×

Warning

JUser: :_load: Unable to load user with ID: 540


bubble tea တိုက်ခန်းတံခါးဝ လာမပို့သဖြင့် ပြဿနာရှာ

မလေးရှားမှ အမျိုးသမီးတစ်ဦးက သူမှာထားတဲ့ bubble tea ကို သူနေထိုင်တဲ့ တိုက်ခန်းတံခါးရှေ့အထိ

အရောက်ပို့မပေးလို့ စိတ်ဆိုးပါတယ်။ တိုက်အောက်ကို ဆင်းပြီး ယူရလို့ စားစရာပို့သူကို မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြစဉ် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုတယ်။ တိုက်လုံခြုံရေးက အပြင်လူကို အဝင်မခံလို့ တိုက်ခန်းဝအထိ လာပို့လို့ မရကြောင်း ရှင်းပြတဲ့အခါ အခုလို တားဆီးတဲ့ လုံခြုံရေးကိုပါ စိတ်ဆိုးတယ်။
စိတ်ဆိုးမာန်ဆိုး ပြောဆိုပြီးတဲ့အခါ လက်ထဲမှာ ကိုင်ထားတဲ့ bubble tea ခွက်ထဲမှ bubble tea နဲ့ စားစရာပေးပို့သူကို ပက်တယ်။ တစ်ဆက်တည်းမှာပဲ စားစရာပေးပို့သူ ဘေးမှာ ရပ်နေတဲ့ လုံခြုံရေးဝန်ထမ်းကိုပါ ခွက်ထဲကျန်တဲ့ bubble tea နဲ့ ပက်ပါတယ်။
အဖြစ်အပျက်အစအဆုံးကို Michael Cheang ဆိုသူက ကားပေါ်မှ ဗီဒီယို လှမ်းရိုက်ပြီး Facebook ပေါ်မှာ တင်ပြခဲ့ပါတယ်။

bubble_tea.jpeg


နိုဝင်ဘာလ ၂၆ ရက် ည ၈ နာရီခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ Michael Cheang က ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာ အမျိုးသမီး ပြောဆိုနေတာတွေ မကြားရပေမဲ့ bubble tea နဲ့ ပက်တာကိုတော့ တွေ့ကြရပါတယ်။ ဒူးညွှတ်ပြီး ကြမ်းပြင်ပေါ် ခွက်ကို ဆောင့်ပစ်၊ လက်ခလယ်ထောင်ပြပြီး အထဲပြန်ဝင်သွားတာကို တွေ့ကြရပါတယ်။
Michael က ကားပေါ်ကဆင်းပြီး အဖြစ်သနစ်ကို မေးမြန်းခဲ့ပါပြီး သူကြားသိခဲ့ရတာကို တင်ပြထားပါတယ်။
စားစရာပေးပို့သူကို အထဲအဝင်မခံတာက Covid-19 ကူးစက်မှု တားဆီးရေး စည်းကမ်းချက်ကြောင့် လုံခြုံရေးက တားမြစ်ထားတာ ဖြစ်ပါတယ်။
အမျိုးသမီးက တရုတ်ပြည် အပါဝင် တခြားနိုင်ငံတွေမှာ တိုက်ခန်းတံခါးပေါက်အထိ လာပို့ဖို့ ခွင့်ပြုထားကြတယ်။ ဘာလို့ မလေးရှားကျမှ ဆိုးဝါးနေရတာလဲလို့ လုံခြုံရေးကို ပြောဆိုခဲ့ပါတယ်။

Facebook ပေါ်မှာ တင်ထားတဲ့ Cheang ဗီဒီယိုကို ကြည့်ရှုကြိမ်ရေ ၁၆၃,၀၀၀ ရှိခဲ့ပြီး မန့်ကြတာ ၈၀၀ ကျော်တယ်လို့ straitstimes သတင်းဝဘ်ဆိုက်မှာ တင်ပြထားပါတယ်။
Michael က စားစရာပေးပို့သူနဲ့ လုံခြုံရေးဝန်ထမ်းတို့က တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြင့် ပရိုကျကျ ရင်ဆိုင်ကြတာကို ချီးကျူးထားပါတယ်။ "သူတို့အတွက် ကျနော် ဂုဏ်ယူပါတယ်" လို့ သူက ရေးသားထားပါတယ်။

 

Read times
Rate this item
(0 votes)