×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းကဏ္ဍရှိ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ပုဂ္ဂလိကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ကိုဗစ်-၁၉ အလွန်ကာလတွင် ပိုကောင်းအောင် ပြန်လည်တည်ဆောက်ရန်ဟူသော စိတ်ဓာတ်ဖြင့် စိုက်ပျိုးရေးအခြေခံ မြန်မာ့စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိက ငါးလုပ်ငန်း ကဏ္ဍတို့၏ ပြန်လည်ထူထောင်ရေးလိုအပ်ချက်များနှင့် ၄◌င်းတို့၏ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးခဲ့ကြသည့် စိုက်ပျိုးရေးနှင့်ငါးလုပ်ငန်းကဏ္ဍရှိ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ပုဂ္ဂလိကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၀ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် Zoom Webinar ပုံစံဖြင့် ကျင်းပခဲ့ကြပါသည်။

 

စကားဝိုင်းဆွေးနွေးပွဲတွင် လက်တွေ့ဖော်ဆောင်နို်ငမည့် လုပ်ငန်းရလာဒ်များနှင့်အတူ ဆွေးနွေးရမည့် အကြောင်းအရာများကို စနစ်တကျဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို UNDP နှင့် UMFCCI တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အသင်းချုပ် Mr.Titon Mitra, Resident Representative for UNDP Myanmar နှင့် အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး အသင်းချုပ် ဒုတိယဥက္ကဌများဖြစ်သော ဒေါက်တာမောင်မောင်လေး၊ ဦးသောင်းတင်၊ ဦးရဲမင်းအောင်တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

နဂိုမူလထက် ပိုကောင်းအောင် ပြန်လည်တည်ဆောက်ခြင်းဟူသည် ပတ်ဝန်းကျင်ကို ထိခိုက်စေမှု ပိုနည်းသော၊ အားလုံးပါဝင်နိုင်မှုပိုရှိသော၊ ရေရှည်တည်တံ့နိုင်မှုပိုရှိသော အလုပ်အကိုင်များကို ဖန်တီးခြင်း၊ ဒစ်ဂျစ်တယ် စီးပွားရေးစနှစ်နှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးစနစ် (E-Commerce) တို့ကို တိုးမြင့်ကျင့်သုံးခြင်း၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကျပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းပိုရှိသည့် ဆန်းသစ်တီထွင်မှုရှိသော စီးပွားရေးပုံစံသစ်များကို ရှာဖွေခြင်း နှင့် ပတ်သက်ပြီး ဆွေးနွေးသွားခဲ့ကြသည်။

 

အထူးသဖြင့် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းကဏ္ဍ၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍ တို့သည် အလုပ်အကိုင်ရရှိရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးပါသောကြောင့် ထိုကဏ္ဍအား ဦးစားပေး၍ ဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။

 

ယင်းဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးသောင်းတင်မှ လုပ်ငန်းများ၏ ငွေကြေးစီးဆင်းမှု ခက်ခဲသည်ကို တွေ့ရပြီး Mobile Wallet ဟုခေါ်သည့် ဒစ်ဂျစ်တယ်ငွေလွှဲပြောင်းမှုများကို အသုံးပြု လာသည်ကို တွေ့ရတော့လည်း လိုအပ်ချက်များစွာ ရှိနေသေးတာကြောင့် အခက်အခဲများ ရှိနေသေးသည်ကို တွေ့ရသည်ကြောင်းနှင့် အခြားသောအခက်အခဲများကို လေ့လာတွေ့ရှိချက်တွေအရ ဆွေးနွေးတင်ပြသွားပါသည်။ ထို့မှတစ်ဆင့် Telecom Infrastructure ၊ အစိုးရနှင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များကို ဆွေးနွေးခဲ့သည်။

 

အသင်းချုပ်ဒုတိယဥက္ကဌ ဦးရဲမင်းအောင်မှ စိုက်ပျိုးရေးသမားများအနေဖြင့် ငွေကြေးရေးရာများကို ပိုမိုလွယ်ကူစွာရရှိနိုင်ရေး၊ စိုက်ပျိုးရေးသမား ကြီး၊ ငယ်၊ လတ်တို့ အားလုံးပါဝင်နိုင်ရေး၊ အစိုးရ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့ ကုန်သွယ်စီးဆင်းရေးတို့ကို ပိုမိုကျယ်ပြန့်နိုင်ရန် ပံ့ပိုးပေးခြင်း၊ အထူးသဖြင့် မြန်မာနှင့် အိန္ဒိယနိုင်ငံကြား ကုန်သွယ်စီးဆင်းမှု မြင့်တင်ရေးတို့ကို ဉီးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်းတို့နှင့် အခြားသော ကုန်သွယ်ရေးဖွင့်လှစ်မှုများကို ပိုမို လုပ်ဆောင် သင့်ကြောင်းကို Power Point Presentation ဖြင့်ဆွေးနွေးတင်ပြသွားခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ အစိုးရ၊ ပုဂ္ဂလိက၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ ကုန်သည်ကြီးများအသင်းများမှ ကိုယ်စားလှယ်များ ၊ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

 

By Myanmar Food Guide


ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)

Read times
Rate this item
(0 votes)