×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ကျော် ဖြတ်သန်းသွားလာရန် QR Code ခွင့်ပြုသည့်လုပ်ငန်း (၂၇)မျိုးစာရင်း

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ကျော် ဖြတ်သန်းသွားလာခွင့် ရရှိဖို့ လိုအပ်တဲ့လုပ်ငန်းတွေက အပြင်ကို သွားတော့မယ်ဆိုရင်

ဖြတ်သန်းသွားလာခွင့် QR Code လိုလာပါပြီ

# မပါရင် အရေးယူခံရမှာပါ 

# အဲ့အတွက် သက်ဆိုင်ရာ ကုမ္ပဏီ လုပ်ငန်းက အလှည့်ကျတာဝန်ပေးမဲ့ ဝန်ထမ်းတစ်ဦးချင်းစီအတွက် နှင့် လုပ်ငန်းသုံးကားအတွက် QR code ယူဖို့ လိုလာပါတယ် 

# အ​​ပြင်ထွက်မယ်ဆို အောက်ပါ link အတိုင်း သွားရောက်ဖတ်ရှုပြီး Online မှ မှတ်ပုံတင်ပါ

ခေါင်းစဉ်ပြာကို ထိပါ

ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Online မှာ မှတ်ပုံတင်နည်း

 

ခွင့်ပြုသည့်လုပ်ငန်းအမျိုးအစားများ 

၁။ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ။

 ၂။ စက်သုံးဆီ အရောင်းဆိုင်များ။ 

၃။ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ။ 

၄။ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ။ 

၅။ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ။ ။

၆။ နေ့စဉ်တစ်ကိုယ်ရေသုံး ပစ္စည်းထုတ်လုပ်သည့်စက်ရုံများ။ 

၇။ Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်းများ။ 

၈။ Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော အထွေထွေလေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ။ 

၉။ Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ။ ။ 

၁၀။ Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်းများ။

 ၁၁။ Relief Flight များ၊ Cargo Flight များနှင့် စင်းလုံးငှား လေယာဉ်ခရီးစဉ်များအတွက်  ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်း  လုပ်ငန်းများ။

၁၂။ Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီများ။ 

၁၃။ Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော အကောက်ခွန်ဝင်ဆောင်မှုလုပ်ငန်းလုပ်ကိုင် သည့်ကုမ္ပဏီအေဂျင်စီများ။

 ၁၄။ Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော လေယာဉ်အစားအသောက် ထုတ်လုပ်တင်ပို့ခြင်း လုပ်ငန်းများ။ 

၁၅။ Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများဖြစ်သော လေယာဉ်ပြုပြင်ထိန်းသိမ်း၊ မွမ်းမံခြင်းလုပ်ငန်းများ။

 ၁၆။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိကဆိပ်ကမ်းများ။ 

 ၁၇။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် သင်္ဘောလိုင်းဌာန ကိုယ်စားလှယ်ရုံးများ။ 

၁၈။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီများ။ 

၁၉။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ။ 

၂၀။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ။

၂၁။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ဆိပ်ကမ်းပို့ကုန်/သွင်းကုန် သယ်ဆောင်သည့်ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ။

 ၂၂။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ကုန်းတွင်းကုန်သေတ္တာ စခန်းများ။ 

၂၃။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ကုန်းတွင်းဆိပ်ကမ်းများ။

၂၄။ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှု ၊ လုပ်ငန်းများ။ 

၂၅။ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် ကြိုးဖုန်းနှင့်မိုဘိုင်း တယ်လီ ဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ။ 

၂၆။ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် အင်တာနက် ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းချခြင်းများ မပါ)

 ၂၇။ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ။

Read times
Rate this item
(0 votes)