×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံ၌ စားသုံးဆီနှင့် ဆီထွက်သီးနှံ သိုလှောင်နိုင်မှု ပမာဏကန့်သတ်

ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် အတွက် ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများအပေါ် ကောက်ခံလျက်ရှိ သော အခွန်နှုန်းထားများအား လျော့ချခဲ့ ပြီးနောက်

ယခုအခါ လုပ်ငန်းရှင်များ လက်ဝယ်၌ စားသုံးဆီနှင့် ဆီထွက်သီးနှံများ သိုလှောင် ထားရှိနိုင်ခွင့်ကို အိန္ဒိယ အစိုးရက ကန့်သတ်လိုက်ပါသည်။
အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာနက ၈-၁၀-၂၀၂၁ နေ့၌ အမိန့်အမှတ် S.O. 4146(E) ကို ထုတ်ပြန်ရာ တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ လက်ဝယ် ၌ စားသုံးဆီနှင့် ဆီထွက်သီးနှံများ သိုလှောင်ထားရှိခွင့်ကို အမိန့်ထုတ်ပြန်ချိန်မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကန့်သတ်မှုပြုမည်ဖြစ်ကြောင်း၊ ပြည်နယ်/ ပြည်ထောင်စုနယ် မြေအလိုက် ကုန်စည်လက်ကျန်နှင့် စားသုံးမှု အခြေအနေအပေါ် မူတည်၍ သိုလှောင်ထားရှိနိုင်မည့် ပမာဏကို သက်ဆိုင်ရာ ဒေသန္တရအစိုးရအဖွဲ့များက သတ်မှတ်မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် အကယ်၍ ၎င်းတို့လက် ဝယ်တွင် သတ်မှတ်ပြဌာန်းချက်ထက် ကုန်စည်များပိုမိုလျက်ရှိ လျှင် စားနပ် ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဦးစီးဌာန၏ ကုန်စည်အချက်အလက် အင်တာနက် စင်္ကြန်၌ ထုတ်ဖော်ကြေညာရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ပမာဏသို့ လျော့ချ သိုလှောင်ရမည်ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန၌ ပို့ကုန်/သွင်းကုန် မှတ်ပုံ တင် လက်မှတ်ရယူလျက် စားသုံးဆီတင်ပို့လျက်ရှိသော ဆီကြိတ်ခွဲထုတ်လုပ်သူ၊ ပြန်လည်သန့် စင်သူ၊ လက်လီလက်ကား ဖြန့်ဖြူးသူများသည် ပြည်ပတင်ပို့ရန်အတွက် စားသုံးဆီနှင့် ဆီထွက် သီးနှံများအား လက်ဝယ်ထားရှိကြောင်း ရှင်းလင်းပြသနိုင်ပါက ဤကန့်သတ်ချက်မှ ကင်းလွတ် ခွင့်ရှိမည်ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်း ဆောင်ရွက်သည့် ကြိတ်ခွဲထုတ်လုပ်သူ၊ ပြန်လည်သန့် စင်သူ၊ လက်လီလက် ကား ဖြန့်ချီသူများသည်လည်း ၎င်း၏လက်ဝယ်ရှိ စားသုံးဆီနှင့် ဆီထွက် သီးနှံများအား ပြည်ပမှတင်သွင်းလာခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြနိုင်ပါက အလားတူ ကင်း လွတ်ခွင့်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံ၌ ပြည်တွင်းစားသုံးဆီလိုအပ်ချက်၏ ၆၀% ခန့်အား ဖြည့်ဆည်းနိုင်ရန် အတွက် နှစ်စဉ် ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည်။ နိုင်ငံတကာဈေးကွက် အခြေအနေနှင့် ပြည်တွင်းသွင်းအားစုအပိုင်း၌ ကျပ်တည်းမှုအရ ပြည်တွင်း၌ စားသုံးဆီဈေးနှုန်းများသည် လွန်ခဲ့ သည့် ၁ နှစ်တာအတွင်း မြင့်တက်လာခဲ့ရာ အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ စာရင်းများ အရ အောက်တိုဘာလ ၉ ရက်နေ့ရှိ ပဲပုတ်ဆီ လက်လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၁၅၄.၉၅ ရူပီးနှုန်းသို့ရောက်ရှိပြီး ယခင်နှစ်ကာလတူထက် ၄၆.၁၅% ပိုမိုလာကြောင်းတွေ့ရှိရသည်။ ထို့အတူ ၁ နှစ် တာကာလအတွင်း ဆီ ၁ ကီလိုဂရမ်လျှင် မုံညင်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီတို့သည် ၄၃% ခန့်၊ နေကြာဆီသည် ၃၈.၄၈% ခန့်နှင့် စားအုန်းဆီသည် ၃၈% ခန့် ပျမ်းမျှဈေးနှုန်းများ အသီးသီး ပိုမို မြင့်တက်ခဲ့သည်။
အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနက ၁၀-၁၀-၂၀၂၁ နေ့၌ သတင်းထုတ်ပြန်ရာတွင် အစိုးရသည် ပြည်တွင်း၌ စားသုံးဆီကဲ့သို့သော အရေးကြီးကုန်စည်များ၏ ဈေးနှုန်းတည်ငြိမ်မှုရှိ စေရေးအတွက် သွင်းကုန် အပေါ် ကောက်ခံသည့်အခွန်စနစ်၏ ထိရောက်မှုကို ဆန်းစစ်ခြင်း၊ သိုလှောင် ထားရှိသည့် ကုန်စည်ပမာဏကို ကုန်စည်အချက်အလက်စင်္ကြန်သို့ ထုတ်ဖော် တင်ပြစေခြင်း စသည်ဖြင့် ဘက်စုံကြပ်မတ်သည့် မဟာဗျူဟာကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ NCDEX အိတ်ချိန်းဈေးကွက်၌ မုံညင်းဆီနှင့် ဆီထွက်သီးနှံများအား အနာဂတ်ကာလအတွက် ကြိုတင်ရောင်းဝယ်ခြင်းကို ၈-၁၀-၂၀၂၁ နေ့မှစတင်၍ ဆိုင်းငံ့စေပြီးဖြစ်ကြောင်း၊ ဤသို့ ဆောင်ရွက်ချက် များက စားသုံးဆီဈေးနှုန်းများ တည်ငြိမ်လျက် နိုင်ငံတစ်ဝန်းရှိ စားသုံးသူ ပြည်သူများ အတွက် သက်သာချောင်ချိမှု ရရှိစေမည်ဖြစ်ကြောင်း ဖော်ပြပါ သည်။
ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များအနေဖြင့် စားနပ်ရိက္ခာ နှင့် ပြည်သူ့ဖြန့် ဖြူးမှုရေးရာဦးစီးဌာန၏ ကုန်စည်အချက်အလက်စင်္ကြန် (https://evegoils.nic.in) သို့ လုပ်ငန်း ရှင်များမှ စားသုံးဆီနှင့် ဆီထွက်သီးနှံ ကုန်လက်ကျန်စာရင်းများ ပုံမှန်ဖော်ထုတ်တင်ပြစေရေး ကြပ်မတ်ဆောင် ရွက်သွားရန် ဗဟိုအစိုးရက တိုက်တွန်းထားပါသည်။
Source: 1. Order No. S.O. 4146(E) dated 8th October 2021 of Ministry of Consumer Affairs, Food and Public Distribution of India
2. Centre imposes stock limits on edible oils to soften prices in domestic market, 10-10-2021, Economic Times
နေအေးလွင်၊ စီးပွားရေးသံမှူး
အိန္ဒိယ

Read times
Rate this item
(0 votes)