India
အာရှဆန်ကုန်သွယ်မှု တစ်ရက်တာ ရပ်ဆိုင်း
အာရှဆန်ကုန်သွယ်မှု တစ်ရက်တာ ရပ်ဆိုင်း
TO GET INSTANT UPDATE
ကမ္ဘာ့အများဆုံး ဆန်တင်ပို့သည့် အိန္ဒိယမှ ကြာသပတေးနေ့တွင် ဆန်တင်ပို့မှု ပိတ်ပင်ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့ပြီး သောကြာနေ့ (ဇူလိုင် ၂၁)တွင် အာရှဆန်ကုန်သွယ်မှု တစ်ရက်တာ ရပ်ဆိုင်းထားလိုက်ကြသည်။
မကြာမီ ရက်ပိုင်းအတွင်း ဈေးနှုန်းများ သိသိသာသာ တက်သွားဖွယ်ရှိသဖြင့် ခေါ်ဈေး မည်မျှသတ်မှတ်သင့်သည်ကို စောင့်ကြည့်ရန် အရောင်းရပ်ထားလိုက်ကြသည်။
အိန္ဒိယ ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှုများ အားလုံး ရုတ်တရက်ချက်ချင်း ပိတ်ပင်
https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/6542
ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကို တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်ဈေးနှုန်းများ လျှော့ချရန်အတွက် အများဆုံး တင်ပို့သည့် ဆန်အမျိုးအစားကို ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့သည်။
“ဆန်ဈေးက ပို့ကုန်ဈေးကွက်မှာ ပိုတက်လာနေတယ်။ တစ်မက်ထရစ်တန်လျှင် အနည်းဆုံး $ 50 ဝန်းကျင် တက်လိမ့်မယ်။ $100 အထိလည်း ဈေးတက်သွားနိုင်တယ်။ $100 ထက် ကျော်လွန်သည်အထိလည်း ဈေးတက်နိုင်တယ်" ဟု စင်ကာပူအခြေစိုက် နိုင်ငံတကာ ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုမှ ကုန်သည်တစ္ဦးက ပြောကြားသည်။
“အခုအချိန်မှာတော့ ရောင်းသူရော ဝယ်သူတွေရော အားလုံးက ဈေးဘယ်လောက် တက်မလဲဆိုတာ စောင့်ကြည့်နေကြပြီ။ ဒီတော့ အရောင်းအဝယ်တွေ ရပ်ထားကြတယ်" ဟု ၎င်းကုန်သည်က ပြောသည်။
“ဒီနေ့ အရောင်းအဝယ်လုပ်တာ မကြားရသေးဘူး။ အိန္ဒိယ ဆုံးဖြတ်ချက်က စျေးကွက်ထဲမှ ဆန်အမြောက်အမြားကို ထုတ်နှုတ်လိုက်တာကြောင့် ဆန်ရရှိဖို့ ၀ယ်သူများမှ စျေးပိုပေးကြရလိမ့်မယ်" ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ဒုတိယအများဆုံး တင်ပို့သည့် ထိုင်းနိုင်ငံတွင် ဆန်တင်ပို့သူများသည် ဈေးနှုန်းအခြေအနေကို စောင့်ကြည့်နေကြသည်။ အရောင်းရပ်ထားလိုက်ကြသည်။
"ပို့ကုန်သမားတွေက မရောင်းချင်ကြဘူး၊ ဘယ်ဈေး ခေါ်ရမှန်း မသိကြဘူး" ဟု ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားသည်။
"တချို့ကုန်သည်တွေက မက်ထရစ်တန် တစ်တန်လျှင် ကန်ဒေါ်လာ ၇၀၀ မှဒေါ်လာ ၈၀၀ အထိစျေးနှုန်းများ မြင့်တက်နိုင်တယ်လို့ မျှော်မှန်းထားကြတယ်" ဟု ၎င်းက ပြောကြားသည်။
အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်တော့မည်ဟု ကြိုသိနေကြသဖြင့် အစောကတည်းက ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
အိန္ဒိယဆန် တင်ပို့မှု တားမြစ်ရန် အိန္ဒိယအစိုးရ စဉ်းစားနေ
https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/6500
အိန္ဒိယမှာ ဆန်တင်ပို့မှု ပိတ်ပင်သည့် အမိန့် မထုတ်ခင်မှာ ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစားသည် တစ်မက်ထရစ်တန်လျှင် ခေါ်ဈေး $515-$525 အထိ မြင့်တက်နေခဲ့သည်ယ ၂၀၁၁ နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။
၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစားသည် တစ်မက်ထရစ်တန်လျှင် ခေါ်ဈေး $545 သို့ ခုန်တက်ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်သည်။
၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစားသည် တစ်မက်ထရစ်တန်လျှင် ခေါ်ဈေး at $421-$428 သို့ မြင့်တက်နေခဲ့သည်။ ၅ နှစ်တာအတွင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပါသည်။
Source Reuters
TO GET INSTANT UPDATE
https://t.me/Guid4U
Join Telegram Channel