တောင်ကိုရီးယား ခေါက်ဆွဲခြောက်ထုပ် ပြည်ပရောင်းအား မြင့်တက်
တောင်ကိုရီးယား အသင့်စားခေါက်ဆွဲထုပ် တင်ပို့မှုသည် ၂၀၂၂ ပထမနှစ်ဝက်တွင်
စံချိန်သစ်တင်ခဲ့သည်။ ကိုရီးယားဘာသာဖြင့် ramyeon ဟု ခေါ်ဝေါ်သော အသင့်စားခေါက်ဆွဲများ တင်ပို့မှုသည် ၂၀၂၂ ဇန်နဝါရီမှ ဇွန်လအတွင်း ကန်ဒေါ်လာ ၃၈၃ ဒသမ ၄ သန်းရှိခဲ့ကြောင်း စားသောက်ကုန်လုပ်ငန်းနှင့် ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှုမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ယမန်နှစ် ပထမနှစ်ဝက်ထက် ၁၉.၉ ရာခိုင်နှုန်း ပိုများသည်။ ထိုစဉ်က ကန်ဒေါ်လာ ၃၁၉.၆၉ သန်း ရှိခဲ့ပြီး စံချိန်တင်ခဲ့သည်ကို ၂၀၂၂ တွင် ကန်ဒေါ်လာ ၃၈၃ ဒသမ ၄ သန်းဖြင့် စံချိန်ချိုးလိုက်ခြင်း ဖြစ်သည်။
Ramyeon ပြည်ပတင်ပို့မှု ၂၀၁၅ မှစ၍ မြင့်တက်လာခဲ့သည်။ ကိုဗစ်ကာလ အိမ်မှာ အလွယ်တကူ ပြုတ်စားနိုင်သဖြင့် ရောင်းအားမြင့်တက်သည်။ ၂၀၂၀ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြန်ဆန်များပြားနေခဲ့စဉ် ramyeon တင်ပို့မှုသည် ၂၀၁၉ ထက် ၃၇.၄% ပိုမိုများပြားခဲ့သည်။
ကိုရီးယား ဇာတ်လမ်းတွဲများ၊ ပေါ့ပ်ဂီတများဖြင့် ယဉ်ကျေးမှုဩဇာကြောင့်လည်း ကိုရီးယား အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ ရောင်းအား မြင့်တက်သည်။ ကိုရီးယား ယဉ်ကျေးမှုဩဇာကြောင့် ကိုရီးယား အစားအစာများ ရေပန်းစားနေသဖြင့်ပြည်ပမှ လက်လီအရောင်း လုပ်ငန်းအကြီးစားများသည် ကိုရီးယား ramyeon ကို မှာကြားကြသည်။
၂၀၂၂ ပထမနှစ်ဝက်တွင် တွင် ramyeon အရောင်းရဆုံး နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ ကန်ဒေါ်လာ ၉၁.၉၁ ဖိုး ရောင်းချခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ကန်ဒေါ်လာ ၄၇.၈၆ သန်း ရောင်းချခဲ့ပြီး ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကန်ဒေါ်လယ ၃၀.၃၂ သန်းဖိုး ရောင်းချရပြီး တတိယအများဆုံးနိုင်ငံ ဖြစ်သည်။
#MyanmarFoodGuide
Source: koreatimes