×

Warning

JUser: :_load: Unable to load user with ID: 540


မြေအောက်ရေဖြင့် သုံးလမြေပဲ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

မြေအောက်ရေဖြင့် သုံးလမြေပဲ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ MDN

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းအနီးကျေးရွာများတွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့်

သုံးလမြေပဲ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိသည် ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ မြေပဲစိုက်ပျိုးတောင်သူများထံမှ သိရသည်။


ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးသည့်အပြင် မုန်းချောင်းဘေးတစ်လျှောက်ရှိ မြေနုကျွန်းနှင့် ကိုင်းမြေများတွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။

 

ယခုနှစ်တွင် မြေအောက်ရေဖြင့် တောင်သူများက သုံးလမြေပဲများကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၄၅ တင်း ထွက်ရှိပြီး ယခုထွက်ရှိသည့် သုံးလမြေပဲများကို မြေပဲတောင့် တစ်ပြည်လျှင် ငွေကျပ် ၁၂၀၀၊ တစ်တင်းဈေး ငွေကျပ် ၁၉၂၀၀ ဖြင့် ရောင်းချနေကြသည်။


“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာတွေက တောင်သူတွေဟာ မုန်းချောင်းဘေးရှိ မြေနုကျွန်းနဲ့ ကိုင်းမြေတွေမှာ ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံနဲ့ နှစ်ရှည်သီးနှံများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ အဓိက စိုက်ပျိုးတဲ့သီးနှံကတော့ မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ ဖူးစားပြောင်း စတဲ့ သီးနှံများကို စိုက်ပျိုးတာဖြစ်ပါတယ်။ ယခုနှစ်မှာ ကျွန်တော်တို့ မုန်းချောင်းဘေးတစ်လျှောက်က မြေနုကျွန်းနဲ့ ကိုင်းမြေတွေမှာ သုံးလမြေပဲကို တောင်သူတွေ စမ်းသပ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တစ်ဧကို မြေပဲတောင့်တင်းရေ (၄၅)တင်းခန့် ထွက်ရှိကြပါတယ်။ မြေပဲစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အတွက် လာမယ့်နှစ်မှာ တောင်သူတွေ ပိုမိုစိုက်ပျိုးလာနိုင်မှာပါတယ်။ နောက်ပြီး သုံးလမြေပဲစိုက်ပျိုးရေးလုပ်ငန်းဟာ နုတ်ယူပြီးမှ မြေပဲကို ဆွတ်ခူးရတာဖြစ်လို့ ခုလို မြေပဲသိမ်းဆည်းချိန်မှာ ကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးတဲ့လုပ်ငန်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ မြေပဲနုတ်နေ့စား အငှားလိုက်တဲ့သူတွေကို အမျိုးသမီးဆိုရင် တစ်ရက်လုပ်အားခ ငွေကျပ် ၃၀၀၀၊ အမျိုးသားဆိုရင် ငွေကျပ် ၄၀၀၀ ပေးပြီး ငှားရမ်းလုပ်ကိုင်ရပါတယ်” ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ သုံးလမြေပဲစိုက်ပျိုးတောင်သူ ဦးသန်းထွန်းဦးက ပြောကြားခဲ့သည်။


ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ပေါကြွယ်ဝသည့်အပြင် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် ဒေသခံကျေးလက်နေ ပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါး အများဆုံးစိုက်ပျိုးထုတ်လုပ်နိုင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး နှစ်စဉ် စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ၊ ဖူးစားပြောင်း၊ ကြံ၊ ငှက်ပျော၊ သင်္ဘော၊ ပိန်းဥနှင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများဖြစ်သည့် သရက်၊ ပိန္နဲ၊ လျှော်ဖြူ၊ မန်ဂျက်ရှား၊ သနပ်ခါး စသည့် သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်လို့ သိရသည်။

 

By Myanmar Food Guide

MDN

Read times
Rate this item
(0 votes)