×

Warning

JUser: :_load: Unable to load user with ID: 540


ပြင်သစ်နိုင်ငံရှိ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အတန်းများ ခင်းကျင်းမှုအလှဆုံး ပြိုင်ပွဲ

ပြင်သစ်နိုင်ငံရှိ စူပါမားကတ်များတွင် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အတန်းများကို ခင်းကျင်းမှုအလှဆုံး ပြိုင်ပွဲတစ်ခုကို စီစဉ်ခဲ့သည်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စူပါမားကတ်စင်များပေါ်တွင် အလှဆုံးခင်းကျင်းတင်ဆက်ခြင်းတွင် မီဒီယာနှင့်အတူ ပါဝင်ခဲ့ပြီး စပွန်ဆာများဖြစ်သော Prince de Bretagne, Demain La Terre, Savéol, Lagadec Primeurs, Anecoop တို့သည် ထိုသို့တင်ဆက်ခြင်းအတွက် ကျွန်ုပ်တို့ကိုထောက်ပံ့ပေးကြသည်” ဟု မန်နေဂျာ Benoît Motais ကရှင်းပြသည်။

 

france_01.JPG

 

ထင်ရှားပေါ်လွင်စေသည့် အခွင့်အလမ်းသုံးခု
ကျွန်ုပ်တို့သည် တတ်နိုင်သမျှ အားလုံးပါဝင်ယှဉ်ပြိုင်နိုင်စေရန် ၎င်းတို့အတွက်အခွင့်အလမ်း ၃ ခုကိုတွေ့ရှိခဲ့သည်။ "ဒီဂျူရီဟာသည် မူရင်းဓာတ်ပုံနှင့် သက်ရောက်မှုအရှိဆုံး ထုတ်ကုန်တွေအတွက်ဆုကိုပေးလိမ့်မည်။ ဒေသခံ ကုန်ထုတ်လုပ်သူများနှင့် သူတို့၏ ကုန်ပစ္စည်းများကို အဆင့်မြှင့်တင်ရန် စတိုးဆိုင်များ၏ အားထုတ်မှုသည်လည်း အကျိုးဖြစ်ထွန်းလိမ့်မည်ဟုသိရသည်။

နောက်ဆုံးအနေဖြင့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အတန်းများကို ခင်းကျင်းမှုအလှဆုံး ဓာတ်ပုံ ၂၀ ကို မဲပေးသည့် စနစ်ဖြင့် ဂျူရီက ကြိုတင်ရွေးချယ်ပြီး အင်တာနက်သုံးစွဲသူများသည် ပြိုင်ပွဲ၏ အလှဆုံးသစ်သီးနှင့်ဟင်းသီးဟင်းရွက်တန်းကို မဲပေးကြလိမ့်မည်။ ကုန်ပစ္စည်းပေးသွင်းသူများနှင့် မန်နေဂျာများကို စတိုးဆိုင်များနှင့်အတူ သစ်သီးနှင့် ဟင်းသီးဟင်းရွက်အတန်းများခင်းကျင်းမှု၌ ဝန်ထမ်းများ၏ ကြိုးစားမှုအတွက် ဆုချမည်ဟုသိရသည်။ အကယ်၍ ထိုပြိုင်ပွဲတွင် အနိုင်ရသည့် ဓာတ်ပုံကို ဒိုင်မှ ရွေးချယ်ခဲ့လျှင် ဆိုင်နှင့် မန်နေဂျာနှစ်ဦးစလုံးအနိုင်ရလိမ့်မည်။”

 

လူတိုင်းအတွက်ပြိုင်ပွဲ
ထိုပြိုင်ပွဲသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်ကျွမ်းကျင်သူများ အားလုံးအတွက်ဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် “သစ်သီးနှင့် ဟင်းသီးဟင်းရွက်အတန်းမှ စူပါမားကတ်ဝန်ထမ်းများ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တန်းမှ လက်ထောက်မန်နေဂျာများ၊ ကုန်ပစ္စည်းပေးသွင်းသူများ၊ မန်နေဂျာများနှင့် အရောင်းကိုယ်စားလှယ်များအထိပါဝင်နိုင်သည်။ စင်ပေါ်တွင် ထုတ်ကုန်များနှင့်ဆန်းသစ်တီထွင်မှုများကိုမြှင့်တင်လိုသော မည်သူမဆို ပါဝင်ရန်လိုအပ်သည်ဟုသိရသည်။ ပြိုင်ပွဲဝင်ရန် လိုအပ်သည်များမှာ ပြိုင်ပွဲဝင်ဓာတ်ပုံတစ်ပုံပို့ရန်ဖြစ်ပြီး (၈) ပတ်အတွင်း ပြိုင်ပွဲတွင် စူပါမားကတ်သည် မတူညီသောပြသမှုများဖြင့် အကြိမ်ပေါင်းများစွာပါဝင်နိုင်သည်။

ပြိုင်ပွဲကိုဇွန် ၂၁ ရက်တွင်စတင်ခဲ့ပြီးသြဂုတ်လ ၁၅ ရက်အထိကြာမည်ဖြစ်သည်။ ရလဒ်များကိုစက်တင်ဘာ ၁၀ ရက်တွင်ကြေငြာမည်။

 

Ref: freshplaza.com

 
Read times Last modified on Wednesday, 07 July 2021 14:05
Rate this item
(0 votes)