×

Warning

JUser: :_load: Unable to load user with ID: 540


စားအုန်းဆီ အများဆုံးဝယ်သည့် အိန္ဒိယက စားအုန်းဆီတင်သွင်းမှု လျှော့ချ

စားအုန်းဆီ အများဆုံးဝယ်သည့် အိန္ဒိယက စားအုန်းဆီတင်သွင်းမှု လျှော့ချ


အိန္ဒိယမှ စားဆီလုပ်ငန်းများသည် စားအုန်းဆီ ဝယ်ယူမှု လျှော့ချပြီး ပဲပုပ်ဆီနှင့် နေကြာဆီကို တိုးမြှင့်ဝယ်ယူတင်သွင်းကြသည်။

"ပုံမှန်အားဖြင့် စားဆီလုပ်ငန်းတွေက ဈေးသက်သာတဲ့ စားအုန်းဆီကို ဝယ်ယူတင်သွင်းကြတယ်။ ပဲပုပ်ဆီနဲ့ နေကြာဆီတို့ထက် ဈေးအများကြီး သက်သာတယ်။ အခုတော့ ဈေးတွေက သိပ်မကွာတော့ဘူး။ ဒီတော့ သူတို့က ပဲပုပ်ဆီနဲ့ နေကြာဆီတို့ကို ပြောင်းလဲ ဝယ်ယူတင်သွင်းကြတယ်" ဟု ကုန်သွယ်လုပ်ငန်း G.G. Patel & Nikhil Research Company မှ ညွှန်ချုပ် Govindbhai Patel က ‌ရိုက်တာ သတင်းဌာနကို ပြောပြသည်။

အစဉ်အလာအားဖြင့် အိန္ဒိယ တစ်နှစ်တာ စားဆီတင်သွင်းမှုတွင် တန်ချိန်အားဖြင့် သုံးပုံနှစ်ပုံသည် စားအုန်းဆီ တင်သွင်းခြင်း ဖြစ်သည်။ တန်ချိန် ၁၃ မှ ၁၅ သန်းအထိ တင်သွင်းသည်။
စက်တင်ဘာလတွင် စားအုန်းဆီ တန်ချိန် ၁.၂၆ သန်း စံချိန်တင် ဝယ်ယူတင်သွင်းခဲ့ကြသည်။

အောက်တိုဘာလတွင် စားအုန်းဆီ တန်ချိန် ၆၉၃,၀၀၀ တင်သွင်းခဲ့ပြီး နိုဝင်ဘာလတွင် တန်ချိန် ၅၈၅,၀၀၀ တင်သွင်းခဲ့သည်။ ကြီးမားသော ပမာဏဖြင့် လျော့နည်းခဲ့သည်။

ယခင် ပြီးခဲ့သည့်နှစ်က စားအုန်းဆီနှင့် ပဲပုပ်ဆီ အကြား ဈေးကွာခြားမှုသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ ဖြစ်ခဲ့ပြီး ယခုအခါ အမေရိကန်ဒေါ်လာ ၂၀ သာ ကွာခြားတော့သည်။


အိန္ဒိယ စားအုန်းဆီကြမ်း crude palm ၊ ပဲပုပ်ဆီ soybean ၊ နေကြာဆီ sunflower ဈေးနှုန်းများ

 

plam_soya_sunflower.png

 

စားအုန်းဆီကြမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၃၉၅ ကုန်ကျသည်။ ဆီဖိုး၊ အာမခံ၊ သယ်ပို့ခ cost, insurance and freight (CIF) ဈေးနှုန်း ဖြစ်ပါသည်။ အိန္ဒိယ ဆိပ်ကမ်း အရောက် ဒီဇင်ဘာလအတွက် ဈေးနှုန်း ဖြစ်ပါသည်။
တစ်တန် CIF ပဲပုပ်ဆီကြမ်း ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁,၄၁၅ ဖြစ်ပြီး နေကြာဆီကြမ်း ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁,၄၄၅ ဖြစ်ပါသည်။

ပဲပုပ်ဆီသည် စားအုန်းဆီထက် အရည်အသွေး ပိုကောင်းသဖြင့် ဈေးသိပ်မကွာတော့သည့်အခါ ကုန်သည်တို့က ပဲပုပ်ဆီကို ရွေးချယ်ကြပါသည်။
အောက်တိုဘာလတွင် ပဲပုပ်ဆီ တန်ချိန် ၂၁၇,၀၀၀ တင်သွင်းခဲ့ပြီး နိုဝင်ဘာလတွင် ပဲပုပ်ဆီ တန်ချိန် ၄၀၀,၀၀၀ ဝန်းကျင် တင်သွင်းခဲ့သည်။
နေကြာဆီလည်း တင်သွင်းသည့်ပမာဏ မြင့်တက်ခဲ့ပါသည်။ အောက်တိုဘာလတွင် တန်ချိန် ၁၁၇,၀၀၀ တင်သွင်းခဲ့ပြီး နိုဝင်ဘာလတွင် ၂၀၀,၀၀၀ တင်သွင်းခဲ့သည်။

အိန္ဒိယ စားအုန်းဆီကြမ်း crude palm ၊ ပဲပုပ်ဆီ soybean တင်သွင်းမှု 

plam_soya.png

အိန္ဒိယသည် စားအုန်းဆီကို အင်ဒိုနီးရှားနှင့် မလေးရှား တို့မှ တင်သွင်းသည်။ ပဲပုပ်ဆီကို အာဂျင်တီးနားနှင့် ဘရာဇီးတို့မှ တင်သွင်းသည်။ နေကြာဆီကို ရုရှားနှင့် ယူကရိန်းတို့မှ တင်သွင်းသည်။

ဒီဇင်ဘာလတွင် စားအုန်းဆီ တင်သွင်းမှုသည် တန်ချိန် ၆၀၀,၀၀၀ အောက်တွင် ဖြစ်လိမ့်မည်။ ပဲပုပ်ဆီသည် တန်ချိန် ၄၀၀,၀၀၀ အထက်တွင် ဖြစ်လိမ့်မည်။
ဒီဇင်ဘာနှင့် ဇန်နဝါရီ တို့တွင် စားအုန်းဆီနင့် အခြား ဆီနှစ်မျိုး တင်သွင်းသည့်ပမာဏ ကွာခြားမှု နည်းပါးလိမ့်မည်။

ဖေဖော်ဝါရီ နောက်ပိုင်းမှာ စားအုန်းဆီက ဈေးကွင်ဝေစု ပြန်လည်စတင်ရရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ သို့သော် ဆောင်းရာသီ ဖြစ်သဖြင့် ပမာဏ လျော့နည်းမည်။ ဆောင်းရာသီ အအေးကြောင့် စားအုန်းဆီ ခဲသဖြင့် အိမ်ထောင်စုတို့ အသုံးနည်းကြသည်။

 

 

Read times
Rate this item
(0 votes)