×

Warning

JUser: :_load: Unable to load user with ID: 540


Universal Robina က မလေးရှား ဘီစကွတ် brand ကို ကန်ဒေါ်လာ ၄၅၃ သန်းဖြင့် ဝယ်ယူ

ဖိလစ်ပိုင်မှ သွားရည်စာ လုပ်ငန်း Universal Robina က မလေးရှားမှ နာမည်ကြီး သွားရည်စာ brand ဖြစ်တဲ့

Munchy’s ကို မလေးရှားမှ ဘီစကွတ်ထုတ်လုပ်သူ Crunchy Foods ထံမှ ရင်းဂစ် ၁.၉၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၅၃.၇ သန်း) ဖြင့် ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

 

download_8.jpg

Crunchy Foods ဟာ မလေးရှား မုန့်ဖုတ်လုပ်ငန်းကဏ္ဍမှာ ဦးဆောင်နေရာကို ရရှိထားပြီး Munchy's အပြင် Oat Krunch, Lexus, Muzic နဲ့ Choc-O တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်မှာ ရောင်းချလျက် ရှိပါတယ်။
Munchy's ကို CVC Capital Partners က ၂၀၁၈ မှာ ဝယ်ယူခဲ့ပြီး ယခု Universal Robina က CVC Capital Partners ထံမှ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
Munchy's ရဲ့ ကြွေးလက်ကန်နဲ့ ငွေလက်ကျန်တို့ကို CVC Capital Partners က တာဝန်ယူပိုင်ဆိုင်တဲ့ "cash-free, debt-free" ပုံစံဖြင့် အရောင်းအဝယ် ပြုခဲ့ကြတာ ဖြစ်ပါတယ်။

Universal Robina ရဲ့ စီအီးအို Irwin Lee က ကုမ္ပဏီအနေဖြင့် အရှေ့တောင်အာရှဈေးကွက်များထဲ ချဲ့ထွင်နေတာအတွက် Munchy's က အံကိုက်ပဲ လို့ မှတ်ချက်ပြုပါတယ်။

 

download_9.jpg

 

Universal Robina က မိသားစုပိုင် ကုမ္ပဏီစုကြီး JG Summit Holdings ရဲ့ လက်အောက်ခံ လုပ်ငန်းတစ်ခု ဖြစ်ပြီး Jack 'n Jill အားလူးပြားကြော်၊ Cream-O ကွပ်ကီး အပါအဝင် သွားရည်စာ အထုပ်အမျိုးမျိုးတို့ကို ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိပါတယ်။

Read times
Rate this item
(0 votes)