×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီဆိုင်များအရောက် ဆန်ပို့ဆောင် ရောင်းချပေးမည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်

၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ ဆန်ကုန်စည်ဒိုင်များပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay At home ကြောညာထားသောမြို့နယ်များရှိ ဆန် လက်လီဆိုင်များအနေဖြင့် ယခုအချိန်ကာလအတွင်း ဆန်ဝယ်ယူလိုပါက ဝယ်ယူနိုင်ကြောင်းနှင့် လက်လီဆိုင် များအရောက်ပို့ဆောင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည် ။

မြန်မာ့ဆန်ဖြူ ( ဧည့်မထအရှည် / အသွယ် ၂၅ ရာခိုင်နှုန်း ) ကိုစားသုံးသူများထံတစ်ပြည် ၁၀၀၀ ကျပ်နှုန်း ဖြင့် ပြန်လည်ရောင်းချပေးရန်အတွက် ၂၄ ပြည်တစ်အိတ်လျှင် ၂၃၂၀၀ ကျပ်နှုန်းဖြင့်ဆိုင်အရောက် ပို့ဆောင် ရောင်းချပေးမည်ဖြစ်သည်။

ရွှေဘိုပေါ်ဆန်း ၊ ဧရာဝတီပေါ်ဆန်းတို့ကိုလည်း သင့်တင့်သောပေါက်ဈေးဖြင့် လက်လီဆိုင်များအရောက် ပို့ဆောင်ရောင်းချပေးမည်ဖြစ်သည်။

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်များကို တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာနေ့များတွင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိ သည်။

ဆန်လက်လီဆိုင်များအနေဖြင့် တစ်ကြိမ်မှာယူပါကအနည်းဆုံး ၁၀ အိတ်မှ အများဆုံး ၅၀ အိတ်အထိ မှာယူနိုင်သည် ။

 

ဆက်သွယ်မေးမြန်းဝယ်ယူလိုပါက

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

ဖုန်း- ၀၉၆၉၄၃၈၆၉၉၄၊ ၀၉၆၉၄၃ ၈၆၉၉၅၊

 

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း

ဖုန်း- ၀၉၆၉၆၉၆၉၁၄၉၊ ၀၉၅၀၀၇၃၀၇၊ ၀၉၅၁ ၂၃၄၁၄၊

 

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်

ဖုန်း- ၀၉၅၁၃၉၃၉၀၊ ၀၉၇၉၆၈၃၈၃၀၉၊

 

ဘုရင့်နောင်ဆန်စပါး ကုန်စည်ဒိုင်

ဖုန်း- ၀၉၅၁၀၂၅၇၇

 

တို့ကိုဆက်သွယ်နိုင်ကြောင်း သိရသည် ။

myotaw.news/

Read times
Rate this item
(0 votes)