×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးကွက် စိုက်ပျိုးထွက်ကုန်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေးဈေးကွက် စိုက်ပျိုးထွက်ကုန်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

 

- မန္တလေးကုန်စည်ဒိုင် ဂျုံဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင်မဟာကထိန်တော်အသင်းတွင် ဂျုံရောင်းဝယ်မှုအခြေအနေ မှာ ယခင်နှစ်များက ဈေးမကောင်းခဲ့သဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးမှုများကြောင့် စိုက်ဧကနည်း အထွက်နည်း အဝင်နည်းခဲ့ခြင်း စတင်စိုက်ပျိုးရန် ပြင်ဆင်စ ကာလဖြစ်၍ ပစ္စည်းလက်ကျန်နည်း ခြင်း၊ ပြည်ပဂျုံများ ငွေဈေးမငြိမ်သက်မှုကြောင့် အဝင်နည်းခြင်း၊ မြို့တွင်းမုန့်လုပ်ငန်းသမားများ၊ အဝယ်ပုံမှန်ရှိခြင်းတို့ကြောင့် မြင်းမူ၊ ဆားတောင်၊ မုံရွာ၊ စစ်ကိုင်း ဂျုံများမှာ ယခင်အပတ် ၆၀ပိဿာ ၉၅၀၀၀ကျပ်မှ ၁၀၅၅၀၀ကျပ်သို့လည်းကောင်း၊ ကလေးဂျုံနှင့်ရှမ်းဂျုံမှာ ယခင်အပတ် ၉၂၅၀၀ ကျပ်မှ ၉၇၅၀၀ကျပ်သို့လည်းကောင်း ပြည်ပဂျုံဖြစ်သော ဩစတေးလျဂျုံ ၁ပိဿာ ၃၅၀၀ကျပ်သို့ လည်းကောင်း ဈေးများစွာမြင့်တက်သွားပါသည်။

 

- ဆီထွက်သီးနှံ နှင့် ဆီဈေးကွက်အခြေအနေ

မန္တလေးဈေးကွက်တွင် ဆီထွက်သီးနှံများ ဖြစ်သော မြေပဲ(လုံးဆန်)နှင့်ဆီဆံဈေးနှုန်းများမှာ မိုးမြေပဲများဝင်ရောက်စဖြစ်ခြင်း၊ ဆောင်းမြေပဲ စတင် စိုက်ပျိုးမှုရှိခြင်းတို့ကြောင့် လုပ်ငန်းသုံးနှင့် ဆီစက်သမား အဝယ်ပုံမှန်ရှိသော်လည်း ၁၀၀ပိဿာလျှင် ယခင်အပတ် ၂၉၅၀၀၀ကျပ်မှ ၂၉၀၀၀၀ သို့ ဈေးနိမ့်သွားပါသည်။ မြင်းမူမြေပဲမှာ အရည်အသွေးကောင်းပြီး မျိုးသမားအဝယ်ရှိသဖြင့် ၁၀၀ ပိဿာ ၃၁၀၀၀၀ကျပ်သို့ ဈေးမြင့်နေပြီး ဆီဆန်မှာ ကျောက်ပန်းတောင်း၊ နွားထိုးကြီးတို့မှ အဝင်ရှိ ခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁၀၀ပိဿာလျှင် ၂၅၀၀၀၀ကျပ်၊ ၂၆၀၀၀၀ကျပ်၊ ၂၆၅၀၀၀ ကျပ်၊ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။ နှမ်းမျိုးစုံ ဈေးနှုန်းအနေဖြင့် မိုးနှမ်းအဝင် နည်းသွားခြင်း၊ ဆောင်းနှမ်း စတင်စိုက်ပျိုးစဖြစ်ခြင်းကြောင့် တရုတ် ဝယ်လက်နည်းပြီး မြို့တွင်းသုံး သာရှိသော်လည်း နှမ်းဖြူ ၄၅ပိဿာလျှင် ၁၅၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ် နေပါသည်။
နှမ်းညိုအသစ်များ အဝင်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၄၅ပိဿာလျှင် ၁၂၀၀၀၀ကျပ် မှ ၁၂၅၀၀၀ကျပ်အထိ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။ ပန်းနှမ်းမှာ ယခု အပတ် အရောင်းအဝယ်အေးသဖြင့် ယခင်အပတ် ၄၅ပိဿာ ၉၂၅၀၀ကျပ် မှ ၈၉၀၀၀ကျပ် သို့ ဈေးနိမ့်သွားသည်။ ပဲဆီတပိဿာ ၆၀၀၀ကျပ်၊ နေကြာဆီတပိဿာ ၆၂၅၀ကျပ် ပဲပုတ်ဆီ တစ်ပိဿာ ၃၅၀၀ကျပ် စားအုန်းဆီတပိဿာ ၄၇၈၀ကျပ် အသီးသီးဖြင့် မြို့တွင်းသုံး ပုံမှန် ရောင်းဝယ် နေပါသည်။


- ပဲမျိုးစုံဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ယခုအပတ် ပဲမျိုးစုံဈေးနှုန်းအနေ ဖြင့် ပြည်ပပို့ရန် ဝယ်ယူမှုရှိသော ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံ (နီ)၊ မြေတောက်ပဲ တို့မှာ ငွေဈေးမတည် ငြိမ်ခြင်း၊ ကားခဈေးမြင့်သော်လည်း ရန်ကုန်ဝယ်လက်၊ တရုတ်ဝယ်လက်များက ဈေးနိမ့်ဝယ်ယူ ခြင်း၊ ရောင်းသူကုန်သည်များကလည်း မိုးစိုက်လက်ကျန်နည်းပြီး ဆောင်းစိုက်စတင်စိုက်ပျိုးစဖြစ်၍ ရောင်းချမှုနည်းခြင်းတို့ကြောင့် ဈေးကွက်အေးပြီး မတ်ပဲ ၆၀ပိဿာ ယခင်အပတ် ၁၉၂၅၀၀ကျပ်မှ ၁၅၈၅၀၀ကျပ်၊ ပဲတီစိမ်း (အညာ)ယခင်အပတ် ၁၂၂၂၅၀ကျပ် မှ ၁၂၁၀၀၀ကျပ် ပဲစဉ်းငုံ (နီ) ၆၀ပိဿာ လျှင် ယခင်အပတ် ၁၄၅၀၀၀ကျပ် မှ ၁၂၉၀၀၀ကျပ် သို့ ဈေးအသီးသီးနိမ့်နေပါသည်။
ပဲပုတ် (မြန်မာ)၊ ကုလားပဲ (ထိုင်ဝမ်) ကုကားပဲ (ကုဖြူကြီး၊ ထောပတ်ပဲ၊ ကြီး/သေး)၊ ပဲလွန်ဖြူ တို့မှာ မြို့တွင်းသုံး၊ ပဲခွဲစက်များဝယ်ယူမှုနည်းသဖြင့် ဈေအနည်းငယ်နိမ့်နေပါသည်။ စားတော်ပဲ (ကျွန်း) မှာ စားတော်ပဲ (ကနေဒါ) ဝင်ရောက်မှုရှိသဖြင့် မြို့တွင်းလက်လီသမားများက ဈေးနိမ့်သော ကနေဒါမျိုးအား ၅၉.၂၅ ပိသာ ၁၇၁၅၀၀ ကျပ် အားဝယ်ယူမှုများသဖြင့် စားတော်ပဲကျွန်း အရောင်းအဝယ်အေးပြီး ယခင်အပတ် ၂၂၀၀၀၀ ကျပ်မှ ၂၁၀၀၀၀ ကျပ်သို့ ဈေးနိမ့် သွားသည်။ ပဲကွန်ပြာမှာ ပစ္စည်းရှားခြင်း အရောင်းအဝယ် အေးခြင်းကြောင့် ၅၄.၂၅ ပိသာလျှင် ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။
ပဲပြား (ကြီး/သေး) တို့မှာ မိုးလက်ကျန် နည်းပြီးဆောင်းစိုက်ပျိုးစ ဖြစ်ခြင်း၊ မြို့တွင်း ပဲကြော်/ လှော် သမားများ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင်း ပဲကြီး (ကြီး) ၅၅.၂၅ပိသာ ယခင်အပတ် ၁၈၅၀၀၀ကျပ်မှ ၁၈၇၅၀၀ ကျပ်၊ ပဲကြီး (သေး) ၂၆၀၀၀၀ ကျပ်မှ ၁၆၂၅၀၀ ကျပ်သို့ ဈေးမြင့်သွား ပါသည်။


- ကိုင်းတန်းဈေး စားဖိုဆောင်သီးနှံ ဈေးကွက် အခြေအနေ

မန္တလေးကိုင်းတန်းဈေး စားဖိုဆောင် သီးနှံများအနက် ကြက်သွန်နီဈေးနှုန်း မှာ မိုးကြက်သွန် များ နယ်စုံမှ ဝင်ရောက်မှုရှိအပြင် ထိုင်း၊ မြဝတီမှတဆင့် တရုတ်နှင့် ဘင်္ဂလားဝယ်လက် ရှိသော်လည်း ကြက်သွန်နီ (ကြီး) ယခင်အပတ် ၉၀၀ မှ ၈၀၀ ကျပ် (လတ်) တစ်ပိဿာ ၇၀၀ ကျပ် မှ ၆၀၀ကျပ် သေး တစ်ပိဿာ ၄၀၀ ကျပ် သို့ ဈေးနိမ့်နေပါသည်။ ကြက်သွန်ဖြူ ဈေးနှုန်းမှ တရုတ်ကြက်သွန် ဖြူ အဝင်ပုံမှန် စားသုံးမှု ပုံမှန်ဖြစ်၍ တစ်ပိဿာ ၄၄၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေပြီး ကြက်သွန်ဖြူ (ရှမ်း) မှာ စတင်စိုက်ပျိုးချိန်ဖြစ်၍ လက်ကျန်များ အရည် အသွေးပေါ်မူတည်၍ ၂၀၀၀ ကျပ်မှ ၃၀၀၀ကျပ် ကြက်သွန်ဖြူ (မြေပြန့်) ၂၆၀၀ကျပ်မှ ၃၃၀၀ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။ အာလူး အိုကေ၊ အေဝမ်း တို့မှာ အောင်ပန်းဒေသတခုထဲမှ ထွက်ရှိ ပြီး နယ်စုံ ဖြန့်ဝေမှု ရှိသဖြင့် ပင်ရင်းဈေးမြင့်ခြင်းကြောင့် အိုကေ တစ်ပိသာ ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ် အေဝမ်း တစ်ပိသာ ၁၂၀၀ကျပ်မှ ၁၈၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပြီး ဆွဲသီးဝင်ရောက်မှုမရှိကြောင်း သိရသည်။ ချင်းဈေးနှုန်းမှာ ဘင်္ဂလားသို့ တင်ပို့မှုမရှိခြင်း၊ အသစ်ပေါ်ချိန်ဖြစ်ခြင်းတို့ကြောင့် ချင်းသစ်တစ်ပိဿာ ၆၀၀ကျပ် ချင်းဟောင်းတစ်ပိသာ ၈၀၀ကျပ် ဖြင့် မြို့သွင်းသုံးနှင့် ချင်းထိုးသမား ပုံမှန် ဝယ်ယူမှုရှိနေ ပါသည်။

Market Information Service- DOP- MOALI

 

 

 

Read times Last modified on Tuesday, 26 October 2021 08:48
Rate this item
(0 votes)