှုက Wuhan မြို့ရှိ Huanan ပင်လယ်စာ စျေးနှင့်လည်း ဆက်စပ်မှုရှိနေပါသည်။ ကနဦး လေ့လာမှုများအရ ဗိုင်းရပ်စ်သည် စျေးထဲတွင် ရောင်းချသော တိရိစ္ဆာန်ထုတ်ကုန်များမှ အစပြုပြီး ဖြစ်ပေါ် ပျံ့နှံခြင်းဖြစ်သည်။

 

ကျွမ်းကျင်သူများက SARS-CoV-2 ဗိုင်းရပ်စ်သည် အစားအစာနှင့်အစားအစာထုပ်ပိုးသည့် ပစ္စည်းများစိမ့်ဝင်နိုင်သော်လည်း ၎င်းဗိုင်းရပ်စ်က မျိုးပွားလို့မရတဲ့ အပြင် အခန်းအပူချိန်မှာ ကြာရှည်စွာမရှင်သန်င်ကြောင်း ပြောကြားခဲ့သည်။

 

သို့သော် "အအေးခန်းထဲမှာသိုလှောင်ထားတဲ့ အစားအစာတွေက ကူးစက်နိုင်တဲ့ အရင်းအမြစ်ဖြစ်နိုင်ကြောင်း" တရုတ်အမျိုးသားစားနပ်ရိက္ခာအန္တရာယ်ကင်းရှင်းရေးအန္တရာယ် အကဲဖြတ်လေ့လာမှုဌာနတွင် အဏုဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းကို ဦးဆောင်သူ Li Fengqinက ဇွန်လမှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

 

Written By Omega

Source: NDTV

Read times Last modified on Thursday, 13 August 2020 18:10
Rate this item
(0 votes)