×

Warning

JUser: :_load: Unable to load user with ID: 540


အာသံမှ ကလေးမြို့သို့ ကီလိုမီတာ ၂၀၀၀ ကျော် ခရီးနှင်ရသည့် 'dark fantasy' ချောကလက်

အာသံမှ ကလေးမြို့သို့ ကီလိုမီတာ ၂၀၀၀ ကျော် ခရီးနှင်ရသည့် 'dark fantasy' ချောကလက်

'dark fantasy' လို့အမည်ပေးထားတဲ့ ချောကလက်ဟာ အာသံပြည်နယ် မန်ဂဒိုင်မြို့မှာ ထုတ်လုပ်တဲ့'dark fantasy' လို့အမည်ပေးထားတဲ့ ချောကလက်ဟာ ကိုလ်ကတ္တားမှတစ်ဆင့် စင်ကာပူ၊ စင်ကာပူမှ ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန်မှ ကလေးမြို့သို့ နောက်ဆုံးမှာ ရောက်ရှိခဲ့ပြီး ကီလိုမီတာ ၂၀၀၀ ကျော် ခရီးနှင်ခဲ့ရတယ်လို့ အာသံပြည်နယ် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ကော်မရှင်နာ K K Dwivedi က အရှေ့မြောက်ပွဲတော်မှာ ပြောကြားခဲ့ပါတယ်။

"အာသံပြည်နယ်က တာဝန်ရှိသူတွေနဲ့ MLA အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံက ကလေးမြို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီ့ဈေးငယ်လေးတစ်ခုမှာ သူတို့က မန်ဂဒိုင်မြို့ မှာ ထုတ်လုပ်တဲ့ dark fantasy လို့ ခေါ်တဲ့ ချောကလက်ကို တွေ့ခဲ့ပါတယ်။ အဲဒါကို စုံစမ်းကြည့်တော့ Guwahati, Siliguri, ကိုလ်ကတ္တားကတစ်ဆင့် စင်ကာပူကို တင်ပို့တယ်။ ချောကလက်ကို စင်ကာပူကနေ ရန်ကုန်ကို တင်ပို့တယ်။ ရန်ကုန်ကနေ
ကလေးမြို့ကို ချောကလက် ရောက်လာပါတယ်" ဟု Dwivedi က ရှင်းပြသည်။
ချောကလက်သည် ကီလိုမီတာ ၂၀၀၀ ကျော် ခရီးနှင်ခဲ့ပြီးမှ ကလေးမြီု့သို့ ဆိုက်ရောက်ခဲ့သည်။
မဏိပူရ နယ်စပ်မြို့ မိုရေးကို ဖြတ်၍ နှစ်ရက်ကြာ ခရီးဖြင့် ရောက်နိုင်သော်လည်း ကီလိုမီတာ ၂၀၀၀ ကျော် ခရီးကို နှစ်လနီးပါးကြာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

dark fantasy' ၏ခရီးတွင် ကုန်ကျစရိတ်ထိရောက်မှုနှင့် အချိန်ကုန်သက်သာစေရန်အတွက် သင့်လျော်သောချိတ်ဆက်မှုလိုအပ်‌ေနသည့်အကြောင်းကို ပြသသည့် စံနမူနာ ဥပမာတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လမ်းပန်း ဆက်သွယ်ရေးကွန်ရက် ရှိလာသည်နှင့်အမျှ ကုန်သွယ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာမည်ဟု သူက ပြောကြားခဲ့ပါသည်။

 

dark-fantasy-choco-fills-pack-sdl242589017-1-e6d95-500x500.jpg

Read times
Rate this item
(0 votes)