×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ် ပို့ကုန်ဆန် ဈေးကျ ဘင်္ဂလားဒေ့ရှ် သွင်းကုန်ဆန် ဈေးတက်

ထိုင်း နဲ့ အိန္ဒိယ တို့မှ ပြည်ပတင်ပို့တဲ့ ဆန်ဈေးနှုန်းများ လျော့ကျခဲ့ပါတယ်။


ပြည်တွင်း ဆန်တင်ပို့သူ ပိုများလာခြင်း၊ ပြည်တွင်းသုံးစွဲငွေ ငွေဈေးကျခြင်းတို့ကြောင့် ပြည်ပတင်ပို့တဲ့ ဈေးနှုန်းများ လျော့ကျခဲ့ပါတယ်။ ဗီယက်နမ်ဆန်လည်း ဈေးလျော့ကျပါတယ်။

ဆန်အများဆုံး တင်ပို့နေတဲ့ အိန္ဒိယရဲ့ ၅% ဆန်ကွဲပါ ပြုတ်ဆန် အမျိုးအစား RI-INBKN5-P1 ရောင်းဈေး တစ်တန် အမေရိကန်ဒေါ်လာ ၃၅၃~၃၅၈ ရှိနေပြီး ယခင်အပတ်က ၃၅၄~၃၆၀ မှ လျော့ကျခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ စပါးအထွက် ကောင်းပြီး ပြည်ပမှလည်း များများစားစား တင်သွင်းနေပေမဲ့ ဆန်ဈေးတက်ပါတယ်။

ကမ္ဘာ့စပါးထုတ်လုပ်မှုမှာ တတိယအများဆုံး ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က ရေကြီးပြီး အပျက်အစီး များလို့ ဆန်တင်သွင်းနေရပါတယ်။ အိန္ဒိယမှာ အများဆုံး တင်သွင်းပြီး ကုန်လမ်းကို အသုံးပြုပါတယ်။ ဇူလိုင်လမှစ၍ ဆန် တန်ချိန် ၈၀၀,၀၀၀ နီးပါး တင်သွင်းခဲ့ပြီးပြီ ဖြစ်ပါတယ်။

ထိုင်းရဲ့ ၅% ဆန်ကွဲပါဆန် အမျိုးအစား RI-THBKN5-P1 ဈေးနှုန်း ယခင်အပတ်က အမေရိကန်ဒေါ်လာ ၃၉၀~၄၀၃ ဖြစ်ခဲ့ပြီး ယခု ၃၈၀~၃၉၇ သို့ ဈေးကျခဲ့ပါတယ်။

ထိုင်းဘတ်ငွေရဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ၁.၅% လျော့ကျခဲ့ပါတာကြောင့် ပြည်ပတင်ပို့ ဆန် ဒေါ်လာဈေးနှုန်း လျော့ကျသွာူပါတယ်။ ဆန်ဈေးကျတာ မဟုတ်ဘဲ ငွေလဲနှုန်းကြောင့် ပြည်ပပို့ ဆန်ဈေးနှုန်း ကျဆင်းခဲ့ပါတယ်။
ထိုင်းမှာ စပါးအထွက်ကောင်းခဲ့ပြီး သိုလှောင်ပို့ဆောင်ရေး တန်ဆာခ ဈေးတက်ခြင်း၊ တင်ပို့ရန် သင်္ဘောမရခြင်း စတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါတယ်။
ထိုင်းနိုင်ငံက ဇန်နဝါရီမှ အောက်တိုဘာလအထိ ဆန်တန်ချိန် ၄.၅၉ သန်း တင်ပို့ခဲ့ပါတယ်။

ဗီယက်နမ်မှ ၅%ဆန်ကွဲပါ ဆန်အမျိုးအစား RI-VNBKN5-P1 ဈေးနှုန်း ယခင်အပတ်က အမေရိကန်ဒေါ်လာ ၄၂၅~၄၃၀ ဖြစ်ခဲ့ပြီး ယခု ၄၁၅~၄၂၀ ဖြစ်ပါတယ်။
ဖိလစ်ပိုင်က ဗီယက်နမ်မှ ဆန်အဝယ် ယာယီရပ်ထားလိုက်လို့ ဈေးကျသွားတာ ဖြစ်ပါတယ်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိလိုက်ပါ

ဖိလစ်ပိုင်က ဗီယက်နမ်ဆန် တင်သွင်းမှု ရပ်ဆိုင်း

 

ယခုနှစ်မှာ ဗီယက်နမ် ဆန်တင်ပို့မှု တန်ချိန် ၆.၂~၆.၅ သန်း ရှိလိမ့်မယ်လို့ Vietnam Food Association က ခန့်မှန်းထားပါတယ်။

 

 

Read times Last modified on Saturday, 04 December 2021 09:05
Rate this item
(0 votes)