Food & Livestock



ကြံတစ်တန် ကျပ် ၁ သိန်း ၂ သောင်းဖြင့် ကမ်းလှမ်းထား

ကြံတစ်တန် ကျပ် ၁ သိန်း ၂ သောင်းဖြင့် ကမ်းလှမ်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

မြန်မာနိုင်ငံတွင် လက်ရှိမှာ ကြံသကြားစက်ရုံ ၂၃ ရုံရှိပြီး နောက်နှစ်တွင် ကြံသကြားစက်ရုံ ၃ရုံ တိုးလာမည်ဖြစ်သည်။ ကသာတွင် ၂ ရုံ၊ ရှမ်းမြောက်တွင် ၁ ရုံတိုးမည် ဖြစ်သည်။ သို့ဖြစ်ရာ စက်ရုံ အသေးအကြီး စုစုပေါင်း ၂၆ ရုံ ရှိလာမည်။

တရက် ကြံကြိတ်ဝါးတန်ချိန် ၂၀,၀၀၀ ခန့်အထိ တိုးမည် ဖြစ်ပြီး ရက် ၁၀၀ ကြိတ်ဝါးပါက  တစ်နှစ်ကို ကြံကြိတ်ဝါးတန်ချိန် တန် သိန်း ၂၀ အထိ ထပ်တိုးလာမည် ဖြစ်သည်။ သကြားထုတ်လုပ်မှုမှာလည်း ယခင်ထက်၂၀% တိုးလာမည် ဖြစ်ပါသည်။

မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံသို့ အဓိကအားဖြင့် တင်ပို့ပြီး တရုတ်နိုင်ငံသို့ အနည်းအကျဉ်း တင်ပို့ပါသည်။ 

လောက်ကိုင်ကဲ့သို့ တရုတ်နယ်စပ်နှင့် နီးသောနေရာဒေသများမှ ကြံစိုက်ခင်းများမှ ကြံများကို တရုတ်နိုင်ငံသို့ နယ်ခြားကုန်သွယ်ရေးဖြင့် တင်ပို့ကြသည်။ လာမည့်ကြံရိတ်သိမ်းရာသီတွင် ကိုဗစ်စီမံချက် အတားအဆီးများ မရှိတော့သဖြင့် ပိုမိုတင်ပို့နိုင်ကြမည် ဖြစ်သည်။ 

 

၂၀၂၃ - ၂၀၂၄ ကြံရာသီတွင် ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး  ကျပ်၁၂၀,၀၀၀ ဖြင့် ဝယ်ယူမည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စက်ရုံများဖြစ်ကြသည့် ငွေပုလဲ ကြံသကြားစက် အုပ်စုနှင့် မိုင်းယယ် ကြံသကြားစက် အုပ်စုတို့က ကြံစိုက်တောင်သူများကို ကမ်းလှမ်းထားပါသည်။

 

ကျန်ကြံသကြားစက်ရုံများ ကြံဝယ်ယူမည့်ဈေးနှုန်းကို လာမည့် နိုဝင်ဘာလတွင် နေရာဒေသအလိုက် ညှိနှိုင်းသတ်မှတ်ပေးမည် ဖြစ်ပါသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 07 October 2023 22:09
Rate this item
(0 votes)